လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
စော (NSS) - နိုဝင်ဘာ ၂၁
လူပေါင်း (၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် ပဥ္စမအကြိမ်မြောက် အမျိုး သားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစား သများများ မွေးထုတ်ရန်မျှော်မှန်းထားကြောင်း ကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းမြင့်ဦးက ယနေ့ (နိုဝင်ဘာ ၂၁ ရက်)ထုတ် နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ဖြေကြားထားခြင်းဖြစ်သည်။
၂၀၂၄ ခုနှစ်၊ ပဥ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် အားကစားသမား (၁၂၀၀၀)ခန့် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို လာမည့် (ဒီဇင်ဘာ ၉ ရက်) နှင့် ပိတ်ပွဲအခမ်းအနားကို (ဒီဇင်ဘာ ၂၀ ရက်)တွင် ကျင်းပသွားမည်ဖြစ်ကြောင်း နစက၏ထုတ်ပြန်ချက်အရ သိရသည်။
“ဒီအားကစားပွဲတော်ကြီးကနေ အနာဂတ်အားကစားလောကအတွက် အလားအလာရှိတဲ့ မျိုးဆက်သစ်အားကစားသမားတွေ မွေးထုတ်ပြီးတော့ လာမယ့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ အောင်မြင်မှုရအောင် စွမ်းဆောင်ပေးမယ်လို့ မျှော်လင့်ပါတယ်”ဟု ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက ဖြေကြားထားသည်။
အဆိုပါအမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနအဆင့် အားကစားသမား (၅၂၀၀) ကျော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် အားကစားသမား (၆၆၀၀) ကျော်နှင့် မသန်စွမ်းအားကစားသမား (၁၄၀) ကျော် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
အားကစားပြိုင်ပွဲများကို လာမည့် ဒီဇင်ဘာ ၂ရက်မှစတင်၍ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းအပြင် ရွှေကြာပင်၊ လယ်ဝေးနှင့် ပေါင်းလောင်းတို့ရှိ အားကစားကွင်းများတွင် ကျင်းပသွားမည်ဖြစ်ပြီး ဝန်ကြီးဌာနအဆင့် အားကစားနည်း (၆)နည်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် အားကစားနည်း (၂၃) နည်း၊ မသန်စွမ်းအားကစားသမားများအတွက် အားကစားနည်း (၄)နည်းပါဝင်မည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း