အိန္ဒိယရဲ့ပထမဆုံး နေရောင်ခြည်စူးစမ်းလေ့လာရေးအာကာသယာဉ် ရည်မှန်းထားတဲ့ဂြိုလ်ပတ်လမ်းကို အောင်မြင်စွာ ရောက်ရှိ
ရောင်နီ (NSS) - ဇန်နဝါရီ ၈
ထွန်းသစ်စ အာကာသ စူပါပါဝါကို ရှာဖွေနေတဲ့ အိန္ဒိယနိုင်ငံဟာ ၎င်းရဲ့ပထမဆုံး နေရောင်ခြည်စူးစမ်းလေ့လာရေး အာကာသယာဉ်ကို ၎င်းတို့ရည်ရွယ်ထားတဲ့ ကမ္ဘာပတ်လမ်းကြောင်းဆီ အောင်အောင်မြင်မြင်လွှတ်တင်နိုင်ခဲ့ပြီ ဖြစ်တယ်လို့ နိုင်ငံရဲ့အာကာသ သုတေသနအဖွဲ့က စနေနေ့(ဇန်နဝါရီ ၆ ရက်) မှာ ကြေညာခဲ့ပါတယ်။
Aditya-L1 အမည်ရှိ အိန္ဒိယ အာကာသယာဉ်ဟာ ကမ္ဘာမှ ကီလိုမီတာ ၁.၅ သန်းခန့် (မိုင်တစ်သန်းနီးပါး) အကွာမှာ ရှိတဲ့ နေရဲ့အတားအဆီးမဲ့မြင်ကွင်းတွေ ဖမ်းယူဖို့နဲ့ ကမ္ဘာ - နေ အကြောင်း ပိုမိုလေ့လာဖို့ အာကာသထဲ လုံခြုံစွာ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ က အဆိုပါအောင်မြင်မှုကို ထူးခြားတဲ့စွမ်းဆောင်ချက်အဖြစ် ချီးကျူးခဲ့ပြီး "အရှုပ်ထွေးဆုံး အာကာသမစ်ရှင်တွေကြား အကောင်အထည်ဖော်ဖို့ ကျွန်ုပ်တို့ သိပ္ပံပညာရှင်တွေရဲ့ မဆုတ်မနစ် ကြိုးစားခြင်းရဲ့သက်သေတစ်ခုဖြစ်တယ်" လို့ X အက်ပ်မှာ ရေးသားခဲ့ပါတယ်။
အာကာသယာဉ်မှာ သိပ္ပံနည်းကျ ကိရိယာခုနှစ်မျိုး တပ်ဆင်ထားပြီး လေးခုဟာ နေ ကို တိုက်ရိုက် လေ့လာမှာ ဖြစ်ကာ ကျန်ကိရိယာတွေကတော့ Lagrange Point L1 မှာ ဖြတ်သန်းသွားတဲ့ နေရောင်ခြည် လေအမှုန်တွေနဲ့ သံလိုက်စက်ကွင်းတွေကို လေ့လာမယ်လို့ သိရပါတယ်။
Aditya-L1 ရဲ့စမ်းသပ်မှုတွေမှ စုဆောင်းရရှိလာတဲ့အချက်အလက်တွေဟာ အာကာသရာသီဥတုရဲ့ကြည်လင် ပြတ်သားတဲ့ရုပ်ပုံလွှာတွေကို ပေးစွမ်းနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
အိန္ဒိယရဲ့ Aditya-L1 အာကာသယာဉ်ဟာ နေကိုလေ့လာဖို့ ဒီဇိုင်းထုတ်ထားတဲ့ အခြားမစ်ရှင်တွေမှ စုဆောင်းထားတဲ့အချက်အလက်တွေကို ပေါင်းထည့်သွားမယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယခုနှစ် မန်းရွှေစက်တော်ဘုရားပွဲတော်ကို (၆၄)ရက်သာ ကျင်းပသွားမည်
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ