အမေရိကန်နိုင်ငံမှာ လူပေါင်း(၂၆၂)ဦးက စက္ကူဒုံးပျံတွေကို တစ်ပြိုင်တည်းပစ်လွှတ်ပြီး ဂင်းနစ်စံချိန်ချိုးဖျက်
Pika (NSS) - နိုဝင်ဘာ ၂၁
အမေရိကန်နိုင်ငံရှိ ပြတိုက်တစ်ခုအတွင်း လူပေါင်း(၂၆၂)ဦးသည် စက္ကူဒုံးပျံများကို တစ်ပြိုင်နက်ပစ်လွှတ်ခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ကို ချိုးဖျက်နိုင်ခဲ့ကြောင်း ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့ရှိ သိပ္ပံစင်တာတစ်ခုက ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါသိပ္ပံစင်တာသည် ပြတိုက်သို့လာရောက်လည်ပတ်သူ စုစုပေါင်း (၂၇၁)ဦးကို စုစည်းခဲ့ပြီး ပါဝင်သူများအားလုံးကို အချိန်(၁၅)စက္ကန့်အတွင်း ၎င်းတို့၏စက္ကူဒုံးပျံများကို ပစ်လွှတ်ရန်အတွက် (၃)ကြိမ်ကြိုးပမ်းခွင့်ပြုခဲ့ကြောင်းသိရသည်။ ထို့နောက်ပစ်လွှတ်မှုကို လုပ်ဆောင်ခဲ့ရာ ပါဝင်သူအား လုံးအနက်မှ(၉)ဦးသည် အရည်အချင်းပြည့်မီအောင် ပစ်လွှတ်နိုင်ခဲ့ခြင်းမျိုးမရှိခဲ့သော်လည်း အခြားလူ(၂၆၂)ဦးမှာ ၎င်းတို့၏စက္ကူဒုံးပျံများကို အောင် မြင်စွာပစ်လွှတ်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါပစ်လွှတ်မှုသည် ယခင်ဂင်းနစ်စံချိန်ကို ကိုင်ဆောင်ထားသည့် စက္ကူဒုံးပျံ(၂၅၀)ပစ်လွှတ်နိုင်ခဲ့သည့်စံချိန်ကို ချိုးဖျက်နိုင်ခဲ့ကြောင်းလည်း သိရသည်။
အော်လန်ဒိုမြို့ သိပ္ပံစင်တာက "ဒီဂင်းနစ်စံချိန်ကို ချိုးဖျက်နိုင်ဖို့အတွက် စက္ကူနဲ့လုပ်ထားတဲ့ ဒုံးပျံတွေကို ဖန်တီးခဲ့ပါတယ်။ ပြီးတော့ လူပေါင်း (၂၆၂) ဦးက ၎င်းတို့ရဲ့စက္ကူဒုံးပျံတွေကို အောင်မြင်စွာပစ်လွှတ်နိုင်ခဲ့ပြီး ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ပါတယ်"ဟု ပြောဆိုခဲ့သည်။ အဆိုပါကြိုးပမ်းမှုကို ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ကိုယ်တိုင်လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်း အသိအ မှတ်ပြုပေးခဲ့ခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ် အေးနေ
RELATED POSTS
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
21 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
15 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ