Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ

ရဲထက် (NSS) - နိုဝင်ဘာ ၂၂

ပရီးမီးယားလိဂ်ပွဲစဉ်(၁၂)ကို ရောက်ရှိလာချိန်မှာတော့ လီဗာပူးလ်အသင်းက အမှတ်ပေးဇယားမှာ မန်စီးတီးအသင်းကို(၅)မှတ်ဖြတ်ပြီး ဦးဆောင်ထား တာကိုတွေ့ရပါတယ်။ မန်စီးတီး အသင်း ကတော့ ပြိုင်ပွဲစုံ (၄)ပွဲဆက် ရှုံးနိမ့်ခဲ့ပြီး ရလဒ်ပိုင်းဆိုးရွားနေတာကိုတွေရပါတယ်။ အာဆင်နယ် အသင်း ကလည်း မန်စီးတီး အသင်းလိုပဲ (၄)ပွဲဆက်ရှုံးနိမ့်ထားခဲ့တာကိုတွေ့ရပြီး ပရီးမီယားလိဂ် ချန်ပီယံဆု အတွက်လည်း တဖြည်းဖြည်းနဲ့ အလှမ်းဝေးနေခဲ့ပြီလည်းဖြစ်ပါတယ်။ လက်ရှိခြေစွမ်းအရ လီဗာပူးလ် အသင်းကသာ ခြေစွမ်းပိုင်းအရရော ကစားပုံအရပါ တည်ငြိမ်နေတာကို တွေ့ရပြီး ပရီးမီယားလိဂ် ချန်ပီယံဆုရရှိဖို့အတွက် လမ်းစတစ်ခုကို မြင်လာရပြီလို ပြောလို့ရပါတယ်။ ချဲလ်ဆီးအသင်းကလည်း ကစားပုံအရ စောင့်ကြည့် သင့်တဲ့အသင်းထဲမှာ ပါဝင်နေတာကိုတွေ့ရပါတယ်။ လီဗာပူးလ်အသင်းနဲ့သာ ရမှတ်(၉)အထိပြတ်နေ ပေမယ့် မန်စီးတီးအသင်းနဲ့ (၄)မှတ်၊ အာဆင်နယ် အသင်းနဲ့ ရမှတ်တူတူဖြစ်နေ ကိုတွေ့ရပါတယ်။ နော်တင်ဖောရက်စ်အသင်းရဲ့ ခြေစွမ်းကလည်း ဒီနှစ်မှာ မထင်မှတ်ထားဘဲ အက်စ တွန်ဗီလာ၊ စပါး၊ ဘရိုက်တန်တို့ထက် ရလဒ်ကောင်းနေတာကြောင့်  စောင့်ကြည့်ချင်စရာကောင်းတဲ့ အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာလည်း NP News က ပရီးမီးယားလိဂ်ပွဲစဉ် (၁၂)ရဲ့ အကောင်းဆုံးပွဲစဉ်(၅)ပွဲကို သုံးသပ်တင်ဆက်ပေးသွားချင်ပါတယ်။

လက်စတာစီးတီး vs ချဲလ်ဆီး

ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု

လက်စတာစီးတီး (၁-၃)  ချဲလ်ဆီး (၁၁-၃-၂၀၂၄)

 ချဲလ်ဆီး (၁-၁) လက်စတာစီးတီး  (၂၇-၈-၂၀၂၂)


NP  News အကြိုက် ပွဲကြိုသုံးသပ်ချက်

လက်စတာစီးတီး (၄-၁) ချဲလ်ဆီး (၂၀-၁၁-၂၀၂၂)

လက်စတာစီးတီး (ဝ-၂)  ချဲလ်ဆီး

လက်စတာစီးတီး (၂-၄)  ချဲလ်ဆီး

ချဲလ်ဆီးအသင်းက ဒီပွဲစဉ်ကို နိုင်လိုက်တာနဲ့ အမှတ်ပေးဇယားမှာ မန်စီးတီးအသင်းကို အနီးကပ် ဖိအား ပေးလာနိုင်မှာဖြစ်သလို မန်စီးတီးအသင်းက စပါးစ်အသင်းကိုသာရှုံးခဲ့ရင် ချဲလ်ဆီးအသင်းအတွက် အခွင့် အရေး တစ်ခုရှိလာနိုင်တာကြောင့် ဒီပွဲစဉ်က ချဲလ်ဆီးအသင်းအတွက် နိုင်ပွဲရဖို့ မဖြစ်မနေလိုအပ်တဲ့ ပွဲစဉ် တစ်ပွဲဖြစ်ပါတယ်။ လက်စတာစီးတီးအသင်းက ပြီးခဲ့တဲ့ပွဲစဉ်မှာ မန်ယူအသင်းကို (၃)ဂိုးပြတ်နဲ့ ရှုံးနိမ့် ထားပြီး ချဲလ်ဆီးအသင်းကတော့ အာဆင်နယ် အသင်းကို သရေကျထားတာကြောင့် ဒီပွဲစဉ်မှာ နိုင်ပွဲ ရရှိ ဖို့ အားထုတ်ကစားလာနိုင်ပါတယ်။ ဒါ့ပြင် ချဲလ် ဆီးအသင်းက ပရီးမီးယားလိဂ်ပွဲစဉ်(၃)ပွဲဆက် နိုင်ပွဲ ပျောက်ထားပေမယ့် မန်ယူအသင်းနဲ့ အာဆင် နယ်အသင်းတိုကို မရှုံးအောင်ကန်ထားနိုင်တဲ့ ခြေစွမ်းက အရမ်းကြီးမကောင်းပေမယ့် အနေအထား တစ်ခုအထိ အလုပ်ဖြစ်နေသေးတာကိုတွေ့ရပါတယ်။ ထိပ် တိုက်တွေ့ဆုံမှုတွေအရလည်း လက်စတာ စီးတီးအသင်းက ချဲလ်ဆီးအသင်းကို (၂၀၂၁) ခုနှစ် နောက် ပိုင်းတွေ့ခဲ့တဲ့ ပွဲစဉ်(၆)ပွဲလုံးရှုံးနိမ့်ထား တာကိုတွေ့ရပြီး ဒီတစ်ခေါက် တန်းတက်လာတဲ့ လက်စတာ စီးတီးအသင်းလူစာရင်းအရကြည့်ရင် ချဲလ်ဆီးအသင်းနဲ့ ကွာဟချက်တွေများစွာရှိနေပါတယ်။ ဒါကြောင့် ဒီပွဲစဉ်မှာ ချဲလ်ဆီးအသင်းကပဲ အဝေးကွင်းမှာ အနိုင်(၃)မှတ် ရယူသွားနိုင်ပါတယ်။ ဂိုးတော့မပြတ်ပါဘူး။

အာဆင်နယ် Vs နော်တင်ဖောရက်စ်

ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု

ဖောရက်စ် (၁-၂)  အာဆင်နယ်  (၃၁-၁-၂၀၂၄)

အာဆင်နယ် (၂-၁) ဖောရက်စ် (၁၂-၈-၂၀၂၃)

ဖောရက်စ် (၂-၂)  အာဆင်နယ်  (၂၀-၅-၂၀၂၃)


NP News အကြိုက် ပွဲကြိုသုံးသပ်ချက်

အာဆင်နယ် (၁-၁) နော်တင်ဖောရက်စ်

အာဆင်နယ် (၂-၁) နော်တင်ဖောရက်စ်

အာဆင်နယ်အသင်းကတော့ ပရီးမီးယား လိဂ်ဆုကို စိန်ခေါ်နိုင်ဖို့ကြိုးစားမှုတွေမှာ မှေးမိန်စ ပြုလာပြီလို့ ပြောလို့ရပါတယ်။ ဘာဖြစ်လိုလဲဆိုတော့ အမှတ်ပေးဇယားရဲ့ထိပ်ဆုံးက လီဗာပူးလ်အသင်းနဲ့ ရမှတ်(၉) မှတ်အထိကွာဟနေပြီး ဒုတိယနေရာက မန်စီးတီးနဲ့ (၄)မှတ်ကွာဟနေတာကြောင့်ဖြစ်ပါတယ်။ ခြေစွမ်းပိုင်းမှာလည်း ပရီးမီးယားလိဂ်ပွဲစဉ်(၄)ပွဲ ဆက် နိုင်ပွဲမရဘဲ ရုန်းကန်လာရတာကိုတွေ့ရပြီး မနှစ်ကထက် ပိုမိုဆိုးရွားတဲ့အခြေအနေကို ရောက်ရှိ သွားခဲ့ပြီလည်းဖြစ်ပါတယ်။ ဒါဟာ နည်းပြ အာတီတာရဲ့ လိုအပ် ချက်ထက် ကစားသမားတွေရဲ့ ကစားပုံ လိုအပ်ချက်ပုံစံတွေကြောင့်သာ အပြောင်းအလဲတွေ လုပ်ထား တဲ့ အာဆင်နယ်အသင်းအတွက် ပေးဆပ်မှု ကြီးမားသွားခဲ့ရတာဖြစ်ပါတယ်။ တိုက်စစ်ပိုင်း မှာ ဂိုးရဖို့ ခက်ခဲနေတာကလည်း အာဆင်နယ်အသင်းအတွက် နိုင်ပွဲပျောက်ဆုံးရခြင်းတဲ့ အကြောင်းအရင်း တစ်ခု ဖြစ်ပြီး ဆာကာနဲ့ ဟာဗက်တို့အတွဲက နောက် ပိုင်းမှာ အလုပ်မဖြစ်လာတာကိုတွေ့ရပါတယ်။ ကွင်းလယ် ပိုင်းမှာ အိုဒီဂတ်ပြန်ပါလာပေမယ့် ဒီကလန်ရိုက်ရဲ့ခြေစွမ်းက အရင်ကလောက်ကစား ပွဲအပေါ် လွှမ်းမိုး နိုင်မှု ကျဆင်းလာတာကိုတွေ့ရပါတယ်။ မာတင်နယ်လီရဲ့ တောင်ပံတိုက်စစ်ကလည်း ဖြတ်ကျော်ဝင် ရောက်မှုနည်းပါးလာတာကိုတွေ့ရပြီး ဂိုးသွင်းဖို့အတွက်လည်း ဆုံးဖြတ်ချက် မပြတ်သား တာကိုတွေ့ရ ပါတယ်။ ဒီအချက်တွေကို မပြင်ဆင်နိုင် ရင်တော့ အာဆင်နယ်အသင်းအတွက် နောက်ပိုင်း ပွဲစဉ်တွေက ဒီထက်ပိုခက်ခဲလာဖို့ရှိနေပါတယ်။ နော်တင်ဖောရက်စ်အသင်းကတော့ အသင်းကြီးတွေကို ဒုက္ခကောင်း ကောင်း ပေးလာတဲ့အသင်းဖြစ်တဲ့ အမှတ်ပေးဇယားရဲ့ အဆင့်(၅) နေရာအထိ ရောက်ရှိလာတဲ့အပြင် ဥရောပ ပြိုင်ပွဲအထိ ခြိမ်းခြောက်လာနိုင်တဲ့အသင်းဖြစ်တာကြောင့် အာဆင်နယ်အသင်းအနေနဲ့ သတိ ကြီးကြီးထားပြီးကစားဖို့လိုအပ်ပါတယ်။ ဒါကြောင့် ဒီပွဲစဉ်က အာဆင်နယ်အသင်းအနေနဲ့ အိမ်ကွင်းမှာ နိုင်ပွဲပြန်ရှာဖို့လွယ်နေမှာမဟုတ် တဲ့အပြင် နိုင်ဖို့ခက်ခဲနိုင်ပြီး သရေကျဖို့များတဲ့ပွဲစဉ်ဖြစ်ပါတယ်။ နိုင်ပွဲ အနေနဲ့ဆိုရင်တော့ အာဆင်နယ် ဘက်နေချင်ပါတယ်။ ဂိုးမပြတ်ပါဘူး။

မန်စီးတီး vs စပါးစ်

ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု

စပါးစ်  (ဝ-၂) မန်စီးတီး (၁၅-၅-၂၀၂၄)

မန်စီးတီး (၃-၃) စပါးစ် (၃-၁၂-၂၀၂၃)

စပါးစ် (၁-ဝ) မန်စီးတီး (၅-၂-၂၀၂၃)

NP  News အကြိုက် ပွဲကြိုသုံးသပ်ချက်

မန်စီးတီး (၂-၂) စပါးစ်

မန်စီးတီး (၃- ၂) စပါးစ်

မန်စီးတီးအသင်းက ဒီနှစ် ချန်ပီ ယံဆုကို ကာကွယ်ဖို့ လိုအပ်ချက်တွေရှိနေပြီလို့ သတိပေးလိုက်သလိုဖြစ်သွားပါပြီ။ ပြိုင်ပွဲစုံ(၄)ပွဲဆက် ရှုံးနိမ့်မှုရဲ့ အရသာကိုခံစားလိုက်ရတဲ့ မန်စီးတီးအသင်းအတွက် အမြန်ဆုံးပြန်လည်နိုးထဖို့လိုအပ်နေပြီး လီဗာပူးလ်အသင်းနဲ့ကွာဟနေတဲ့ ရမှတ်(၅)မှတ် အတွက် တိုက်ပွဲဝင်ဖို့လိုအပ်နေပြီပဲဖြစ်ပါတယ်။ ဒါပေမဲ့ မန်စီးတီးအသင်း‌တွေ့ရတာက စပါးစ် အသင်းပါ။ မန်စီးတီးအသင်းအတွက် ပရီးမီးယားလိဂ် နိုင်ဖို့ ခက်တဲ့ အသင်းများများစားစားမရှိခဲ့ပေမယ့် စပါးစ် အသင်းမပါတာတော့သေချာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စပါးစ်အသင်းနဲ့တွေ့တိုင်း မန်စီးတီး အသင်းက နိုင်ပွဲရဖို့ ရုန်းကန်ရလေ့ရှိတာကိုတွေ့ရပါတယ်။ ဒါတောင် မန်စီးတီးရဲ့အကောင်းဆုံးအခြေ အနေမှာဖြစ်ပါတယ်။ အခုလက်ရှိအနေအထားအရ မန်စီးတီးအသင်း ဟာ အသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ ရိုဒရီ၊ ရူဘင်ဒီယက်ဇ်၊ ဂျွန်စတုန်းနဲ့ ဂရီးလစ်တို့ပါဝင်မလာ နိုင်သေးတာကြောင့် အဘက်ဘက်က ပြိုလဲစပြုလာတာလည်းဖြစ်ပါတယ်။ ဒီပွဲမှာ စပါးစ်အသင်းကိုပါ ထပ်ရှုံးရင် လီဗာပူးလ်အသင်းနဲ့ (၈)မှတ်အထိကွာဟသွားနိုင်တာကြောင့် မဖြစ်မနေ အနိုင်ကန်ရဖို့လည်း ရှိနေပါတယ်။ စပါးစ်အသင်းကလည်း မန်စီးတီးအသင်းလိုပဲ မနှစ်ကထက်ပိုပြီး ခြေစွမ်းညံ့လာတဲ့အပြင် အသင်းကြီးတစ်သင်းအနေအထားမျိုးတောင် ရောက်ရှိမလာတာကြောင့် ခြေစွမ်းပိုင်းမှာ ကြောက်စရာ မလိုတဲ့အသင်းဖြစ်နေပါ တယ်။ ဒါပေမဲ့ စပါးစ်အသင်းက မန်စီးတီးအသင်းနဲ့ဆိုရင် ဘယ်လိုပုံစံမျိုးမှာ မဆို ခြေစွမ်းပြတတ်တာကြောင့် ဒီနှစ်ရဲ့ထိပ်တိုက်တွေ့ဆုံမှုက မန်စီးတီးအိမ်ကွင်းမှာဖြစ်လို့ နိုင်မယ် ဆိုရင် မန်စီးတီးအသင်းက နိုင်ပွဲရဖို့များပေမယ့် အပြန်အလှန်သွင်းဂိုးတွေနဲ့ သရေလည်း ကျသွားနိုင်ပါတယ်။

ဆောက်သမ်တန် vs လီဗာပူးလ်

ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု

ဆောက်သမ်တန်(၄-၄)လီဗာပူးလ် (၂၈-၅-၂၀၂၃)

လီဗာပူးလ်(၃-၁)ဆောက်သမ်တန် (၁၂-၁၁-၂၀၂၂)

ဆောက်သမ်တန်(၁-၂) လီဗာပူးလ်  (၁၈-၅-၂၀၂၂)

NP News အကြိုက် ပွဲကြိုသုံးသပ်ချက်

ဆောက်သမ်တန် (ဝ - ၃)  လီဗာပူးလ်

ဆောက်သမ်တန် (ဝ - ၂)  လီဗာပူးလ်

လီဗာပူးလ်အသင်းက ဒီနှစ်မှာ နည်းပြအသစ်နဲ့ အတူ ပရီးမီးယားလိဂ်မှာ တိုင်ပတ်လိမ့်မယ်လို့ လူတိုင်းကထင်ထားပေမယ့် မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ခြေစွမ်းပိုင်း တည်ငြိမ်မှု တွေ နဲ့အတူ အမှတ်ပေးဇယားမှာ မန်စီးတီးအသင်းကို(၅)မှတ်ဖြတ်ပြီး ဦးဆောင်ထားနိုင်လိုက် ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့(၂)နှစ်(၃)နှစ်လောက်မှာ  မန်စီးတီးနဲ့ လီဗာပူးလ်တို့ကြားက ပြိုင်ဆိုင်မှု တွေဟာ လီဗာပူးလ် အသင်းရဲ့ ခြေစွမ်းပိုင်းကျဆင်းမှုတွေကြောင့် မန်စီးတီးအသင်းကသာ ပရီး မီးယားလိဂ်ကို လေးနှစ်ဆက် ရယူနိုင်ခဲ့တာကိုတွေ့ရပါတယ်။ ဒါပေမဲ့ သေချာ ပြန်ကြည့်ရင် မန်စီးတီးအသင်းကို ဒီဘက်နှစ်တွေမှာ ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်ဖလားရယူခဲ့တဲ့ တစ်ခု တည်းသောအသင်း က လီဗာပူးလ်တစ်သင်းသာ ရှိတာ ကိုတွေ့ရမှာပါ။ ဒါက တိုက်ဆိုင်မှု မဟုတ်သလို မန်တီးစီးကို တူတူတန်တန်ယှဉ်ပြိုင်ဖို့ဆိုတာ လီဗာပူးလ်အသင်းကသာ လုပ်နိုင် တယ်လို့ ပြသလိုက် တဲ့သဘောမျိုးလည်းဖြစ်နေပါတယ်။ ဒီနှစ်မှာ လည်း မန်စီးတီးအသင်းကို (၅)မှတ်အထိ ဖြတ်ထားနိုင်တာကြောင့် ဒီနှစ်မှာ လီဗာပူးလ်အသင်းက ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူသွားနိုင်မလားဆိုတာကလည်း စိတ်ဝင်စားစရာကောင်းနေပါတယ်။ ဆောက်သမ်တန် အသင်းကလည်း ဒီနှစ်မှာ တန်းဆင်းရဖို့သေချာသလောက်ရှိနေတာကြောင့် ဒီပွဲစဉ်က လီဗာပူးလ်အသင်း အတွက် အနိုင်(၃)မှတ်သေချာတဲ့ ပွဲစဉ်ဖြစ်ပြီး အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်သွားဖို့ရှိနေပါ တယ်။

အစ်ဝှစ်တောင် vs မန်ယူ

ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု

မန်ယူ (၃-ဝ)  အစ်ဝှစ်တောင်း (၂၄-၈-၂၀၁၅)

NP News အကြိုက် ပွဲကြိုသုံးသပ်ချက်

အစ်ဝှစ်တောင်း (ဝ - ၂)  မန်ယူ 

အစ်ဝှစ်တောင်း  (ဝ - ၃)  မန်ယူ

မန်ယူအသင်းက ဒီရက်ပိုင်း ဥရောပမှာရော ပရီးမီးယားလိဂ်မှာပါ နိုင်ပွဲပြန်ရလာတာကြောင့် နည်းပြသစ် အမ်မိုရင်အတွက် လာခြင်းကောင်းတဲ့အရာတွေ ဖန်တီးနိုင်ဖို့ အကောင်းဆုံးအချိန်အခါလို့ ပြောလို့ရနေပါတယ်။ ဒါဟာ ယာယီနည်းပြအဖြစ် တာဝန်ယူခဲ့ရတဲ့ နစရိုင်းကို ကျေးဇူးတင်ရမှာဖြစ်ပြီး သူ့ကိုင်တဲ့ပွဲစဉ်(၄)ပွဲမှာ တစ်ပွဲမှ မရှုံးခဲ့ဘဲ (၃)ပွဲနိုင် တစ်ပွဲသရေကျခဲ့တာကြောင့် အကောင်းဆုံးပုံစံတွေနဲ့ မန်ယူအသင်းဟာ ပြန်လည်အသက်သွင်းလာဖို့ရှိနေပါတယ်။ ဒါ့ပြင် အစ်ဝှစ်တောင်းနဲ့ပွဲစဉ်ကို နည်းပြ သစ် အမ်မိုရင် ကိုင်မှာဖြစ်တဲ့အတွက် နိုင်ပွဲရဖို့သေချာသလောက်ရှိနေတဲ့အသင်းနဲ့တွေ့ဆုံမှာကလည်း မန်ယူအသင်းအတွက် ကံကောင်းမှုတစ်ခုလို့ဆိုနိုင် ပါတယ်။ လက်ရှိအမှတ်ပေးဇယားမှာ အဆင့် (၁၃) အထိ ရောက်နေပေမယ့် အစ်ဝှစ်တောင်းကိုအနိုင်ယူ နိုင်ခဲ့ရင် နောက်ပိုင်းမှာ မန်ယူအသင်းဟာ ဥရောပ ဝင်ခွင့်တစ်နေရာအတွက် ပြန်လည်အသက်သွင်းနိုင်ဖို့ များပါတယ်။ ဒါကြောင့်ဒီပွဲစဉ်က အဘက်ဘက် သာ လွန်နေတဲ့ မန်ယူအသင်းကပဲ နည်းပြသစ်နဲ့အတူ အနိုင်(၃)မှတ်ရယူသွားနိုင်ပါတယ်။

၂၃-၁၁-၂၀၂၄ (စနေနေ့ညပိုင်း)

ည(ရးဝဝ)   လက်စတာစီးတီး vs ချဲလ်ဆီး                                            

ည(၉း၃၀)   အာဆင်နယ် vs နော်တင်ဖောရက်စ်

ည(၁၂းဝဝ) မန်စီးတီး vs စပါးစ် 

၂၄-၁၁-၂၀၂၄ (တနင်္ဂနွေနေ့ညပိုင်း)

ည(၈း၃၀)  ဆောက်သမ်တန် Vs  လီဗာပူးလ် 

ည(၁၁းဝဝ)   အစ်ဝှစ်တောင်း Vs    မန်ယူ


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved