တရုတ်က ဗီဒီယိုဂိမ်းတွေမှာ အသုံးစရိတ်လျှော့ချနိုင်မယ့် စည်းမျဉ်းသစ်တွေကို စတင်မိတ်ဆက်
ရောင်နီ(NSS) - ဒီဇင်ဘာ ၂၃
တရုတ်က ယခုနှစ်အတွင်း ပြန်လည်ကြီးထွားလာခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး ဂိမ်းဈေးကွက်ကို ထိုးနှက်ချက်ဖြစ်စေမယ့် အသုံးစရိတ်နဲ့ ဆုလာဘ်တွေ လျှော့ချဖို့ ရည်ရွယ်တဲ့ စည်းမျဉ်းတွေကို ဒီဇင်ဘာလ (၂၂) ရက်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။
အွန်လိုင်းဂိမ်းတွေအတွက် သုံးစွဲမှုကန့်သတ်ချက်တွေကို ထိထိရောက်ရောက် သတ်မှတ်ပေးမယ့် စည်းမျဉ်းအသစ်ဟာ ရင်းနှီးမြှုပ်နှံသူတွေအကြား အထိတ်တလန့်ဖြစ်စေပြီး တရုတ်ရဲ့ အကြီးဆုံးဂိမ်းကုမ္ပဏီနှစ်ခုဆီက စျေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၈၀ ဘီလီယံနီးပါးကို ဖယ်ရှားပစ်နိုင်ခဲ့ပါတယ်။
အွန်လိုင်းဂိမ်းတွေမှ player တွေကို ဂိမ်းပထမဆုံးအကြိမ်ဆော့ခြင်း သို့မဟုတ် ဂိမ်းမှာ အကြိမ်ပေါင်းများစွာ ဆက်တိုက်ဆော့ခြင်းအတွက် ဆုလက်ဆောင်ပေးခြင်းတွေကို ယခုအခါပိတ်ပင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီသတင်းနဲ့အတူ ကမ္ဘာ့အကြီး ဆုံးဂိမ်းကုမ္ပဏီ Tencent Holdings ရဲ့ ရှယ်ယာတွေဟာ တစ်ချိန်တည်းမှာ ၁၆ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး ၎င်းရဲ့ အနီးကပ်ဆုံး ပြိုင်ဘက်ဖြစ်တဲ့ NetEase ဟာလည်း ၂၅ ရာခိုင် နှုန်းအထိ ကျဆင်းသွားခဲ့ပါတယ်။ နည်းပညာရင်းနှီးမြှုပ်နှံသူ Prosus ရဲ့ ရှယ်ယာတွေဟာလည်း ၁၄ ဒသမ ၂ ရာခိုင်နှုန်းဆုံးရှုံးခဲ့ပြီး pan-European စတော့ အညွှန်းကိန်းမှာ အကြီးမားဆုံး ကျဆင်းသူများထဲ ပါဝင်ခဲ့ပါတယ်။
တရုတ်ဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း ဗီဒီယိုဂိမ်းသုံးစွဲမှုအပေါ် ပိုမိုတင်းကျပ်လာပြီး ၂၀၂၁ ခုနှစ်က တရုတ်ဟာ ၁၈ နှစ်အောက် ကလေးများအတွက် တင်းကြပ်တဲ့ ကစားချိန်ကန့်သတ်ချက်တွေ ချမှတ်ခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လာမည့်ဘဏ္ဍာရေးနှစ်အတွက် စံချိန်တင်ကာကွယ်ရေးအသုံး စရိတ် အမေရိကန်ဒေါ်လာ(၅၆)ဘီလီယံကို ဂျပန်အစိုးရအတည်ပြု
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ