AI နည်းပညာက လူသားများ၏ အလုပ်လုပ်ချိန်ကို လျော့နည်းစေမည်ဖြစ်ကြောင်း JPMorgan ကုမ္ပဏီစီအီးအိုပြော
Pika (NSS) - အောက်တိုဘာ ၈
Artificial Intelligence (AI) နည်းပညာသည် လာမည့်မျိုးဆက်သစ်အလုပ်သမားများ၏ လူနေမှုဘဝကို သိသိသာသာတိုးတက်လာစေမည်ဖြစ်ကြောင်း JPMorgan ကုမ္ပဏီစီအီးအို Jamie Dimon က အကြုံပြုပြောခဲ့သည်။
သို့သော်လည်း (AI)နည်းပညာကြောင့် အချို့လူများ အလုပ်လက်မဲ့ဖြစ်သွားနိုင်ဖွယ်ရှိကြောင်း ၎င်းက မှတ်ချက်ပြု ပြောခဲ့သည်။ (AI) နည်းပညာသည် လုပ်ငန်းစဉ်တစ်ခုချင်းစီ၏ အစိတ်အပိုင်းတစ်ခုဖြစ်သွားမည်ဖြစ်ပြီး အဆိုပါနည်းပညာကို ၎င်း၏ဘဏ်တွင် ဝန်ထမ်းထောင်ပေါင်းများစွာက အသုံးပြုနေပြီဖြစ်ကြောင်း Jamie Dimon က ပြောခဲ့သည်။
၎င်း က "(AI)နည်းပညာကြောင့် လာမယ့်အနာဂတ်မှာ ကလေးငယ်တွေဟာ ကင်ဆာရောဂါဖြစ်ပွားခြင်းမျိုးမရှိဘဲ အသက်(၁ဝဝ) လောက်ထိ နေနိုင်တော့မှာပါ။ ပြီးတော့ သူတို့ဟာ သီတင်းပတ်တစ်ပတ်ကို သုံးရက်ခွဲလောက်ပဲ အလုပ်လုပ်ရတော့မှာပါ" ဟု ပြောဆိုခဲ့သည်။
ထို့အပြင် JPMorgan ကုမ္ပဏီသည် ပြီးခဲ့သည့်ဖေဖော်ဝါရီလမှ ဧပြီလအတွင်း (AI)နည်းပညာနှင့်ပတ်သက်သော အခန်းကဏ္ဍပေါင်း(၃၅ဝဝ)ကျော်အတွက် ကြော်ငြာခဲ့ဖူးကြောင်း သိရသည်။ JPMorgan ကုမ္ပဏီ၏ အနာဂတ် အောင်မြင်မှုများအတွက် (AI)နည်းပညာကို လိုအပ်ကြောင်း Jamie Dimon ကပြောဆိုခဲ့ဖူးသည်။ သို့သော်လည်း (AI) နည်းပညာကြောင့် အလုပ်အကိုင်များ အစားထိုးခြင်း အပါအဝင် အခြားဆက်စပ်သည့်အန္တရာယ်များကို Jamie Dimon က သတိပေးပြောဆိုခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အချိန်ပိုတွင် (၂)ဂိုးသွင်းယူကာ ဘရန့်ဖို့အသင်းကို အနိုင်ရရှိခဲ့ပြီးနောက် အသင်းကစားသမားတွေရဲ့ခံနိုင်ရည်စွမ်းကို မန်ယူနည်းပြတန်ဟက် ချီးကျူးပြော
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ