NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
ချယ်ရီ (NSS)- နိုဝင်ဘာ ၂၂
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္ကသိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်အစိုးရ ၏ ပညာရေးစနစ်ကို ပျက်ပြားစေသောရည်ရွယ်ချက်ဖြင့် တရားမဝင် NUG လက်အောက်ခံ ဆေးတက္ကသိုလ် (မန္တလေး)မှ ယာယီဆေးပညာဘွဲ့လက် မှတ်အတုများပြုလုပ်ပြီး ပြည်ပတက္ကသိုလ်များတွင် ပညာသင်ကြားနိုင်သည်ဟု မက်လုံးများပေးကာ လိမ်လည် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်တွင် ထိုင်းနိုင်ငံ၊ Chulalongkorn တက္ကသိုလ်တွင် မြန်မာနိုင်ငံမှ ကျောင်းသူ (၂) ဦး တက္ကသိုလ် တက်ရောက် ခွင့်လျှောက်ထားရာတွင် သံသယရှိ၍ ၎င်းတက္ကသိုလ်ဘက်က ယာယီလက်မှတ်များကို အတည်ပြုပေးနိုင်ရန် မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ် (မန္တလေး)သို့ အကြောင်းကြားလာခဲ့ကြောင်း နစကဘက်က ဆိုသည်။
ယင်းကဲ့သို့ အကြောင်းကြားမှုအပေါ် နိုဝင်ဘာလ ၂၀ ရက်တွင် လက်မှတ်အား စစ်ဆေးအတည်ပြုရာ၌ ၎င်းလက်မှတ်များသည် ဆေးတက္ကသိုလ် (မန္တလေး)မှ ထုတ်ပေးထားသည့် ဘွဲ့လက်မှတ်များမဟုတ်ဘဲ ဘွဲ့လက်မှတ် အတုများဖြစ်ကြောင်း သိရသည်။
ထို့နောက် ဆေးတက္ကသိုလ်(မန္တလေး)မှ အဆိုပါ ဘွဲ့လက်မှတ်မှာ တရားမဝင်ကြောင်း ပြန်လည်အကြောင်းကြားခဲ့သည့်အတွက် Chulalongkorn တက္ကသိုလ်မှ ၎င်းတို့ (၂)ဦးကို တက္ကသိုလ်တက်ရောက်ခွင့် ပယ်ချခဲ့ကြောင်းလည်း သိရသည်။ အထက်ပါ ကျောင်းသူ(၂)ဦးသည် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် နေထိုင်သည့် အသက်(၂၆)နှစ်အရွယ်ရှိ ဆုပြည့်မျိုးသွက်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် နေထိုင်သည့် အသက်(၂၃)နှစ်အရွယ်ရှိ သဉ္စာထက်တို့ဖြစ်ပြီး ဆေးတက္ကသိုလ် (မန္တလေး)မှ သင်တန်းဖွင့်လှစ်ချိန် တက်ရောက်ရန် (၃) ကြိမ် သတင်းပို့ရာ ပျက်ကွက်ခဲ့ပြီး စည်းကမ်းဖောက်ဖျက်ခဲ့သူများဖြစ်၍ ဆေးတက္ကသိုလ် (မန္တလေး)က ထုတ်ပယ်ထားသည်။
၎င်းတို့ (၂)ဦးသည် နိုင်ငံတော်မှ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော NUG အဖွဲ့လက်အောက်ခံ တရားမဝင်ဆေးတက္ကသိုလ် (မန္တလေး)မှ ယာယီတက္ကသိုလ်ကောင်စီနာယက သစ္စာမဲ့ဝန်ထမ်း (Disloyalty Civil Servant-DCS)ဖြစ်သူ ခင်မောင်လွင် (ဆေးတက္ကသိုလ်-မန္တလေး ပါမောက္ခ ချုပ်ဟောင်း)မှ တရားမဝင်ထုတ်ပေးခဲ့သော ယာယီဆေးပညာဘွဲ့လက်မှတ်အတုတို့ဖြင့် ထိုင်းနိုင်ငံ Chulalongkorn တက္ကသိုလ်သို့ တက်ရောက်ခွင့်ရရှိရေးအတွက် တရားမဝင်လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ယာယီဆေးပညာဘွဲ့လက်မှတ်အတုများ ပြုလုပ်ပေးသော ရန်ကုန် တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ (၃၅)လမ်း၊ တိုက်အမှတ် (၃၅)၊ တတိယထပ်၌ ရုံးခန်းဖွင့်လှစ်၍ ပန်းဘဲတန်းမြို့နယ်တွင် နေထိုင်သော သိဏ်းချမ်း(ခ)သိန်းဝင်း(B.A, H.G.P.R.L)နှင့် Notary Public မှ တရားမဝင် Notary (သက်သေခံချက်) ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည့် အတွက် ယမန်နေ့(နိုဝင်ဘာလ ၂၁ ရက်)တွင် တရားမဝင် Notary (သက် သေခံချက်) ပြုလုပ်ပေးခဲ့သော သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သည့် သက်ထက်ဦး(ခ)ဝင်းထက်မြတ်တို့(၂)ဦး ကို ၎င်းတို့ရုံးခန်းအတွင်းမှ အတု ပြုလုပ်ရာတွင် အသုံးပြုသည့် သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူ သိဏ်းချမ်း၏ ထွက်ဆိုချက်အရ NUG လက်အောက်ခံ တရားမဝင်ဆေးတက္ကသိုလ်(မန္တလေး)၊ ယာယီ ဆေးပညာဘွဲ့ လက်မှတ်အတုကို ဘာသာပြန်ပေးခဲ့သော ကျောက်တံတားမြို့နယ်ရှိ M2 နိုတြီ ဘာသာပြန်ဆိုင်မှ ဆိုင်ပိုင်ရှင်ဖြစ်သူ မြတ်မင်းသူကိုပါ သက်သေခံပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ပါမောက္ခချုပ်ဟောင်း ခင်မောင်လွင်၊ ဆုပြည့်မျိုးသွuf နှင့် သဉ္စာထက်တို့ကို Black List စာရင်း ကြေညာ၍ ဖော်ထုတ်ဖမ်းဆီးကာ အရေးယူသွားမည်ဟု နစကဘက်က အသိပေး ထုတ်ပြန်ထားသည်။
ထို့ပြင် ယာယီဆေးပညာ ဘွဲ့လက်မှတ်အတုပြုလုပ်ရာတွင် ပါဝင်ခဲ့သူများ ဖြစ်သော သိဏ်းချမ်း(ခ)သိန်းဝင်း၊ သက်ထက်ဦး(ခ)ဝင်းထက်မြတ် နှင့် မြတ်မင်းသူတို့နှင့်အတူ ပါဝင်ပတ်သက်သူများကို ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ကြောင်း နစကဘက်က ထုတ်ပြန်ထားသည်။ NUG အနေဖြင့် လက်ရှိတွင်လည်း မည်သည့်နိုင်ငံမှ အသိမှတ်မပြုသည့် ဆေးပညာသင်တန်းများဖွင့်လှစ်နေပြီး မသိနားမလည်သော ကျောင်းသားများကို သင်ကြားပေးနေကြောင်း သိရှိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မကွေးမြို့၌ ဒုတိုင်းကျန်းမာရေးဦးစီးမှူး သတ်ဖြတ်ခံရမှုဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း