မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
Pika (NSS) - နိုဝင်ဘာ ၂၂
မက္ကဆီကိုနိုင်ငံတွင်ကျင်းပသော (၂၀၂၄) Egg Fair ပွဲတွင် လူငယ်ပေါင်း(၂၀ဝဝ)ကျော် သည် ဇွန်းများပေါ်တွင် ကြက်ဥများကို ဟန်ချက်ညီညီထိန်း ညှိကာ မီတာ(၁၀ဝ)အကွာအဝေးကို အပြေးပြိုင်ခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်းသိ ရသည်။
ဂျာလီစကိုပြည်နယ်ရှိ Tepatitlán ကြက် မွေးမြူရေးလုပ်ငန်းရှင်များအသင်းမှ ကြီးမှူးကျင်းပ သည့် အဆိုပါပွဲတော်အတွင်း ဇွန်းများပေါ်တွင် ကြက် ဥများကို ဟန်ချက်ညီညီထိန်းညှိကာ မီတာ (၁၀ဝ)အကွာအဝေးကို အပြေးပြိုင်သည့်ပွဲ ကျင်းပခဲ့ကြောင်း လည်းသိရသည်။ အဆိုပါ မီတာ(၁၀ဝ)အပြေးပြိုင်ပွဲ တွင် ဒေသခံအထက်တန်းကျောင်းတစ်ခုမှ ကျောင်း သားပေါင်း(၂၇၀ဝ)နီးပါး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း လည်းသိရသည်။
ထို့ပြင် ပါဝင်ယှဉ်ပြိုင်သူ (၂၇၀ဝ)နီးပါးအနက် (၂၀၃၉)ဦးသည် မည်သည့်စည်းမျဉ်းကို မှချိုးဖောက်ဖောက်ခြင်းမျိုးမရှိဘဲ အောင်မြင်စွာပန်း ဝင်နိုင်ခဲ့ကြောင်း ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့က အသိအမှတ်ပြုခဲ့သည်။ ထို့နောက် ဇွန်းများပေါ်တွင် ကြက်ဥများကို ဟန်ချက်ညီညီထိန်းညှိကာ ကမ္ဘာ့အကြီးဆုံးအပြေးပြိုင်ပွဲအတွက် ဂင်းနစ်စံချိန်ချိုးဖျက် နိုင်ခဲ့ကြောင်း ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့ကပြောကြားခဲ့သည်။
အဆိုပါဂင်းနစ်စံချိန်ကို ယခင်ကိုင်ဆောင် ထားသည်မှာ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင်ကျင်းပခဲ့ သည့်အပြေးပြိုင်ပွဲတစ်ခုဖြစ်ပြီး လူပေါင်း(၁၄၀ဝ)က ဇွန်းများပေါ်တွင် ကြက်ဥများကို ဟန်ချက်ညီညီထိန်း ညှိကာ အပြေးပြိုင်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။ မက္ကဆီကိုနိုင်ငံ၏ ကြက်ဥထွက်ရှိမှုစုစုပေါင်း၏(၅၀ ဒသမ ၄)ရာခိုင်နှုန်းကိုထုတ်လုပ်သော ဂျာလီစကိုပြည် နယ်တွင်ကျင်းပသည့်ပွဲတော်တွင် ကြက်ဥ အမဲလိုက် ခြင်း၊ အလှဆင်ထားသောလှည်းပြိုင်ပွဲ၊ စက်ဘီးပြိုင်ပွဲ နှင့် ဒေသထွက်ကြက်ဥများကို အသုံးပြုပြင်ဆင်ထား သော ဟင်းပွဲပေါင်း(၁၀ဝ)ပါဝင်သည့် ပြပွဲအပါအဝင် အခြားပွဲပေါင်းများစွာပါဝင်ခဲ့ကြောင်းလည်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
RELATED POSTS
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
21 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
15 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ