မြန်မာလက်ဝှေ့ကျော် ထွန်းထွန်းမင်း၊ ဒေဝ တို့ရဲ့ပြိုင်ဘက်ဟောင်းဖြစ်တဲ့ ကမ္ဘောဒီးယားနာမည်ကျော်လက်ဝှေ့သမား ဖမ်းဆီးထိန်းသိမ်းခံရ
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၈
ဆီးဂိမ်းပြိုင်ပွဲချန်ပီယံဖြစ်သလို မြန်မာလက်ဝှေ့ကျော်တွေဖြစ်တဲ့ ထွန်းထွန်းမင်း၊ ဒေဝ တို့နဲ့ ပြိုင်ဘက်တွေ ဖြစ်ခဲ့ဖူးတဲ့ ကမ္ဘောဒီးယားလက်ဝှေ့ကျော် ပရွန်ဆန်နန်ဟာ ကားတိုက်မှုဖြစ်ပွားတဲ့အတွက် ဖမ်းဆီးထိန်းသိမ်းခံရကြောင်း သိရပါတယ်။
ပရွန်ဆန်နန် မောင်းနှင်လာတဲ့ကားဟာ ဇန်နဝါရီ ၇ ရက်က ဖနွမ်းပင်မြို့ ရှိနိုက်ကလပ်အပြင်မှာ ရပ်နေတဲ့ အနည်းဆုံး လူငါးဦးကို ဝင်တိုက်မိခဲ့တဲ့အတွက် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရပါတယ်။
ပရွန်ဆန်နန်ဟာ ဇန်နဝါရီ ၇ ရက် နံနက် ၃ နာရီ ၃ဝ မိနစ်အချိန်မှာ Bit Nai Club အမည်ရှိ နိုက်ကလပ်ရှေ့က လမ်းပေါ်မှာ ကားတိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ပရွန်ဆန်နန်ဟာ အနီရောင် Mazda ကားကို မောင်းနှင်လာခဲ့ပြီး အရှိန်မြင့်မောင်းနှင်လာခြင်းမျိုးဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောပါတယ်။
ပရွန်ဆန်နန်ဟာ ကားကိုအရှိန်မြင့်မောင်းနှင်လာတဲ့အတွက် အရှိန်မထိန်းနိုင်ဘဲ ဆိုက်ကယ်တစ်စီး၊ သုံးဘီး ဆိုင်ကယ်သုံးစီးနဲ့ နိုက်ကလပ်ရှေ့ရှိလူများကို ထပ်မံဝင်တိုက်ခဲ့ကြောင်း သိရပါတယ်။ ကမ္ဘောဒီးယားရဲတပ်ဖွဲ့ဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ ခမာရိုးရာလက်ဝှေ့ပြိုင်ပွဲတွေမှာ အအောင်မြင်ဆုံးတိုက်ခိုက်ရေးကစားသမားဖြစ်တဲ့ ပရွန်ဆန်နန်ကို ချက်ချင်းဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။
အဆိုပါကမ္ဘောဒီးယားလက်ဝှေ့သမားဟာ မြန်မာလက်ဝှေ့ကျော် ထွန်းထွန်းမင်းကို အနိုင်ရခဲ့ဖူးသလို ကနေဒါနိုင်ငံသား မြန်မာလက်ဝှေ့သမားတစ်ဦးဖြစ်တဲ့ ဒေဝ နဲ့ ပြီးခဲ့တဲ့နှစ်အတွင်း ၉ မိနစ်တစ်ချီ ထိုးသတ်ရာမှာ သရေကျခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွေးကောက်ပွဲမှာအနိုင်ရပြီးနောက် ဘင်္ဂလားဒေရှ့်နိုင်ငံသမိုင်းတစ်လျှောက် သက်တမ်းအကြာဆုံး ဝန်ကြီးချုပ်ဖြစ်လာမယ့် ရှိတ်ဟာစီနာ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း