Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နာမည်ကျော် WBC ၏ Title match ပွဲစဉ်တစ်ပွဲကို မြန်မာနိုင်ငံတွင် ပြုလုပ်ရန်စီစဉ်နေ

သန့်ဇင် (NSS) - နိုဝင်ဘာ ၈

လာမည့် (၂၀၂၅) ခုနှစ်တွင်လာမည့်နှစ်အတွင်း နာမည်ကျော် WBC (World Boxing Council) ၏ Title match ပွဲစဉ် တစ်ပွဲကို မြန်မာနိုင်ငံတွင် ပြုလုပ်ရန် စီစဉ်နေကြောင်း MBC(Myanmar Boxing Commission) မှ တာဝန်ရှိသူဦးကျော်ဝင်းထွန်းက NSS သို့ ပြောသည်။


မြန်မာနိုင်ငံတွင် professional boxing ကစားသမားများ ပေါ်ထွန်းလာရေးအတွက် Myanmar Boxing Commission (MBC) သည် ဂျပန်နိုင်ငံမှ Japan Boxing Commission (JBC) နှင့် မေလ (၂၄) ရက်တွင် MOU လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

WBC နှင့် WBO ပြိုင်ပွဲများ၌ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် မြန်မာနိုင်ငံ၏ ပထမဆုံး PROFESSIONAL BOXING လက်ရည်စစ်ပြိုင်ပွဲများကို ပြီးခဲ့သည့်ရက်ပိုင်းက ကျင်းပခဲ့ပြီးနောက် WBC တွင် Manber ဝင်ခွင့်ရရှိခဲ့ကြောင်း သိရသည်။ ထို့နောက် လာမည့် (၂၀၂၅) ခုနှစ်တွင် WBC Title match ပွဲစဉ်များမှ ပွဲစဉ်တစ်ပွဲကို မြန်မာနိုင်ငံ တွင် Myanmar Boxing Commission (MBC) ကဦးစီး၍ ကျင်းပပြုလုပ်ရန်စီစဉ်နေကြောင်း ဦးကျော် ဝင်းထွန်းက ဆိုသည်။

“နောက်နှစ်ထဲမှာ WBC Title Match မှာ တစ်ပွဲကို မြန်မာနိုင်ငံမှာလုပ်ဖို့စီစဉ်နေတယ်။ နောက် နှစ် (၂၀၂၅) ခုနှစ် (၃) လပိုင်း ဒါမှမဟုတ် (၆) လ ပိုင်းလောက်မှာ လုပ်ဖြစ်ဖို့များတယ်။ ကျွန်တော်တို့ BMC ကပဲ ဦးဆောင်ပြီးကျင်းပမှာပါ။ ပွဲပါမစ်က တစ်ခါလုပ်ရင် တစ်ခါလျှောက်ရတယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် Professional Boxing  သမားများ‌ ပေါ်ထွက်စေရန်နှင့် လူငယ်များ Boxing အာကစားကို စိတ်ဝင်စားမှု မြင့်တက်စေရန် (၂)လလျှင်တစ်ကြိမ် ကြေးစားလက်ဝှေ့ Professional Boxing ပွဲများ ကျင်းပရန်ရှိကြောင်း သိရသည်။ “ဒါက မျိုးဆက်သစ်ထွက်လာဖို့ပါ။ မြန်မာ နိုင်ငံမှာက Boxing အားကစားကို စိတ်ဝင်စားတဲ့လူက နည်းတယ်။ နောက်ပြီးတော့ ကစားသမားလည်း ရှားတယ်။ ဘာလို့ ကစားသမားရှားလဲဆိုတော့ မြန်မာ့ရိုးရာ လက်ဝှေ့ အဖွဲ့ချုပ်အောက်မှာဆိုရင် ကစား သမားတွေ အများကြီးရှိတယ်။ ဘာလို့လဲဆိုတော့ သူက ပရော်ဖက်ရှင်နယ်ဖြစ်တဲ့အတွက်။ ထိုးရင် ထိုးကြေး ရတယ်။ အခုအစ်ကိုတို့က ကြေးစားလောကကို ဖော်ဆောင်တဲ့အတွက် လူသိလည်း နည်း သေးလို့ပါ ” ဟု ဦးကျော်ဝင်းထွန်းကဆိုသည်။

ထို့ကြောင့် Boxing အားကစားသည် အကြီးစား တိုက်ခိုက်ရေးအားကစားနည်းများအတွင်း ထိုးကြေး အမြင့်ဆုံး အားကစားတစ်မျိုး ဖြစ်သည့်အတွက် မြန်မာလူငယ်များအနေဖြင့် ကြေးစားလက်ဝှေ့ Professional Boxing စိတ်ဝင်စားသင့်ကြောင်း ၎င်းကအကြံပြု ပြောဆိုထားသည်။ “ မြန်မာနိုင်ငံမှာ က ပရော်ဖက်ရှင်နယ်မရှိသေးတဲ့အတွက် အခုလို ဖြစ်လာတာပေါ့လေ။ အမှန်တကယ် နိုင်ငံခြားမှာ သွားထိုး ပြီဆိုရင်တော့ ထိုးကြေးတွေလည်း မြင့်လာမယ်။ ကစားသမားတွေအတွက် အနာဂတ်လည်း အရမ်း ကောင်းလာမှာပေါ့လေ။ အဲဒီအတွက်ကို ကစားသမားရွေးထုတ်ဖို့ကို ရည်ရွယ်ပြီးတော့ (၂၀၂၅)ခုနှစ်၊ ၂လပိုင်းဒါမှမဟုတ်(၃)လပိုင်းနောက်ဆုံး ထားပြီးတော့ ကိုယ်ပိုင် GYM ၊ Boxing GYM ပေါ့နော် အဲဒါ တွေဖွင့်မယ်။ နောက်ပြီးတော့(၂)လကို တစ်ကြိမ် လောက်ကို မျိုးဆက်သစ် ကစားသမားတွေ ထွက်ပေါ်လာအောင် လုပ်ပေးမယ် ”ဟု ၎င်းဆိုသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမြင့်(၁၇)ပေနီးပါးရှိသော ရုံးပတီသီးပင် ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်ဖွယ်ရှိ

RECENT POSTS
ကိုးကန့်ဒေသ ဗမာ မဝင်ရ၊ မင်းလှမြို့နယ်ထဲက ရန်ကုန်-ပြည်လမ်းပေါ်တက်လာတဲ့ PDF၊ ငလျင်ပြတ်ရွေ့ကြောရှိပေမယ့် ​နျူလျှပ်စစ်စက်ရုံ ဆက်လုပ်မယ်လို့ Rosatom ကြေညာ၊ အပြောင်းအလဲမရှိ စာမေးပွဲ ဆက်ဖြေခိုင်းမယ့် ပညာရေး ဝန်ကြီးဌာန (23-4-2025)
23 Apr 2025
ယနေ့ ဧပြီ ၂၃ ရက်အတွင်းဖြစ်ပွားခဲ့သည့် သတင်းထူးများ
23 Apr 2025
ငလျင်ဖြစ်ဒေသများရှိ စက်သုံးဆီဆိုင်အချို့ မူလဈေးနှုန်းအောက်လျော့၍ ပြန်လည်ရောင်းချပေးနေ
23 Apr 2025
ရန်ကုန်စည်ပင်မှ နေ့စဥ်ရေဆိုးစွန့်ပြစ်မှု စနစ်တကျဖေ်ဆောင်နေ
23 Apr 2025
ငွေကျပ်(၆)ဘီလျံကျော် သုံးစွဲထားတဲ့ UAB Foundation ရဲ့ အဆင့်မြင့် ငလျင်ကယ်ဆယ်ရေးစခန်းကို လေ့လာခြင်း
23 Apr 2025
ဗြိတိန်က ဖောက်ခွဲရေးပစ္စည်းတွေကို သိသိသာသာ တိုးမြှင့်ထုတ်လုပ်သွားမယ်
23 Apr 2025
နှစ်နိုင်ငံကြားဆက်ဆံရေးတွေကို မြှင့်တင်ဖို့အတွက် ဆော်ဒီအာရေးဗျနိုင်ငံကို အိန္ဒိယဝန်ကြီးချုပ်မိုဒီ သွားရောက်လည်ပတ်
23 Apr 2025
အတားအဆီးတချို့ကို ဖယ်လိုက်မယ်ဆိုရင် ယူကရိန်းနဲ့ဆွေးနွေးပွဲတွေက ဖြစ်လာနိုင်တယ်လို့ ရုရှားအစိုးရပြော
23 Apr 2025
ပြီးခဲ့တဲ့လမှာစတင်ခဲ့တဲ့ အမေရိကန်ရဲ့စစ်ဆင်ရေးတွေကြောင့် ဟူသီလက်နက်ကိုင်အဖွဲ့ဝင်(၅၀၀)ကျော်သေဆုံး
23 Apr 2025
ပါကစ္စတန်မှာ လေထုညစ်ညမ်းမှုကြောင့် ကလေးများ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်လျက်ရှိ
23 Apr 2025
တရုတ်နိုင်ငံ ရှန်ကျန်းမှာ (၁၀)နှစ်အရွယ် ဂျပန်ကျောင်းသားကို သတ်ဖြတ်ခဲ့တဲ့ လူသတ်သမား ကွပ်မျက်ခံရ
23 Apr 2025
တပ်မတော်မှအင်အား (၂၀၀၀)ကျော်ဖြင့် လားရှိုးမြို့အတွင်း လုံခြုံရေးအဖြစ်ဝင်ရောက်နေရာယူထားပြီ
22 Apr 2025
တပ်မတော်က ယာယီအပစ်အခတ်ရပ်စဲရေးကာလကို ဧပြီလကုန် အထိ တိုးမြှင့်သတ်မှတ်
22 Apr 2025
လားရှိုးမှ MNDAAဆုတ်ခွာပြီးနောက် ပြည်ထောင်စုလမ်းမကြီးတွင် လက်နက်ကိုင်(၄)ဖွဲ့ အခွန်ကောက်ခံမှု လျော့နည်းလာ
22 Apr 2025
လားရှိုးမြို့အတွင်းသို့ တပ်မတော်မှ ပြန်လည်ဝင်ရောက်
22 Apr 2025
ပုပ်ရဟန်းမင်းကြီး ရာထူး ကို ဆက်ခံနိုင်ဖွယ်ရှိသော ကာဒီနယ် ၁၅ ဦး စာရင်းတွင် မြန်မာနိုင်ငံမှ ချားစ် မောင်ဘို လည်း ပါဝင်
22 Apr 2025
လာရှိုးသဘောတူညီချက်အချို့ ထွက်ပေါ်လာ ၊ ငလျင်ဒဏ်သင့် နိုင်ငံဝန်ထမ်းများအတွက်အစိုးရက လုပ်ပေးသင့်သော ကဏ္ဍများ တိုက်တွန်းချက်၊ ကော့ဂရိတ် ကျုံဒိုးကြားက တိုက်ပွဲအခြေအနေ ၊ NUG အောက်ကနေ နှုတ်ထွက်တဲ့ ကျောက်ဆည် PDF (21-5-2025)
22 Apr 2025
Max ဘိလပ်မြေစက်ရုံမှတိုက်ရိုက်မှာယူသော ကိုယ်စားလှယ်များကို သတ်မှတ်ဈေးနှုန်းဖြင့်ရောင်းရန် ဝန်ခံကတိထိုးပြီးမှ ဖြန့်ဖြူးပေးနေ
22 Apr 2025
ငလျင်ဒဏ်ဆိုးရွာစွာ ခံစားခဲ့ရသော မင်းကွန်းဒေသတွင် PDF ပူးပေါင်းအဖွဲ့က အင်အားစုဖွဲ့နေ
22 Apr 2025
ငလျင်ကြောင့် မီးလောင်ပျက်စီးခဲ့သော အဖြေလွှာများနှင့်ပတ်သက်၍ စာမေးပွဲပြန်စစ်မည့်ရက်ကို ကြေညာ
22 Apr 2025
FOLLOW US

Copyright © News Services Station | All Right Reserved