အသက်(၁၆)နှစ်အောက် ကလေးငယ်တွေကို ဆိုရှယ်မီဒီယာအသုံးပြုခွင့်ပိတ်ပင်ဖို့ ဩစတြေးလျအစိုးရ ကြိုးပမ်းနေ
Pika (NSS) - နိုဝင်ဘာ ၇
ဩစတြေးလျနိုင်ငံတွင်းမှာရှိတဲ့ အသက်(၁၆)နှစ်အောက် ကလေးငယ်တွေကို ဆိုရှယ်မီဒီယာတွေ အသုံးပြုခွင့်ကနေ ပိတ်ပင်သွားမယ်လို့ ဩစတြေးလျဝန်ကြီးချုပ် အန်သိုနီအယ်လ်ဘာနိစ်က နိုဝင်ဘာလ(၇)ရက်မှာ ကတိပြုပြောဆိုခဲ့ပါတယ်။
ဖေ့စ်ဘွတ်နဲ့ TikTok လိုမျိုး ဆိုရှယ်မီဒီယာပလက်ဖောင်းတွေဟာ ကလေးငယ်တွေအပေါ် ထိခိုက်နစ်နာမှုတွေ ရှိလာစေနိုင်တာကြောင့် ယခုလိုပိတ်ပင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ အန်သိုနီအယ်လ်ဘာနိစ်က ပြောကြားခဲ့သည်။ လူငယ်အသုံးပြုသူတွေဟာ ထိခိုက်နစ်နာမှုတွေ ရှိခဲ့တယ်လို့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က တာဝန်ရှိသူတွေက သတိပြုမိခဲ့မယ်ဆိုရင် နည်းပညာကုမ္ပဏီကြီးတွေဟာ အသက်ကန့်သတ်ချက်ကို ပြဌာန်းဖို့အတွက် တာဝန်ရှိပြီး ဒဏ်ငွေပေးဆောင်ရလိမ့်မယ်လို့ အန်သိုနီအယ်လ်ဘာနိစ်က ပြောကြားခဲ့ပါတယ်။
ဩစတြေးလျဟာ ဆိုရှယ်မီဒီယာတွေကို ရှင်းလင်းပစ်ဖို့ ကြိုးပမ်းနေတဲ့နိုင်ငံတွေကြားထဲက ရှေ့ပြေးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး အဆိုပြုထားတဲ့ အသက်ကန့်သတ်ချက်ဟာ ကလေးသူငယ်တွေအတွက်ရည်ရွယ်တဲ့ ကမ္ဘာ့အတင်းကြပ်ဆုံးအစီအစဉ်ဖြစ်လာနိုင်ဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။ အန်သိုနီအယ်လ်ဘာနိစ်က "ဒီတစ်ခုက အမေတွေနဲ့ အဖေတွေအတွက်ပါ။ ဆိုရှယ်မီဒီယာတွေက ကလေးသူငယ်တွေကို တကယ်ဒုက္ခပေးနေတာမလို့ ဒီလိုကန့်သတ်မှုတွေ လုပ်ဆောင်ဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့တာပါ"လို့ ပြောဆိုခဲ့ပါတယ်။
အဲဒီဥပဒေအသစ်တွေကို ယခုနိုဝင်ဘာလနှောင်းပိုင်းမှာ လွှတ်တော်ကို မတင်သွင်းမီ ပြည် နယ်နဲ့တိုင်းဒေသကြီးခေါင်းဆောင်တွေဆီကို ယခုသီတင်းပတ်အတွင်း အရင်တင်သွင်းပြသသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီဥပဒေတွေကို အတည်ပြုပြီးတာနဲ့တစ်ပြိုင် နက် တားမြစ်ပိတ်ပင်မှုတွေကို အကောင်အထည်ဖော်ဖို့အတွက် ဆိုရှယ်မီဒီယာပလက် ဖောင်းတွေကို (၁)နှစ်အချိန်ပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ အန်သိုနီအယ်လ်ဘာနိစ်က "ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာပလက်ဖောင်းတွေမှာ တာဝန်ရှိပါတယ်။ ဒီကိစ္စက မိဘတွေ ဒါမှမဟုတ် လူငယ်တွေမှာ တာဝန်မရှိပါဘူး"လို့ ပြောဆိုခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံအချင်းချင်း နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် ဆန်းသစ်တီထွင်မှုကဏ္ဍ၌ ချိတ်ဆက်ပူးပေါင်းမှုကို မြှင့်တင်ရန် နစကဥက္ကဋ္ဌ ပြော
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ