လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
ရောင်နီ(NSS) - နိုဝင်ဘာ ၂၂
လာအိုနိုင်ငံမှာ သြစတြေးလျ ဆယ်ကျော်သက်တစ်ဦး မီသနောပါတဲ့အရက်ကို သောက်ပြီးနောက် ကြာသပတေးနေ့ (နိုဝင်ဘာ ၂၁ ရက်)မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ လာအိုနိုင်ငံမှာ အရက်သောက်ပြီး လူသေဆုံးတဲ့ စတုတ္တမြောက် နိုင်ငံခြားသား ဖြစ်ပါတယ်။
ဘင်ကာဂျုံး အမည်ရှိ အသက်(၁၉)နှစ်အရွယ် ဩစတြေးလျနိုင်ငံ သားဟာ မြို့တော် ဗီယင်ကျန်းရဲ့ မြောက်ဘက် နှစ်နာရီခန့်အကွာရှိ ခရီး သွားနေရာ ဗန်ဗီယန်မြို့မှာ လည်ပတ်နေရင်း ပြီးခဲ့တဲ့ သီတင်းပတ်က နာမကျန်းဖြစ်ခဲ့ပါတယ်။ နိုဝင်ဘာ ၁၃ ရက်က အိမ်နီးချင်း ထိုင်းနိုင်ငံ၊ အူဒန်သာနီမြို့မှာရှိတဲ့ ဆေးရုံကို ပို့ဆောင်ပြီးတဲ့နောက် ကြာသပတေးနေ့(နိုဝင်ဘာ ၂၁ ရက်) မှာတော့ သေဆုံးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဆရာ ဝန် ဆေးစစ်ချက်အရတော့ အရက်အတုသောက်ပြီး အဲဒီထဲမှာ ပါဝင်တဲ့ မီသနော အဆိပ်ကြောင့် ဦးနှောက်ရောင်ရမ်း သေဆုံးရခြင်း ဖြစ်တယ်လို့ ပြောပါတယ်။
ဒီဖြစ်ရပ်ကြောင့် ဂျုံးဟာ လာအိုနိုင်ငံမှာ အရက်သောက်ပြီး သေဆုံးရသည့် စတုတ္ထမြောက် နိုင်ငံခြား ခရီးသွားဖြစ်လာခဲ့ပါတယ်။ ဂျုံးရဲ့ သူငယ် ချင်း ဟော်လီဘိုးလ် အသက်(၁၉)နှစ်ကတော့ ဆေးရုံမှာ စိုးရိမ်ရတဲ့ အခြေ အနေရှိနေတယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း