စူပါတိုင်ဖွန်းမုန်တိုင်းယူဆာဂီ ချဉ်းကပ်လာမှုနဲ့အတူ အမြင့်ဆုံးမုန်တိုင်းသတိပေးချက်ကို ဖိလစ်ပိုင်အစိုးရထုတ်ပြန်
Pika (NSS) - နိုဝင်ဘာ ၁၄
စူပါတိုင်ဖွန်းမုန်တိုင်းယူဆာဂီက ချဉ်းကပ်လာမှုနဲ့အတူ နိုဝင်ဘာလ(၁၄) ရက်မှာ ဖိလစ်ပိုင်အစိုးရဟာ အမြင့်ဆုံးမုန်တိုင်းသတိပေးချက်ကို ထုတ်ပြန်ခဲ့ပြီး လူထောင်ချီကို ဘေးလွတ်ကင်းရာသို့ရွှေ့ပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
တစ်နာရီလျှင်လေတိုက်နှုန်း(၁၈၀)ကီလိုမီတာနဲ့ ချဉ်းကပ်လာနေတဲ့ စူပါတိုင်ဖွန်းမုန်တိုင်းယူဆာဂီဟာ နိုဝင်ဘာလ(၁၄)ရက်၊ မွန်းလွဲပိုင်းမှာ လူဇွန်ကျွန်းကိုဝင်ရောက်တိုက်ခတ်နိုင်ဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။ စူပါတိုင်ဖွန်းမုန်တိုင်းယူဆာဂီကြောင့် ကမ်းရိုးတန်းဒေသတွေမှာ ပျက်စီးဆုံးရှုံးမှုတွေ အများအပြားဖြစ်ပေါ်လာနိုင်တယ်လို့ အမျိုးသားမိုးလေဝသအေဂျင်စီက ထုတ်ပြန်ပြောကြားထားပါတယ်။ အမျိုးသားမိုးလေဝသအေဂျင်စီက "မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ လေပြင်းတိုက်ခတ်နိုင်ခြေတွေကြောင့် လူသေဆုံးတာမျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ပြီးတော့ ကမ်းရိုးတန်းကို လာရောက်ရိုက်ခတ်မယ့် လှိုင်းလုံးတွေဟာ (၃)မီတာလောက်ရှိမယ်လို့လည်း ခန့်မှန်းထားပါတယ်။ မုန်တိုင်းသတိပေးချက်ကို အမြင့်ဆုံးအချက်ပြမှု အဆင့်(၅)အဖြစ် တိုးမြှင့်ထားပါတယ်"လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
ဒါ့ပြင် Cagayan ပြည်နယ်နဲ့ မြေနိမ့်ပိုင်းဒေသတွေနဲ့ ကမ်းရိုးတန်းဒေသတွေမှာ ရွှေ့ပြောင်းကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ အရပ်ဘက်ကာကွယ်ရေးအကြီးအကဲ Rueli Rapsing က ပြောကြားခဲ့ပါတယ်။ Rueli Rapsing က"စူပါတိုင်ဖွန်းမုန်တိုင်းယူဆာဂီကြောင့် မိုးသည်းထန်စွာရွာသွန်းမှုတွေကို လာမယ့်ရက်အနည်းငယ်အထိ ဆက် လက်ကြုံတွေ့နေရဦးမယ်လို့ ကျွန်တော်တို့ခန့်မှန်းထားပါတယ်"လို့ပြောဆိုခဲ့ပါတယ်။
စူပါတိုင်ဖွန်းမုန်တိုင်းယူဆာဂီ ဝင်ရောက်တိုက်ခတ်ပြီးလျှင် အပူပိုင်းမုန်တိုင်းမန်ယီဟာ မနီလာမြို့ကို ယခုသီတင်းပတ်အတွင်း ဝင်ရောက်တိုက်ခတ်နိုင်ခြေရှိနေတယ်လို့လည်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မုံရွာမြို့ ရန်ကင်းမီးပွိုင့်အနီးတွင် အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ