ယူကရိန်းချေးထားတဲ့ငွေကြေးများအနက်မှ ဒေါ်လာ(၅)ဘီလျံနီးပါးကိုလျော်ပစ်ဖို့ အမေရိကန်သမ္မတ စီစဉ်နေ
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂၁
သမ္မတ ရာထူးက ဆင်းပေးရမယ့် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ ယူကရိန်းနိုင်ငံကို အတိုးနဲ့ချေးထားတဲ့ အမေရိကန်ဒေါ်လာ (၄ ဒသမ ၇)ဘီလျံကို လျော်ပစ်ဖို့စီစဉ်နေကြောင်း သိရပါတယ်။ လက်ရှိအမေရိကန်အစိုးရဟာ ယူကရိန်းကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ကူညီထောက်ပံ့ပေးမှုအစိတ်အပိုင်းအဖြစ် အမေရိကန်ဒေါ်လာ(၅)ဘီလျံနီးပါးကို သမ္မအသစ် ဒေါ်နယ်ထရမ့် မတက်မီလျော်ပစ်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်လက်ထက်မှာ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြားစစ်ပွဲဖြစ်လာခဲ့ပြီး အမေရိကန်အစိုးရဟာ ယူကရိန်းကို စစ်ရေးအကူညီများပေးခဲ့ကြောင်း သိရပါတယ်။ အမေရိကန်လွှတ်တော်ဟာ ယူကရိန်းကို အမေရိကန်ဒေါ်လာ (၁၇၄)ဘီလျံ ကူညီထောက်ပံ့ပေးခဲ့ပြီး ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း ယူကရိန်းကို အမေရိကန်ဒေါ်လာ (၉ ဒသမ ၄)ဘီလျံ ကူညီပေးဖို့ခွင့်ပြုပေးခဲ့ကြောင်း သိရပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနရဲ့ပြောရေးဆိုခွင့်ရှိသူ မက်သရူး မီလ်လာက "ယူကရိန်းကိုချေးထားတဲ့ ငွေတွေထဲကအချို့ကို စွန့်လွှတ်ဖို့ ဥပဒေသတ်မှတ်နိုင်အောင် လိုအပ်တဲ့အရာတွေလုပ်ဆောင်နေတယ်"လို့ ပြောပါတယ်။
ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ဟာ ယူကရိန်းကို ငွေကြေးများကူညီထောက်ပံ့ပေးခြင်းနဲ့ပတ်သက်ပြီး ဂျိုးဘိုင်ဒန် ဦးဆောင်တဲ့ အမေရိကန်အစိုးရကို ဝေဖန်ပြစ်တင်ခဲ့ဖူးကြောင်း သိရပါတယ်။ ဒါပေမဲ့ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းကို အမေရိကန် အခွန်ထမ်းပြည်သူတွေရဲ့ငွေကြေးများ အလကားသက်သက်ပေးခြင်းထက် အတိုးနဲ့ငွေချေးပေးခြင်းကိုတော့ လက်ခံသွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ဖူးပါတယ်။ ရုရှားနဲ့ ယူကရိန်းနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ ရက်ပေါင်း(၁၀၀၀)ပြည့်ခဲ့ပေမယ့်တွေ့ဆုံဆွေးနွေးနိုင်ခြင်း၊ အပစ်ခတ်ရပ်စဲနိုင်ခြင်းမရှိသေးကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျောက်ဖြူ-ကူမင်းပိုက်လိုင်း၏ ကွယ်ဝှက်ထားသော ဗျူဟာမြောက်တန်ဖိုးအကြောင်း တရုတ်ပါမောက္ခက တရုတ်ကျောင်းသားများကို ထည့်သွင်းသင်ကြားနေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ