ကမ္ဘာ့စက်မှုလုပ်ငန်းအနေဖြင့် သဘာဝဓါတ်ငွေ့ပြတ်တောက်မှုကို ရှောင်ရှားလိုပါက အမေရိကန်ဒေါ်လာ(၇) ထရီလီယံ လိုအပ်မည်ဖြစ်ကြောင်း အစီရင်ခံစာတစ်ခုတွင် ဖော်ပြ
Pika (NSS) - အောက်တိုဘာ ၂၃
ကမ္ဘာ့စက်မှုလုပ်ငန်းသည် လုံလောက်သော သဘာဝဓါတ်ငွေ့ထောက်ပံ့မှုနှင့် သဘာဝဓါတ်ငွေ့ပြတ်တောက်မှု အကျပ်အတည်းကို ၂ဝ၅ဝ ပြည့်နှစ်အထိ ရှောင်ရှားနိုင်ရန်အတွက် အမေရိကန်ဒေါ်လာ(၇)ထရီလီယံ ရင်းနှီးမြှုပ်နှံ ရန် လိုအပ်မည်ဖြစ်ကြောင်း ဂျပန်၏ စွမ်းအင်စီးပွားရေးအဖွဲ့အစည်း(IEEJ)၏ပြောကြားချက်ကို ကိုးကားပြီး Bloomberg သတင်းဌာနကဖော်ပြခဲ့သည်။
ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများသည် ကျောက်မီးသွေးမှ သန့်စင်သော စွမ်းအင်အရင်းအမြစ်များကို ပြောင်းလဲအသုံးပြု လာခြင်းကြောင့် သဘာဝဓာတ်ငွေ့ရည် (LNG) စက်ရုံသစ်များ တည်ဆောက်ခြင်း၊ တည်ဆောက်ပြီးသား စက်ရုံ များကို တိုးချဲ့ခြင်းနှင့် ဓါတ်ငွေ့သိုက်အသစ်များ ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ဆောင်ရန်အတွက် အဆိုပါရန်ပုံငွေ ကို လိုအပ်ကြောင်း အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။
လာမည့်နှစ်များတွင် သဘာဝဓါတ်ငွေ့ဝယ်လိုအားအပေါ် မတူညီသော အမြင်များသည် အနာဂတ်အတွက် စီမံကိန်းရေးဆွဲမှုများကို အနှောင့်အယှက်ဖြစ်စေပြီး ကုမ္ပဏီများကို ထောက်ပံ့မှုအသစ်များတွင် ရင်းနှီးမြှုပ်နှံမှုများ နှင့်ပတ်သက်ပြီး မသေချာမရေရာမှုများကို ဖြစ်စေကြောင်း International Gas Union (IGU) က ယခုသီတင်းပတ် အစောပိုင်းတွင်ပြောကြားခဲ့သည်။
International Gas Union (IGU) က "မသေချာမရေရာတဲ့ ဝယ်လိုအားတွေ သဘာဝဓါတ်ငွေ့၊ ကာဗွန် နဲ့ ပြန်လည် ပြည့်ဖြိုးမြဲဓါတ်ငွေ့တွေမှာ ရင်းနှီးမြှုပ်နှံမှု ပမာဏမလုံလောက်ခြင်းဟာ စွမ်းအင်ကူးပြောင်းမှုတွေကို အန္တရာယ် ဖြစ်စေပြီး စွမ်းအင်လုံလောက်မှု၊လုံခြုံမှုနဲ့ ရေရှည်တည်တံ့မှုတွေကို ထိခိုက်စေနိုင်ပါတယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန်ယူအသင်း အားကစားဒါရိုက်တာအသစ် ဖြစ်လာနိုင်ဖွယ်ရှိနေတဲ့ မိုနာကိုအားကစားဒါရိုက်တာ ပေါလ်မစ်ချယ်
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း