တရုတ်နိုင်ငံ၏နျူကလီးယားလက်နက် အရေအတွက်လျင်မြန်စွာဖွံဖြိုးတိုးတက်နေကြောင်း ပင်တဂွန်သတိပေး
Pika (NSS) - အောက်တိုဘာ ၂၁
တရုတ်နိုင်ငံ၏ နျူကလီးယားလက်နက်အရေအတွက်သည် ယခင်ကခန့်မှန်းမှုများထက် ပိုမိုလျင်မြန်စွာ ကြီးထွားလာနေကြောင်း အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်၏ အစီရင်ခံစာအရသိရသည်။
ရုရှား၊ တရုတ်တို့နှင့် တစ်ပြိုင်နက် စစ်ပွဲဖြစ်ပွားရန် အဆင်သင့်ရှိနေကြောင်း အမေရိကန်လွှတ်တော်အမတ်များက အခိုင်အမာပြောဆိုနေချိန်တွင် အဆိုပါသတင်းထွက်ပေါ်လာခြင်းဖြစ်သည်။
တရုတ်စစ်တပ်၏ နောက်ဆုံးထုတ်ပြန်ချက်တွင် "ကျွန်တော်တို့မှာ ပြီးခဲ့တဲ့ မေလအထိ နျူကလီးယားထိပ်ဖူး(၅၀၀)ကျော်ရှိပြီး ပြီးခဲ့တဲ့နှစ်ထက်(၁၀၀)ကျော် ပိုများလာပါတယ်"ဟု ရေးသားထားသည်။
တရုတ်နိုင်ငံသည် ၂၀၃၀ ခုနှစ်တွင် နျူကလီးယားထိပ်ဖူးပေါင်း(၁၀၀၀)ကျော်ထိ ရှိလာနိုင်ကြောင်း အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ တရုတ်စစ်တပ်သည် ၂၀၃၀ ခုနှစ်တွင် နျူကလီးယားထိပ်ဖူးပေါင်း (၁၀၀၀)ကျော်ရှိလာမည်ဟု တရုတ်စစ်ဖက်အရာရှိနှစ်ဦးက ယခင်ကပြောဆိုခဲ့သော်လည်း ပင်တဂွန်မှတာဝန်ရှိသူများက တရုတ်သည် နျူကလီးယားထိပ်ဖူးပေါင်း(၅၀၀)သို့ရောက်ရှိရန်အတွက် အချိန်ယူရမည်ဖြစ်ကြောင်း ခန့်မှန်းပြောဆိုခဲ့ဖူးသည်။
အစီရင်ခံစာထဲတွင်"လာမယ့်ဆယ်စုနှစ်အတွင်းမှာ တရုတ်စစ်တပ်ဟာ သူတို့ရဲ့ နျူကလီးယားတပ်ဖွဲ့တွေကို ပိုမိုခေတ်မီအောင် လုပ်ဆောင်လာပါလိမ့်မယ်။"ဟုရေးသားထားသည်။
ထို့ပြင် တရုတ်စစ်တပ်သည် ၎င်း၏ရေပိုင်နက်မှ အမေရိကန်နိုင်ငံသို့ပစ်လွှတ်နိုင်စွမ်းရှိမည့် ရေငုပ်သင်္ဘောပဲ့ထိန်းဒုံးကျည်များ အသစ်များကိုလည်း တီထွင်နေကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။ သို့သော်လည်း အမေရိကန်၏နျူကလီးယားစွမ်းရည်သည် အမေရိကန်နှင့်ရုရှားတို့ထက် နည်းပါးနေသေးကြောင်းသိရသည်။ အမေရိကန်တွင် နျူကလီးယားထိပ်ဖူး(၅၂၄၄)ခုရှိပြီး ရုရှားတွင် နျူကလီးယားထိပ်ဖူး(၅၈၉၉)ခုရှိကြောင်း ပြီးခဲ့သည့်ဇွန်လတွင် စတော့ဟုမ်းနိုင်ငံတကာငြိမ်းချမ်းရေးသုတေသနဌာနမှထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လေထုညစ်ညမ်းမှု ပိုမိုမြင့်တက်လာခြင်းနှင့်ပတ်သက်ပြီး အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဟု ထိုင်းအစိုးရကတိပြု
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ