ပြီးခဲ့သည့်(၂၄)နာရီအတွင်း အစ္စရေး၏ လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် အနည်းဆုံးလူ(၄ဝဝ) သေဆုံးခဲ့ဟု ဆို
Pika (NSS) - အောက်တိုဘာ ၂၃
ပြီးခဲ့သည့်(၂၄)နာရီအတွင်း ဂါဇာကမ်းမြောင်ဒေသကို အစ္စရေး၏ လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်း အနည်းဆုံး(၄ဝဝ)ခန့် သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းကျန်းမာရေးတာဝန်ရှိသူများ က ပြောကြားခဲ့ သည်။
ထို့အပြင် အစ္စရေး၏ လေကြောင်းမှ နောက်ဆုံးဗုံးကြဲတိုက်ခိုက်မှုကို အသေအပျောက်အများဆုံးညတစ်ညဟု မြေပြင်ရှိသတင်းထောက်များက ဖော်ပြပြောဆိုခဲ့ကြသည်။ အစ္စရေး-ဟားမက်စစ်ပွဲဖြစ်ပွားမှုသည် သီတင်းပတ် သုံးပတ်အတွင်းသို့ ဝင်ရောက်လာပြီဖြစ်ပြီး အောက်တိုဘာလ(၂၃)ရက် အစောပိုင်းတွင် အစ္စရေးစစ်တပ်သည် လေကြောင်းမှ တိုက်ခိုက်မှုများ ဒါဇင်ချီပြုလုပ်ခဲ့ကြောင်း သိရသည်။
အစ္စရေးစစ်တပ်သည် Jabalia ဒုက္ခသည်စခန်း၊ မြောက်ဘက်ရှိ Beit Lahia မြို့၊ al-Rimal ရပ်ကွက်၊ အနောက်ဘက်ရှိ Al Shati စခန်းအပြင် တောင်ဘက်ရှိ Khan Yunis မြို့ နှင့် Rafah မြို့ အပါအဝင် ဂါဇာကမ်းမြောင် ရှိ လူနေထူထပ်သောနေရာများကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ပါလက်စတိုင်းသတင်းအေဂျင်စီ(WAFA) က ဖော်ပြခဲ့သည်။
အစ္စရေး၏ ညလုံးပေါက် ဗုံးကြဲတိုက်ခိုက်မှုများသည် ဂါဇာကမ်းမြောင်ဒေသရှိ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအခြေအနေများကို ပိုမိုဆိုးရွားစေခဲ့ပြီး ဂါဇာကမ်းမြောင်ဒေသရှိပြည်သူများတွင် စားနပ်ရိက္ခာနှင့် ဆေးဘက်ဆိုင်ရာအထောက်အပံ့များ တစ်ဖြည်းဖြည်းလျော့နည်းလာခဲ့ကြောင်း သိရသည်။
ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးစစ်တပ်ကဝိုင်းရံထားမှုကြောင့် ဆေးရုံများတွင် လောင်စာဆီပြတ်တောက်မှုများ နှင့်အတူ မွေးကင်းစကလေးငယ်(၁၂ဝ) ဦး၏ အသက်အန္တရာယ်နှင့်ပတ်သက်ပြီး ကုလသမဂ္ဂက အောက်တိုဘာလ (၂၂)ရက်တွင် သတိပေးပြောဆိုခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ(၇)ရက်တွင် ဟားမက်လက်နက်ကိုင်အဖွဲ့၏ စတင်တိုက်ခိုက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် အစ္စရေးက ဂါဇာကမ်းမြောင်ကို လေကြောင်းမှတိုက်ခိုက်မှုများပြန်လည်လုပ်ဆောင်ခဲ့ခြင်းကြောင့် လက်ရှိအချိန် အထိ ကလေးငယ်(၁၇၅ဝ)ကျော် သေဆုံးခဲ့ပြီးပြီဖြစ်ကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာ့စက်မှုလုပ်ငန်းအနေဖြင့် သဘာဝဓါတ်ငွေ့ပြတ်တောက်မှုကို ရှောင်ရှားလိုပါက အမေရိကန်ဒေါ်လာ(၇) ထရီလီယံ လိုအပ်မည်ဖြစ်ကြောင်း အစီရင်ခံစာတစ်ခုတွင် ဖော်ပြ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ