အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၇၄၀)ကျော် ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်(၃)ခုကို MIC ခွင့်ပြုပေး
ယွန်း (NSS) - ဒီဇင်ဘာ ၂
အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၇၄၀)ကျော် ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်(၃)ခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)က ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ(၁)ရက်က ကျင်းပခဲ့သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်းအဝေး၌ အထက်ပါကဲ့သို့ ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
ခွင့်ပြုခဲ့သည့် လုပ်ငန်းသစ်(၃)ခုသည် စက်မှုကဏ္ဍ နှင့် စိုက်ပျိုးရေးကဏ္ဍတို့မှဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ (၀ ဒသမ ၁၈၀) သန်း နှင့် ငွေကျပ် (၃၁)ဘီလျံကျော်ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း (၇၄၄)ခု ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ၊ ဒေသပေါင်း(၅၂)ခုအနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံများသည် စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံတို့ဖြစ်ကြောင်း သိရသည်။
ထို့ပြင် စီးပွားရေးကဏ္ဍ(၁၂)ခုအနက် အများဆုံးရင်းနှီးမြှုပ်ထားသည့် ကဏ္ဍများသည် စွမ်း အင်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၂၈ ဒသမ ၄၉)ရာခိုင်နှုန်း၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၂၄ ဒသမ ၄၄)ရာခိုင်နှုန်း၊ စက်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၁၄ ဒသမ ၃၉)ရာခိုင်နှုန်း အသီးသီးရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများက တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှုအဆိုပြုလွှာများအား စိစစ်ခွင့်ပြုခြင်းကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် လက်ရှိ ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင် မှုများကိုလည်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကင်းကလေးဆေးရုံရှေ့တွင် ဗုံးပေါက်ကွဲမှု(၂)ကြိမ်ဖြစ်ပွား
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း