ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်သို့ PDF အဖွဲ့များ ရောက်ရှိလာသည်ဟူသောသတင်းမှာ မမှန်ကန်ဟု ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဖြေရှင်း
ချယ်ရီ (NSS) - နိုဝင်ဘာ ၁၂
မွန်ပြည်နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်သို့ PDF အဖွဲ့များ ရောက်ရှိလာသည်ဟူသော သတင်းမှာ မမှန်ကန်ကြောင်း ကျိုက်ထီးရိုးဘုရား ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှက NSS ကိုပြောသည်။
လက်နက်ကိုင်ထားသော PDF အချို့က ကျိုက်ထီးရိုးဘုရား ရင်ပြင်တော်ပေါ်ကို တက်လာသည်ဆိုသော ရုပ်သံဖိုင်တစ်ခုမှာ လူမှုကွန်ယက်စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိပြီး ၎င်းရုပ်သံဖိုင်ကြောင့် ဘုရားဖူးသွားရောက်မည့် ပြည်သူများအတွက် စိုးရိမ်စရာဖြစ်စေကြောင်း ပြောဆိုနေကြသည်။
NSS သတင်းဌာနအနေဖြင့် လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ပျံ့နှံ့နေသည့် ရုပ်သံဖိုင်နှင့် ပတ်သက်၍ ကျိုက်ထီးရိုးဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှထံ ဆက်သွယ်မေး မြန်းရာတွင် ၎င်းအချက်အလက်မှာ မှန်ကန်မှုမရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
“ဒါက ကောလာဟလ လုပ်တဲ့အပိုင်းတွေ ဖြစ်ပါတယ်ခင်ဗျ။ မဟုတ်ပါဘူးခင်ဗျ။ ကျွန် တော်တို့ ဒီမှာလည်း လုံခြုံရေးနဲ့ ဂေါပကအဖွဲ့ကနေ ဘုရားရင်ပြင်ကို တက်ကတည်းက လုံခြုံချောမွေ့စွာနဲ့ လာနိုင်အောင် လုံခြုံရေးဆောင်ရွက်ထားတာတွေလည်း ရှိပါတယ်ခင်ဗျ။ အပေါ်မှာလည်း နေ့၊ ည လုံခြုံရေးကိစ္စရပ်တွေကို လုံခြုံရေးတပ်ဖွဲ့များနဲ့ ပေါင်းစပ်ပြီးတော့ ကျွန်တော်တို့က အမြဲတမ်းကြည့်ရှု ထိန်သိမ်းမှုတွေ ရှိပါတယ်ခင်ဗျ။ ဒီကောလာဟ လလေးတွေကတော့ ဖေ့ဘွတ်စ်တွေက ကိုယ်ထင်တာလေးတွေကို ပြောကြ၊ ဆိုကြတဲ့ ဟာလေးတွေတော့ ရှိပါတယ်။ ဒါလေးတွေကိုတော့ သိပ်ပြီးတော့ အသိမှတ် မပြုစေချင်ပါဘူး”ဟု ဥက္ကဋ္ဌ ဦးစိုးလှက ပြောသည်။
လူမှုကွန်ယက်တွင် ပျံ့နှံ့နေသော Video ဖိုင်၌ PDF အဖွဲ့ဝင်များက မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဒေါင်းအိုကြီးရွာရှိ ကျိုက်ထီးရိုးပုံတူ စေတီတော်၌ ရိုက်ကူးထားသည့် ရုပ်သံဖိုင်ဖြစ်ကြောင်း ပြောဆိုမှုများရှိသည်။ မြန်မာနိုင်ငံ၌ ကျိုက်ထီးရိုးပုံတူ စေတီတော်များသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တို့တွင် ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်သာမြို့နယ်ရှိ ရုံးစည်ကြီးတိုက်နယ်ရဲစခန်းကို PDF အဖွဲ့က အင်အားသုံးတိုက်ခိုက်သော်လည်း လုံခြုံရေးတပ်ဖွဲ့မှ ပြန်လည်ခုခံနိုင်ခဲ့
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း