ဒစ်ဂျစ်တယ်ပုံရိပ်များ ပွားနိုင်သော အပ်ပ်များ အသုံးပြုခွင့်ကို ဖိလစ်ပိုင်စစ်တပ် တားမြစ်ပိတ်ပင်
Pika (NSS) - အောက်တိုဘာ ၂၃
ဖိလစ်ပိုင်စစ်သားများကို ၎င်းတို့၏ ကိုယ်ရေးကိုယ်တာဓါတ်ပုံများတင်ရန် နှင့် လူတစ်ဦး၏ ဒစ်ဂျစ်တယ်ကိုယ်ပွားကို ဖန်တီးရန်အတွက် AI ကို အသုံးပြုရန်လိုအပ်သည့်အပ်ပ်များကို အသုံးပြုခြင်းအား တားမြစ်ပိတ်ပင်လိုက်ပြီဖြစ် ကြောင်း ဖိလစ်ပိုင်အမျိုးသားကာကွယ်ရေးဌာနက ပြောကြားခဲ့သည်။
အဆိုပါအပ်ပ်များကို အသုံးပြုခြင်းသည် လုံခြုံရေးဆိုင်ရာအန္တရာယ်များကို ဖြစ်ပွားစေနိုင်ကြောင်း ကာကွယ်ရေးဝန်ကြီး Gilberto Teodoro Jr က ပြောကြားခဲ့သည်။
သို့သော်လည်း အဆိုပါတားမြစ်ချက်များနှင့်ပတ်သက်သည့် နောက်ထပ်အသေးစိတ်အချက်အလက်များကို ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုးမရှိခဲ့ကြောင်း သိရသည်။ စကားပြောဆိုပုံ နှင့် လှုပ်ရှားမှု တို့တူညီသော လူတစ်ဦး၏ ဒစ်ဂျစ်တယ်ကိုယ်ပွားကို ဖန်တီးနိုင်ရန်အတွက် ဓါတ်ပုံ(၁ဝ)ပုံတင်ရကာ AI ကို အသုံးပြုရသောအပ်ပ်ကို ကာကွယ်ရေးဝန်ကြီးက ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းက "ဒီ AI နည်းပညာသုံးအပ်ပ်ဟာ အထောက်အထားခိုးယူမှုတွေ၊ ဖြားယောင်းသွေးဆောင်တဲ့ တိုက်ခိုက်မှုတွေ၊ အခြားအန္တရာယ်ရှိတဲ့လုပ်ဆောင်ချက်တွေအတွက် ပရိုဖိုင်အတုတွေကို ဖန်တီးပြီး အန္တရာယ်ရှိအောင် အသုံးပြုနိုင်ပါ တယ်" ဟု ပြောခဲ့သည်။
ထို့အပြင် အွန်လိုင်းတွင် သတင်းအချက်အလက်များ မျှဝေခြင်းနှင့်ပတ်သက်ပြီး သတိထားကြရန် ၎င်း၏ လက်အောက်ငယ်သားများကို တိုက်တွန်းထားကြောင်း Gilberto Teodoro Jr က ပြောကြားခဲ့သည်။ ပြီးခဲ့သည့်လတွင် အမေရိကန်အမျိုးသားလုံခြုံရေးအေဂျင်စီ(NSA) နှင့် အက်ဖ်ဘီအိုင်တို့သည် စစ်ဘက်ဆိုင်ရာ ကွန်ပျူတာစနစ်များ နှင့် အခြားပစ်မှတ်များကို ချိုးဖောက်ဝင်ရောက်ရာတွင် အသုံးပြုနိုင်သည့် နည်းပညာနှင့် ပတ်သက်ပြီး ခြိမ်းခြောက်မှုသတိပေးချက်ကို ထုတ်ပြန်ခဲ့ကြောင်းသိရသည်။ ထို့အပြင် စီးပွားရေးလုပ်ငန်းများ၊ အမေရိကန်လုံခြုံရေးအေဂျင်စီများအပြင် ပင်တဂွန်နှင့် ကာကွယ်ရေးကန်ထရိုက်တာများတွင်လည်း အန္တရာယ်များ ရှိကြောင်း NSA က ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြီးခဲ့သည့်(၂၄)နာရီအတွင်း အစ္စရေး၏ လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် အနည်းဆုံးလူ(၄ဝဝ) သေဆုံးခဲ့ဟု ဆို
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ