ဆိုက်ဘာလုံခြုံရေးအတွက် မြန်မာ- ရုရှား နှစ်နှစ်ငံဖိုရမ်ကျင်းပ
ယွန်း (NSS) - ဒီဇင်ဘာ ၁
ဆိုက်ဘာလုံခြုံရေးအတွက် မြန်မာ-ရုရှားနှစ်နိုင်ငံဖိုရမ်ကို နေပြည်တော်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဖိုရမ်ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် Aquarius နည်းပညာကုမ္ပဏီတို့မှ ပူးပေါင်း၍ နိုဝင်ဘာလ(၃၀) ရက်၌ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂တွင် ကျင်းပခဲ့ကြောင်း သိရသည်။
မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ e-Government စနစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဆိုက်ဘာလုံခြုံရေးနှင့် သတင်းအချက်အလက် နည်းပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးကို ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။
အဆိုပါဖိုရမ်မှတစ်ဆင့် နှစ်နိုင်ငံနည်းပညာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးအပြင် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့် e-Government စနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ပြုနိုင်ရေးကိုဆောင်ရွက်ရန် ထည့်သွင်းဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ၂၀၃၀ ပြည့်နှစ်ကာလ အပိုင်း အခြားအထိမျှော်မှန်းပြီး Myanmar e-Governance Master Plan 2030 ကိုလည်း ရေးဆွဲနေကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သူနာပြု၊ သားဖွားများ၏ လုပ်ငန်းအရည်အသွေးနှင့်ပတ်သက်ပြီး မြှင့်တင်ထိန်းချုပ်နိုင်မည့် C.P.D စနစ်စတင်ဆောင်ရွက်မည်
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ