မြောက်ကိုရီးယားက ရုရှားရဲ့အကူအညီတွေနဲ့ စစ်ဘက်ဆိုင်ရာဂြိုဟ်တုတစ်လုံးလွှတ်တင်ဖို့ အဆင်သင့်ဖြစ်နေပြီဟု ဆို
Pika (NSS) - အောက်တိုဘာ ၂၉
မြောက်ကိုရီးယားအစိုးရဟာ ရုရှားနိုင်ငံက နည်းပညာအကူအညီတွေနဲ့အတူ နောက်ထပ်စစ်ဘက်ဆိုင်ရာ ဂြိုဟ်တုတစ်လုံးကို လွှတ်တင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ Yonhap သတင်းအေဂျင်စီက အောက်တိုဘာလ(၂၉)ရက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။
Yonhap သတင်းအေဂျင်စီဟာ တောင်ကိုရီးယားစပိုင်အေဂျင်စီရဲ့ ပြောကြားချက်တွေကို ကိုးကားပြီး ယခုလိုဖော်ပြခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ မြောက်ကိုရီးယားဟာ ယခုနှစ်အတွင်း ရုရှားကို အလုပ်သမား(၄၀၀၀)ခန့် စေလွှတ်ခဲ့တယ်လို့ Yonhap က ထပ်မံရေးသားဖော်ပြခဲ့ပါတယ်။ ဒါ့ပြင် ရုရှားနဲ့ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်ကနေ ပါဝင်တိုက် ခိုက်ပေးဖို့အတွက် မြောက်ကိုရီးယားက ၎င်းရဲ့စစ်သားတွေကို စေလွှတ်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေလည်း ပြီးခဲ့တဲ့ရက်ပိုင်းမှာထွက်ပေါ်လာခဲ့ပါတယ်။
ယူကရိန်းနဲ့စစ်ပွဲမှာ ရုရှားဘက်ကနေပါဝင်တိုက်ခိုက်ပေးဖို့အတွက် မြောက်ကိုရီးယားက စစ်သားတွေစေလွှတ်တာနဲ့ပတ်သက်ပြီး စိုးရိမ်မိတယ်လို့လည်း ဂျပန်အစိုးရက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ပြောဆိုခဲ့ဖူးပါတယ်။ ပြီးတော့ မြောက်ကိုရီးယား စစ်သား(၃)ထောင်ခန့်ဟာ ရုရှားမှာ စစ်ရေးလေ့ကျင့်မှုတွေလုပ်ဆောင်နေတယ်လို့ အမေရိကန်အစိုးရက ပြီးခဲ့တဲ့ရက်ပိုင်းမှာ စွပ်စွဲပြောဆိုခဲ့ပါတယ်။ မြောက်ကိုရီးယားစစ်သားတွေဟာ ရုရှားဘက်ကနေ ပါဝင်တိုက်ခိုက်ပေးခဲ့မယ်ဆိုရင် ယူကရိန်းရဲ့တရားဝင်ပစ်မှတ်တွေ ဖြစ်လာလိမ့်မယ်လို့လည်း အမေရိကန်အစိုးရက သတိပေးပြောဆိုထားပါတယ်။ ယူကရိန်းစစ်ပွဲဖြစ်ပွားပြီးနောက်ပိုင်း မြောက်ကိုရီးယားနဲ့ရုရှားတို့ဟာ နှစ်နိုင်ငံကြားပုံမှန်ဆက်ဆံရေးတွေအပြင် စစ်ဘက်ဆိုင်ရာဆက်ဆံရေးတွေကိုလည်း ပိုမိုတိုးမြှင့်လာခဲ့တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အနန်းကွင်းဗျူဟာမှ စစ်သားများ လက်နက်ချခြင်းမရှိသည့်အပြင် Drop Bomb (၂၃ဝဝ) ကျော်သုံး၍ ရက်(၇ဝ)ကျော်တိုက်ခိုက်မှုကို တောင့်ခံထားနိုင်ဟု ဆို
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ