မြောက်ကိုရီးယားက တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်တစ်စင်း စမ်းသပ်ပစ်လွှတ်
Pika (NSS) - အောက်တိုဘာ ၃၁
မြောက်ကိုရီးယားဟာ အောက်တိုဘာလ(၃၁)ရက် နံနက်ပိုင်းမှာ တိုက်ချင်းပစ်ပဲ့ထိန်းဒုံး ကျည်လို့ယူဆရတဲ့ ဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်ဦးစီးချုပ်များရုံး(JCS)က ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်လွှတ်ဖို့ ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ တောင်ကိုရီးယားအစိုးရက သတင်းထုတ်ပြန်ခဲ့ပြီးနောက် တစ်ရက်အကြာမှာ ယခုလိုပစ်လွှတ်မှုထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ တိုက်ချင်းပစ်ပဲ့ထိန်းဒုံး ကျည်ကို ပြုံးယမ်းမြို့အနီးတစ်ဝိုက် ဧရိယာကနေ နံနက်(၇)နာရီ(၁၀)မိနစ်အချိန်မှာ ပစ်လွှတ်ခဲ့တာဖြစ်တယ်လို့ (JCS)က ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ မြောက်ကိုရီးယားက ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ဟာ ဘယ်ကိုကျသွားသလဲဆိုတာကိုတော့ (JCS)က ထုတ်ပြန်ပြောကြားထားတာမျိုးမရှိသေးပါဘူး။ (JCS) က "မြောက်ကိုရီးယားက စမ်းသပ်ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ဟာ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်လို့ ယုံကြည်ပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် မြောက်ကိုရီးယားဟာ ပဲ့ထိန်းဒုံးကျည်လို့ယူဆရတဲ့ ဒုံးကျည်တစ်စင်းကို ပစ်လွှတ်ခဲ့တယ်လို့ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ကလည်းပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားက ပစ်လွှတ်လိုက်တဲ့ဒုံးကျည်ဟာ ဟော့ကိုင်းဒိုးဒေသကမ်းလွန်မှာရှိတဲ့ Okushiri ကျွန်းအနောက်ဘက် (၃၀၀)ကီလိုမီတာအကွာကို ကျရောက်သွားခဲ့ပုံပေါ်တယ်လို့ ဂျပန်အစိုးရက ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ကို ပစ်လွှတ်မှုနဲ့အတူ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်တွေကို ထပ်မံချိုးဖောက်ခဲ့တယ်လို့ တောင်ကိုရီးယားအမျိုးသားလုံခြုံရေးကောင်စီက ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် မြောက်ကိုရီးယားထံက ဘယ်လိုရန်စမှုတွေကိုမဆို ကာကွယ်ဖို့အတွက် ပြင်ဆင်မှုတွေလုပ်ဆောင်ထားပြီး ပြင်းပြင်းထန်ထန်လက်တုံ့ပြန်ဖို့ တောင်ကိုရီးယားသမ္မတယွန်ဆက်ယိုလ်က အမိန့်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို PDF အဖွဲ့က လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခဲ့ရာ ကလေးငယ်တစ်ဦးအပါအဝင် (၂)ဦး ထိခိုက်ဒဏ်ရာရ
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ