တောင်ကိုရီးယားနိုင်ငံက စစ်ဘက်သုံးစပိုင်ဂြိုလ်တု တစ်စင်းကို အောင်မြင်စွာလွှတ်တင်နိုင်ခဲ့
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၂
တောင်ကိုရီးယားနိုင်ငံဟာ မြောက်ကိုရီးယားနိုင်ငံ နဲ့ တင်းမာမှုတွေရှိနေချိန်မှာပဲ SpaceX Falcon 9 အမည်ရှိ စပိုင်ဂြိုလ်တု တစ်စင်းကို ဒီဇင်ဘာလ ၁ ရက်က အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း သိရပါတယ်။
တောင်ကိုရီးယားဟာ အမေရိကန်နိုင်ငံ ကယ်လိုဖိုးနီးယားပြည်နယ် Vandenberg Space Force Base အာကာသစခန်းကနေ စပိုင်ဂြိုလ်တုကို အောင်မြင်စွာလွှတ်တင်နိုင်ခဲ့တာဖြစ် ကြောင်းသိရပါတယ်။ အဆိုပါ ဂြိုလ်တုဟာ လွှတ်တင်ပြီးနောက် နာရီပိုင်းအကြာမှာပဲ ကမ္ဘာပတ်လမ်းထဲကို အောင်မြင်စွာရောက်ရှိသွားခဲ့ကြောင်းသိရပါတယ်။ တောင်ကိုရီးယား ကာ ကွယ်ရေးဝန်ကြီးဌာနက အဆိုပါ ဂြိုလ်တုဟာ မြေပြင်အာကာသစခန်းနဲ့ တိုက်ရိုက်ချိတ်ဆက်နိုင်ခဲ့ကြောင်း ပြောပါတယ်။
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက "စစ်ဘက်သုံး ဂြိုလ်တုကို အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ပြီးနောက် ကျွန်တော်တို့ဟာ ထောက်လှမ်းရေးသတင်းအချက်လက်တွေကိုလွတ်လပ်စွာစုံစမ်းထောက်လှမ်းနိုင်တော့မှာပါ"လို့ ပြောပါတယ်။
တောင်ကိုရီးယားဟာ မြောက်ကိုရီးယားနိုင်ငံက စပိုင်ဂြိုလ်တုလွှတ်တင်မှုနဲ့အပြိုင် ဂြိုလ်တုလွှတ်တင်ခဲ့တာဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာ စစ်ဘက်သုံးစပိုင်ဂြိုလ်တုတစ်စင်းကို အောင်မြင်စွာလွှတ်တင်ခဲ့ရာ နှစ်နိုင်ငံကြားတင်းမာမှုအရှိန်မြင့်တက်လာနေကြောင်းသိရပါတယ်။ မြောက်ကိုရီးယားနိုင်ငံက စပိုင်ဂြိုလ်တုလွှတ်တင်မှုကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့စည်းတွေကဝေဖန်ခဲ့ပေမယ့် တောင်ကိုရီးယားရဲ့ စပိုင်ဂြိုလ်တုလွှတ်တင်မှုကိုတော့ တုံ့ပြန်ခြင်းများမရှိသေးကြောင်း သတင်းများကဖော်ပြပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၇၄၀)ကျော် ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်(၃)ခုကို MIC ခွင့်ပြုပေး
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ