လေထုညစ်ညမ်းမှု ပိုမိုမြင့်တက်လာခြင်းနှင့်ပတ်သက်ပြီး အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဟု ထိုင်းအစိုးရကတိပြု
Pika (NSS) - အောက်တိုဘာ ၂၁
ထိုင်းအာဏာပိုင်များသည် နိုင်ငံတွင်း၌ဖြစ်ပွားနေသော လေထုညစ်ညမ်းမှုမြင့်တက်လာခြင်းကို ကိုင်တွယ်ဖြေရှင်းသွားမည်ဟု အောက်တိုဘာလ(၂၀)ရက်က ကတိပြုပြောဆိုခဲ့ကြောင်းသိရသည်။
သို့သော်လည်း သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူများက ထိုင်းအာဏာပိုင်များသည် ကတိများသာပေးကာ လက်တွေ့လုပ်ဆောင်မှုမျိုးမရှိကြောင်း စွပ်စွဲပြောဆိုခဲ့သည်။ ဘန်ကောက်မြို့သည် ကမ္ဘာပေါ်ရှိ လေထုညစ်ညမ်းမှုအများဆုံး မြို့များထဲတွင် အဆင့်(၁၀)နေရာ၌ရှိနေကြောင်း လေထုအရည်အသွေး စောင့်ကြည့်ရေးကုမ္ပဏီ IQAir ကပြောကြားခဲ့သည်။ လေအေးများ၊ လေဖိအားမြင့်တက်လာခြင်း နှင့် ခြောက်သွေ့သောရာသီဥတုတို့ကြောင့် အမှုန်အမွှားများ ပိုမိုစုပုံလာကာ လေထုညစ်ညမ်းမှု ပိုမိုမြင့်တက်လာခဲ့ခြင်းဖြစ် ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ အမှုန်အမွှားများပါဝင်သော PM2.5 သည် သွေးကြောထဲအထိ ဝင်ရောက်နိုင်သောကြောင့် ထိခိုက်လွယ်သော လူအုပ်စုများကို သတိထားနေထိုင်ကြရန် အာဏာပိုင်များက တိုက်တွန်းခဲ့ကြောင်း သိရသည်။
အစိုးရ၏ထုတ်ပြန်ချက်တွင် "လေထုအရည်အသွေးကောင်းမွန်ဖို့နဲ့ ပြည်သူတွေ ဘေးကင်းဖို့က အဓိကဦးစားပေးပါပဲ"ဟု ထုတ်ပြန်ထားသည်။ ထို့ပြင် အာဏာ ပိုင်များသည် လယ်ယာမြေများအား မီးရှို့သည့်ဧရိယာများကို ကန့်သတ်ပေးခြင်း၊အစိုးရ နှင့် ပုဂ္ဂလိကကဏ္ဍများကြား စည်းမျဉ်းများသတ်မှတ်ခြင်း၊ စောင့်ကြည့်နေရာများ တိုးမြှင့်ခြင်း နှင့် နိုင်ငံဖြတ်ကျော်လေထုညစ်ညမ်းမှုများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ကဏ္ဍများနှင့်ဆွေးနွေးခြင်းတို့ကဲ့သို့သော PM2.5 ကာကွယ်ရေးနည်းလမ်းများကို ပိုမိုမြှင့်တင်ရန် ကတိပြုခဲ့ကြကြောင်းသိရသည်။
သို့သော်လည်း အစိုးရသည် လေထုညစ်ညမ်းမှုနှင့်ပတ်သက်သည့် အဓိကကဏ္ဍကို လျစ်လျူရှုနေကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များက စွပ်စွဲပြောဆိုခဲ့သည်။ လေထုညစ်ညမ်းမှုနှင့်ပတ်သက်ပြီး လှုံ့ဆော်သူ Alliya Moun-ob က "လေထုညစ်ညမ်းမှုမြင့်တက်လာတာကို တားဆီးဖို့အတွက် အဓိကကဏ္ဍတွေကို အရေးယူဆောင်ရွက်သင့်ပါတယ်။ စက်မှုလုပ်ငန်းဆောင်ရွက်မှုဟာ PM2.5 ကို များစွာဖြစ်ပေါ်စေတယ်လို့ သုတေသနစာတမ်းတွေမှာ ဖော်ပြထားပေမယ့်လည်း အဲ့ါနဲ့ပတ်သက်တဲ့အချက်အလက်ကတော့ ကျွန်တော်တို့မှာ အနည်း ငယ်ပဲရှိပါတယ်"ဟု ပြောဆိုခဲ့သည်။
ထိုင်းနိုင်ငံရှိ စက်မှုလုပ်ငန်းကဏ္ဍများသည် လေထုညစ်ညမ်းမှု၏ (၄)ရာခိုင်နှုန်းကိုသာ ဖြစ်စေကြောင်း ထိုင်းအစိုးရက ပြောကြားခဲ့သည်။ ထိုင်းအစိုးရသည် စက်မှုလုပ်ငန်းများကို အပြစ်တင်ရမည့်အစား အခြားနိုင်ငံများအပါအဝင် လယ်ယာမြေများ မီးရှို့နေသည့် လယ်သမားများကိုသာ အပြစ်တင်နေကြောင်းသိရသည်။ မကြာသေးမီကာလအတွင်း လေထုညစ်ညမ်းမှု ပိုမိုမြင့်တက်လာခြင်းနှင့်ပတ်သက်ပြီး စက်မှုလုပ်ငန်းကဏ္ဍ၏ သက်ရောက်မှုမှာ ပိုမိုမြင့်မားဖွယ်ရှိကြောင်း ထိုင်းနိုင်ငံ၏ ဂေဟဗေဒသတိပေးချက်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း ဒါရိုက်တာ Panchom Saetang ကပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့၌ ရုရှားအော်သိုဒေ့ါခရစ်ယာန်ဘုရားကျောင်း တည်ဆောက်မည်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ