(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
Pika (NSS) - နိုဝင်ဘာ ၂၂
တရုတ်နိုင်ငံ Guizhou ပြည်နယ်နှင့် ယူနန်ပြည်နယ်ကြားနယ်စပ်အနီး အလွန်မတ်စောက်သော ချောက်ကမ်း ပါးနှစ်ခုကြားတွင်တည်ရှိသည့် Beipanjiang တံတားသည် Beipan မြစ်ချိုင့်ဝှမ်းအထက် အမြင့်(၅၆၅) မီတာရှိပြီး ကမ္ဘာ့အမြင့်ဆုံး တံတားအဖြစ် အသိအမှတ်ပြုခံထားရသည်။
Duge တံတား သို့မဟုတ် ‘‘China’s Impossible Engineering Feat” ဟုလူသိများကြသော ကမ္ဘာ့အမြင့် ဆုံးတံတားသည် တရုတ်အင်ဂျင်နီယာများနှင့် ၎င်းတို့ ၏ဆန်းသစ်တီထွင်မှုများကို သက်သေပြနေသည့်အရာတစ်ခုလည်းဖြစ်သည်။ Beipanjiang တံတားကို တည်ဆောက်ရန်အတွက် ဒီဇိုင်းဆန်းသစ်တီထွင်မှုများနှင့် နည်းပညာသစ်များစွာလိုအပ်ပြီး အဆိုပါ တံတားကိုတည်ဆောက်ခဲ့သည့် ကုမ္ပဏီသည် တံတားတည်ဆောက်ရေးနယ်ပယ်တွင် နိုဘယ်ဆုအဖြစ် သတ်မှတ်ခံထားရသော Gustav Lindenthal Gold Medal ဆုကို ရရှိခဲ့ကြောင်းလည်းသိရသည်။
အဆိုပါတံတားတည်ဆောက်မှုမှာ (၂၀၁၆) ခုနှစ်တွင် ပြီးစီးခဲ့ပြီး Guizhou ပြည်နယ်နှင့် ယူနန်ပြည်နယ် တို့ကိုဆက်သွယ်ပေးသော ကမ္ဘာ့အမြင့်ဆုံးတံတားသည် ယခင်က ကားများ နှင့်ကုန်တင်ထရပ်ကားများ သွားလာ၍မရသော ဧရိယာတစ်ခုလုံးကို လမ်းကြောင်း ဖွင့်ပေးနိုင်ခဲ့ကြောင်း လည်းသိရ သည်။ တရုတ်နိုင်ငံ၏ Beipanjiang Duge တံတားသည် အထပ်(၂၀ဝ)ရှိ သည့် အဆောက်အအုံ နှင့်ညီမျှသော အမြင့်(၅၀ဝ) မီတာကျော်ရှိသည့် ကမ္ဘာ့ပထမဆုံးတံတားဖြစ်ပြီး ကမ္ဘာ့အမြင့်ဆုံးတံတားခေါင်းစဉ်ကို ကိုင်ဆောင်ထား သည့် ပထမဆုံး ကြိုးတံတားဖြစ်ကြောင်းလည်း သိရသည်။
သို့သော်လည်း Beipanjiang တံတားကို တည်ဆောက်ရာတွင် ဒေသ၏ကြမ်းတမ်းသောမြေ မျက်နှာပြင်ကြောင့် သာမက အဆိုပါအမြင့်တွင်တိုက် ခတ်လာသောလေများကြောင့် ကြီးမားသောစိန်ခေါ်မှုတစ်ခုဖြစ်ခဲ့ကြောင်းလည်း သိရသည်။ ထို့ပြင် Guizhou ပြည်နယ်အာဏာပိုင်များသည် Huajiang Grand Canyon တံတားကို လာမည့် နှစ်တွင် ဖွင့်လှစ်ရန်စီစဉ်နေမှုနှင့်အတူ Beipanjiang တံတားသည် ကမ္ဘာ့အမြင့်ဆုံးတံတားဆိုသည့်ခေါင်းစဉ်ကို လအနည်းငယ် လောက်သာ ဆက်လက်ထိန်းသိမ်းထားနိုင်ဖွယ်ရှိနေကြောင်းလည်းသိရသည်။ လာမည့်နှစ်တွင် ဖွင့်လှစ်ရန်စီစဉ်ထား သည့် Huajiang Grand Canyon တံတားသည် အနည်းဆုံး(၆၂၅)မီတာအမြင့်ရှိမည်ဖြစ်ကြောင်း လည်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
RELATED POSTS
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
21 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
15 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ