"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
ရောင်နီ (NSS) - နိုဝင်ဘာ ၂၂
မောင်ရီဇီယို ကတ်တလန်ဆိုတဲ့ အီတလီ အနုပညာရှင်ရဲ့ ငှက်ပျော သီးကို တိတ်ကပ်ထားတဲ့ အနုပညာဟာ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့က နာမည်ကြီး ဆပ်သဘီ လေလံရုံမှာ မူလခန့်မှန်းထားတာထက် လေးဆ မက ကျော်လွန်တဲ့ဈေးနဲ့ လေလံတင် ရောင်းထွက်သွားခဲ့ပါတယ်။
အနုပညာ လက်ရာအတွက် လေလံတင်ငွေကို အမေရိကန်ဒေါ်လာ (၁)သန်းမှ အမေရိကန်ဒေါ်လာ (၁.၅)သန်းအထိသာ ရရှိနိုင်လိမ့်မယ်လို့ ခန့်မှန်းထားတာပါ။ ဝယ်ယူသူဟာ တရုတ်နိုင်ငံဖွား ဒစ်ဂျစ်တယ် ခရစ်ပ်တို ငွေကြေး နဲ့ ချမ်းသာလာသူ စွန့်ဦးတီထွင်သူဌေး ဂျပ်စတင်ဆွန်း ဖြစ်တယ်လို့ သိရပါတယ်။ ဒီ ငှက်ပျောသီးကို တိတ်ကပ်တဲ့အနုပညာဟာ အင်တာနက်မှာ လှောင်ရယ်သံတွေနဲ့ ဝေဖန်ခံရတဲ့ အနုပညာ လက်ရာတစ်ခု ဖြစ်ပါတယ်။ အနုပညာ လက်ရာကို Art Basel Miami ကမ်းခြေမှာ ၂၀၁၉ ခုနှစ်က စတင်ပြသခဲ့တာ ဖြစ်ပါတယ်။
အခုလေလံတင်ရောင်းချဖြစ်တဲ့ အနုပညာ လက်ရာကတော့ ကတ်တလန်ရဲ့ (၄)ခုမြောက် ငှက်ပျောသီး အနုပညာဖြစ်ပြီး ကျန်လက်ရာ (၃)ခု လုံးကို အမေရိကန်ဒေါ်လာ (၁၂၀,၀၀၀) မှ အမေရိကန်ဒေါ်လာ (၁၅၀,၀၀၀) အတွင်း ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
RELATED POSTS
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
21 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
15 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ