ယခုနှစ် မန်းရွှေစက်တော်ဘုရားပွဲတော်ကို (၆၄)ရက်သာ ကျင်းပသွားမည်
ယွန်း (NSS) - ဇန်နဝါရီ ၈
ယခုနှစ် မန်းရွှေစက်တော်ဘုရားပွဲတော်ကာလကို (၆၄)ရက်သာ ကျင်းပသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။
မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို နှစ်စဥ်တပို့တွဲလဆန်း(၅)ရက်မှ မြန်မာနှစ်ဆန်း တစ်ရက်နေ့အထိ ရက်ပေါင်း(၈ဝ)ကြာ ကျင်းပပြုလုပ်လေ့ရှိရာ ယခုနှစ်သည် မြန်မာလဝါထပ်သည့်နှစ်ဖြစ်သည့်အတွက် ပွဲတော်ရက်ကာလကို (၆၄)ရက်သာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
“လာတဲ့ဘုရားဖူးတွေကနှစ်တိုင်းများတယ်လေ။ သွားဖို့လာဖို့လုံခြုံရေးတွေနဲ့ တည်းခိုဖို့၊ စားဖို့တွေ၊ ဘုရားဖူးဖို့တွေ ကိစ္စတွေကိုလည်း အကုန်လုံးပြင်နေပါတယ်။ ဘုရားပွဲတော်ကို(၆၄)ရက်ပဲ ကျင်းပမယ်ဆိုတာ ဟုတ်ပါတယ်။ အစီအစဥ်ကတော့ နှစ်တိုင်းလိုပါပဲ။ ဆင်စခန်း လုပ်ထားတာလေးလည်း ရှိတယ်။ ပြီးရင် လမ်းကြောင်းလုံခြုံရေး ရော၊ ဘုရားပွဲတော်ကျင်းပနေတဲ့အချိန်မှာရော လုံခြုံဖို့ကို လိုအပ်တဲ့ လုံခြုံရေးအစီအမံလေးတွေ လုပ်နေပါတယ်” ဟု မကွေးတိုင်းအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက NP News ကိုပြောသည်။
ယခုနှစ်မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးကို လာမည့် ဖေဖော်ဝါရီ ၁၄ ရက်(တပို့တွဲလဆန်း ၅ ရက်) တွင် စတင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါကာလ၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသူများ အဆင်ပြေစေရန် တည်းခိုဆောင် အလုံးပေါင်း (၈ဝဝ) ခန့် နှင့် ဈေးဆိုင်ခန်းပေါင်း (၄ဝဝ)ခန့်ကို ဆောက်လုပ်ပေးသွားမည်ဖြစ်ပြီး ဘုရားဖူးများကို ညအိပ်တည်းခိုခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
မန်းရွှေစက်တော်ဘုရားပွဲတော်နှင့်အတူ ဆင်ပြတိုက်ရှိသည့် ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းကို လည်း ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာလက်ဝှေ့ကျော် ထွန်းထွန်းမင်း၊ ဒေဝ တို့ရဲ့ပြိုင်ဘက်ဟောင်းဖြစ်တဲ့ ကမ္ဘောဒီးယားနာမည်ကျော်လက်ဝှေ့သမား ဖမ်းဆီးထိန်းသိမ်းခံရ
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း