Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)

တင်ဇာ (NSS) - နိုဝင်ဘာ ၂၂

နိုင်ငံတစ်နိုင်ငံအနေဖြင့် ၎င်း၏အရင်းအမြစ်များကို စီးပွားရေးနှင့် နိုင်ငံရေးအမြတ်အစွန်းများ ရရှိအောင်အသုံး ချနိုင်မှ စစ်မှန်သောအင်အားကြီးမှုကို ပြသနိုင်မည်ဖြစ်သည်။ ဥပမာဆိုရလျှင် လောင်စာစွမ်း အင်ကဲ့သို့သော ကဏ္ဍ အတွက် နိုင်ငံခြားရင်းမြစ်များအပေါ် မှီခိုအားထားနေရခြင်းကြောင့် နိုင်ငံတစ်နိုင်ငံ အနေဖြင့် မူဝါဒရွေး ချယ်ခွင့်တွင် အကန့်အသတ်များ ရှိလာနိုင်ပြီး နိုင်ငံတော်အာဏာကိုပျိုးထောင်ရာတွင် အဟန့်အတားများဖြစ်လာနိုင်သည်။ စွမ်းအင် ဈေးကွက်များတွင် ရုတ်တရက်ဖြစ်ပေါ်တတ်သောအပြောင်းအလဲများနှင့် ပြည်ပနိုင်ငံရေးမတည်ငြိမ်မှုများ ကြောင့် နိုင်ငံခြားစွမ်းအင်ရင်းမြစ်များရရှိနိုင်ရန် ခက်ခဲသွားတတ်ခြင်း သို့မဟုတ် စွမ်းအင်တင်သွင်းမှုကုန်ကျ စရိတ်များ သိသိ သာသာတိုးမြင့်လာခြင်းတို့နှင့် ကြုံရတတ်သည်။ ထို့ပြင် အမျိုးသားရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် သွင်း ကုန်ကိုအမှီပြုနေရ သောနိုင်ငံများအနေဖြင့် ထိခိုက်မှု ပိုမိုမြင့်မားနိုင်သည်။

စွမ်းအင်လိုအပ်ချက်မြင့်မားသော တရုတ်

ဆယ်စုနှစ်များစွာ လျင်မြန်သော စီးပွားရေးတိုး တက်မှုသည် တရုတ်နိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို သိသိ သာသာတိုးပွားလာစေသည်။ တရုတ်နိုင်ငံ၏ စက်မှုကဏ္ဍသည် နိုင်ငံ၏ စုစုပေါင်းစွမ်းအင်သုံးစွဲမှု၏ သုံးပုံနှစ်ပုံဖြစ် နေသည်။ အထူးသဖြင့် ကုန်ထုတ်လုပ်မှုသည် တရုတ်နိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ပိုမိုကြီးမားအောင် တွန်းအားပေး နေသည်။

တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး စွမ်းအင်သုံး စွဲသူဖြစ်သလို တင်သွင်းသူလည်းဖြစ်ပြီး စွမ်းအင်နှင့် အခြား ဆက်စပ်ကုန်ပစ္စည်းများကို အဓိကထုတ်လုပ် သူလည်းဖြစ်သည်။ ထို့ကြောင့် ကမ္ဘာလုံးဆိုင်ရာ စွမ်း အင်ဈေးကွက်နှင့် ကုန်သွယ်မှုအပေါ် ၎င်း၏ ဩဇာလွှမ်းမိုးမှုမှာ ကြီးမားလှသည်။ (၂၀၂၂) ခုနှစ် အချက်အလက်များအရ ကမ္ဘာလုံး ဆိုင်ရာသုံးစွဲမှု၏ လေးပုံတစ်ပုံကျော်ကို တရုတ်တစ်နိုင်ငံတည်းကပင် သုံးစွဲနေကြောင်းသိရသည်။ ၎င်းသည် လောင်စာဆီ၊ သဘာဝ ဓာတ်ငွေ့၊ ကျောက်မီးသွေး၊ နျူကလီးယားဓာတ်အား၊ ရေအားလျှပ်စစ်၊ လေနှင့် နေရောင်ခြည် စွမ်းအင်ကို အများဆုံးအသုံးပြုသည့် ထိပ်တန်းစာရင်းတွင် အစဉ် အမြဲရပ်တည်နေသည်။ 

လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း တရုတ်နိုင်ငံ၌ စွမ်းအင်သုံးစွဲမှုအရှိန်အဟုန်သည် ကမ္ဘာ့သတ်မှတ် စံနှုန်းထက် သိသိသာသာကျော်လွန်သွားခဲ့သည်။ တရုတ်သည် စွမ်းအင်အဓိက ထုတ်လုပ်သူ(ကမ္ဘာ့အကြီးဆုံး ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့တွင် စတုတ္ထမြောက် အကြီးဆုံးနှင့် ဆဋ္ဌမမြောက် လောင်စာဆီ ထုတ်လုပ်သူ) ဖြစ်သော်လည်း တရုတ်၏ ပြည်တွင်းသုံးစွဲမှုနှုန်းသည် ပြည်တွင်းထုတ်လုပ်နိုင်မှုနှုန်းထက် ကျော်လွန်နေခြင်းကြောင့် ပြည်ပသွင်းကုန်များ အပေါ် များစွာမှီခိုနေရသည်။ 

တရုတ်နိုင်ငံ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုနှင့်    စွမ်းအင်သုံးစွဲမှုနှစ်ခုစလုံးအတွက် ကျောက်မီးသွေးကို အဓိကမှီခို အားထားနေရသောကြောင့် ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှု အမြင့်မားဆုံးလည်းဖြစ်နေ သည်။ ထို့ကြောင့် တရုတ်နိုင်ငံ သည် ကမ္ဘာ့ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှုစုစုပေါင်း၏ (၃၇)ရာခိုင်နှုန်းကျော်ဖြင့် အမြင့်မားဆုံးနိုင်ငံ ဖြစ်လာပြီး နောက်ထပ် အဆိုးဆုံးထုတ်လွှတ်သည့်နိုင်ငံဖြစ်သော အမေရိကန်၏(၁၄)ရာခိုင်နှုန်းထက် နှစ်ဆ ကျော်ဖြစ် နေသည်။ 

ပြည်ပစွမ်းအင်များအပေါ် မှီခိုနေရ

တရုတ်နိုင်ငံသည် ကိုဗစ်-(၁၉) ကပ်ရောဂါ ဖြစ်ပွားချိန်တွင် ၎င်း၏နယ်စပ်ကို ပထမဆုံး ပိတ်ခဲ့ သည့်နိုင်ငံ ဖြစ်သည်။ နှစ်အတော်ကြာအောင် Zero-Covid မူဝါဒကိုလိုက်နာပြီး အချိန်အတော်ကြာမှသာ နယ်စပ်ဂိတ်ကို ပြန်ဖွင့်ခဲ့ သည်။ စီးပွားရေးနှင့်လူမှုရေးရာ အကြီးအကျယ် ဆုံးရှုံးနစ်နာမှုများကြောင့် ၎င်း၏ ရည်မှန်းချက်များ အောင်မြင်ရန် ခက်ခဲလာသည့်အတွက် (၂၀၂၂)ခုနှစ် ဒီဇင်ဘာလရောက်မှသာ တရုတ်သည် Zero-Covid မူဝါဒကို စွန့်လွှတ်ခဲ့သည်။ ယင်း မူဝါဒသည်နိုင်ငံ၏ စွမ်းအင်သုံးကုန်ပစ္စည်းများ၏ ဝယ်လိုအားအပေါ်ထိခိုက်စေပြီး ကမ္ဘာ့ကုန်သွယ်မှုနှင့် ဈေးနှုန်း များအပေါ်လည်း သွယ်ဝိုက်ရိုက်ခတ်မှုများရှိ နေသည်။

ရုရှား-ယူကရိန်းပဋိပက္ခသည် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ကုန်သွယ်မှုစီးဆင်းမှု အထူးသဖြင့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့တို့အပေါ် များစွာရိုက်ခတ်ခဲ့ခြင်းကြောင့် တရုတ်အနေဖြင့် ၎င်း၏ စွမ်းအင်တင်သွင်း ခြင်းဈေးကွက်ကို ဖြန့်ကြက်ဖို့စဉ်းစားစရာဖြစ်လာသည်။ 

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကို ပိုမိုအားကိုးရန်  ကြိုးပမ်းမှုရှိသော်လည်း တရုတ်နိုင်ငံ၏ စွမ်းအင် တင်ပို့မှု အများစုကို ပဋိပက္ခဖြစ်ပွားနေသောနိုင်ငံများထံမှ မှီခိုနေရသည်။ တရုတ်နိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုး တက်ရေးအတွက် နိုင်ငံခြား စွမ်းအင်အရင်း အမြစ်များကို အာမခံချက်ရှိရှိ သုံးစွဲခွင့်ရရှိရေးသည် အရေးကြီးနေသည်။

(၂၀၂၂) ခုနှစ်တွင် တရုတ်သည် ရုရှား၊ ဘရာဇီးနှင့် အမေရိကန်တို့ထံမှ လောင်စာဝယ်ယူမှု လျှော့ချ လိုက်ခြင်းကြောင့် အရှေ့အလယ်ပိုင်းမှ ရေနံစိမ်းများ အပေါ် တရုတ်နိုင်ငံ၏ မှီခိုအားထားမှုသည် (၂၀၂၂) ခုနှစ် ပထမလေးလပတ်တွင် သိသိသာသာတိုးလာကြောင်း တွေ့ရသည်။ ရုရှားထံမှ ရေနံစိမ်းဈေးနှုန်းများ သက်သာ သော်လည်း တရုတ်နိုင်ငံသည် ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် သင်္ဘောတင်ပို့မှုနှောင့်နှေး မှုအန္တရာယ်ကိုစိုးရိမ် သည့်အတွက် ရုရှားထံမှ တင်သွင်းမှုကိုလျှော့ချခဲ့ခြင်းဖြစ်သည်။ 

ထို့ပြင် (၂၀၂၂) ခုနှစ်တွင် တရုတ်သမ္မတ ရှီ ကျင့်ဖျင်သည် ဆော်ဒီအာရေဗျသို့ ပထမဆုံးအကြိမ် အဖြစ် နှစ်နိုင်ငံ စွမ်းအင်ဆက်ဆံရေးကို ခိုင်မာစေရန် အတွက် သွားရောက်ခဲ့သည်။ ရှီသည် ခရီးစဉ်အတွင်း ကျယ်ကျယ်ပြန့်ပြန့် မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးတစ်ရပ်ကိုထူထောင်ခဲ့ပြီး ၎င်း၏ ရေနံ တင်သွင်းမှုအနာဂတ်ကို ဆွေးနွေးရန် အတွက် အခြားသော အရှေ့အလယ်ပိုင်းခေါင်းဆောင်များနှင့်လည်း တွေ့ဆုံခဲ့သည်။ ဤခရီးစဉ်တွင် တရုတ်နိုင်ငံသည် ၎င်း၏ စွမ်းအင်လုံခြုံရေးကိုသေချာစေရန် ဆော်ဒီ အာရေဗျနှင့် နီးကပ်သောဆက်ဆံရေးကိုထူထောင် ကြောင်း ဖော်ပြနေသည်။

သို့သော် (၂၀၂၃) ခုနှစ်တွင် ရုရှားသည် ဆော်ဒီ အာရေဗျကိုကျော်လွန်ကာ တရုတ်နိုင်ငံ၏ အကြီးဆုံး ရေနံရောင်းချသူဖြစ်လာခဲ့သည်။ (၂၀၂၂)ခုနှစ်နှင့် နှိုင်းစာလျှင် (၂၀၂၃)ခုနှစ်တွင် တရုတ်နိုင်ငံသို့တင်ပို့ သည့် ရုရှား ရေနံစိမ်းပမာဏသည် မက်ထရစ်တန် ချိန် (၁၀၇ ဒသမ ဝ၂) သန်းရှိခဲ့ပြီး (၂၄) ရာခိုင်နှုန်း ခုန်တက်ခဲ့ကြောင်း အချက် အလက်များအရသိရ သည်။

ယခုအခါ တရုတ်နိုင်ငံသို့ ရေနံတင်သွင်းမှု၏ (၁၉)ရာခိုင်နှုန်းကို ရုရှားကတာဝန်ယူထားပြီး ဆော်ဒီ အာရေဗျနိုင်ငံမှ (၁၅) ရာခိုင်နှုန်းခန့် တင်သွင်းလျက်ရှိ သည်။ ယမန်နှစ်က ရုရှားရေနံစိမ်းအတွက် တရုတ်၏ စုစုပေါင်းအသုံးစရိတ်သည် ဒေါ်လာ (၆၀ ဒသမ ၆၄) ဘီလျံအထိရောက်ရှိခဲ့သည်။ CNN ၏ တွက်ချက်မှု အရ ၎င်းသည် မက်ထရစ်တန် တစ်တန်လျှင် ပျမ်းမျှ သွင်းကုန်ဈေးနှုန်း (၅၆၆ ဒသမ ၆၄) ဒေါ်လာဖြစ်သည်။ ထို့ကြောင့် မက်ထရစ် တစ်တန်လျှင် ကန်ဒေါ်လာ (၆၂၆ ဒသမ ၈၆) ရှိသော ဆော်ဒီရေနံစိမ်းထက် (၁၀)ရာခိုင်နှုန်းခန့်သက်သာခဲ့သည်။ ထို့ပြင် တရုတ် နိုင်ငံ၏ နောက်ထပ်အကြီးဆုံးရေနံ ထောက်ပံ့ရေးဒေသမှာ ဥရောပဖြစ်ပြီး ၎င်း၏ နောက်တွင် အာဖရိက၊ တောင်အမေရိက၊ အာရှပစိဖိတ်နှင့် မြောက်အမေရိက တို့ဖြစ်သည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် တရုတ် သည် စွမ်းအင်အတွက် တစ်နိုင်ငံတည်း၊ ဒေသတစ်ခု တည်းကိုမှီခိုခြင်းမဟုတ်ဘဲ ဖြန့်ကြက်ကုန်သွယ်ရေး မူဝါဒကိုကျင့်သုံး နေကြောင်းတွေ့နိုင်သည်။

ယခင်က တရုတ်သည် လောင်စာသွင်းကုန်အတွက် ဒေသတစ်ခု၊ နိုင်ငံတစ်ခုအပေါ် ကြီးမားစွာ မှီခိုနေရခြင်း ကြောင့် တရုတ်နိုင်ငံ၏ ကုန်ထုတ်လုပ်မှု အပေါ် များစွာထိခိုက်နိုင်သကဲ့သို့ တရုတ်၏ ဩဇာဖြန့် ကြက်နိုင်မှုအပေါ်လည်း သက်ရောက်မှုရှိနိုင်သည့် အတွက် စိုးရိမ်မှုများမြင့်တက်ခဲ့သည်။ ရေနံတင်ပို့ သည့်နိုင်ငံများက ကန့်သတ်ချက်များ၊ ပို့ကုန်လျှော့ ချခြင်းများပြုလုပ်တိုင်း တရုတ်၏ ရေနံတင်သွင်းကုန် များအပေါ် မှီခိုအားထားခြင်းကို ထိခိုက်လာနိုင်သည်။

တရုတ်နိုင်ငံအတွက် နောက်ထပ်အားနည်းချက် တစ်ခုမှာ ပိုက်လိုင်းအခြေခံအဆောက်အအုံများ ချို့တဲ့ခြင်း ကြောင့် ရေနံတင်သင်္ဘောများကို အဓိက အားကိုးကာ အရှေ့အလယ်ပိုင်းမှရေနံများကို သယ် ယူသည့်နည်းလမ်းဖြစ် သည်။ ထိုင်ဝမ်တွင် တရုတ်၏ လုပ်ရပ်များသည် ကမ္ဘာ့အင်အားကြီး နိုင်ငံအများ အပြားမှဆန့်ကျင်မှုကို ဖြစ်ပေါ်စေခဲ့ သည်။ ထိုအတောအတွင်း ၎င်း၏ ရေနံတင်သင်္ဘောများသည် မလက္ကာ ရေလက်ကြားကိုဖြတ်၍ အိန္ဒိယသမုဒ္ဒရာမှ တစ်ဆင့် တောင်တရုတ်ပင်လယ်အထိ ဖြတ်သန်းသယ်ဆောင် ခဲ့ရသည်။ တရုတ်ကုန်တင်သင်္ဘောများကို ပိတ်ဆို့ အရေးယူခြင်းများ သို့မဟုတ် တားဆီးခြင်းများသည် တရုတ်နိုင်ငံအတွက် စွမ်းအင်ထောက်ပံ့မှုကို ခြိမ်း ခြောက်လာနိုင် သည်။

ထို့ကြောင့် တရုတ်၏ စွမ်းအင်မူဝါဒသည် တစ်နိုင်ငံတည်း၊ ဒေသတစ်ခုတည်းကို မှီခိုအားထားခြင်း ထက် လိုအပ်သောလောင်စာများကို ဖြန့်ကြက်၍ တင်သွင်းခြင်းသို့ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ ကမ္ဘာလုံးဆိုင် ရာစွမ်းအင် ဈေးကွက်နှင့် ကုန်သွယ်မှုတွင် တရုတ်နိုင်ငံ၏ ခြေကုပ်ရယူနိုင်မှုသည် သိသာထင်ရှားလှသည်။ တရုတ်နိုင်ငံသည် လာမည့်နှစ်များအတွင်း စွမ်းအင်လိုအပ်ချက်များဖြစ်လာနိုင်မည်ဟု မျှော်လင့်ထား သောကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ တင်ပို့သူ အကြီးစားများနှင့် မဟာဗျူဟာမြောက်ဆက် ဆံရေးကို ဆက်လက်ထိန်း သိမ်းထားသည်။ တရုတ်အနေဖြင့် မတူကွဲပြားသော ရေနံတင်သွင်းသူများနှင့် မိတ်ဖက်ဆက်ဆံရေးကို ထိန်းသိမ်း ထားခြင်းဖြင့် ၎င်း ၏ နိုင်ငံရေးအရ ဩဇာလွှမ်းမိုးမှုကိုထိန်းထားနိုင် သကဲ့သို့ ရေနံဈေးနှုန်းများကိုလည်း ချိန်ညှိ၍ အကျိုးအမြတ်ဖြစ်ထွန်းမည့် အရောင်းအဝယ်ကို ပြုလုပ်လျက် ရှိနေသည်။ ထို့ကြောင့် တရုတ်အနေဖြင့် စွမ်းအင်လို အပ်ချက်များရှိနေသော်လည်း ပြည်ပ ဖောက်သည်များကို အများအပြား ဖြန့်ကြက် ထားခြင်းကြောင့် ၎င်း၏ စွမ်းအင် လုံခြုံရေးအတွက် အာမခံချက်က ရှိနေဦးမည်ဖြစ်ပါကြောင်း။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved