အချိန်ပိုတွင် (၂)ဂိုးသွင်းယူကာ ဘရန့်ဖို့အသင်းကို အနိုင်ရရှိခဲ့ပြီးနောက် အသင်းကစားသမားတွေရဲ့ခံနိုင်ရည်စွမ်းကို မန်ယူနည်းပြတန်ဟက် ချီးကျူးပြော
Pika (NSS) - အောက်တိုဘာ ၈
မန်ယူအသင်းနည်းပြတန်ဟက်သည် အောက်တိုဘာလ(၇)ရက် ညက ကစားခဲ့သော ဘရန့်ဖို့ဒ်အသင်းကို (၂)ဂိုး-(၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် ၎င်း၏အသင်းကစားသမား၏ စွမ်းဆောင်ရည်နှင့် ခြေစွမ်းကို ချီးကျူးပြောခဲ့ကြောင်း သိရသည်။
မန်ယူအသင်းနှင့်ကစားခဲ့သည့်ပွဲတွင် ဘရန့်ဖို့ဒ်အသင်း ကွင်းလယ်ကစားသမား mathias Jensen သည် ပွဲချိန်(၂၆) မိနစ်တွင် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ကာ ဦးဆောင်ကစားခဲ့ကြောင်း သိရသည်။ သို့သော်လည်း မန်ယူအသင်း ကွင်းလယ်ကစားသမား တော်မီနေးသည် အချိန်ပို(၉၃)မိနစ် နှင့် (၉၇)မိနစ်တို့တွင် တစ်ဂိုးစီသွင်းယူနိုင်ခဲ့ပြီးနောက် ဘရန့်ဖို့ဒ်အသင်းကို (၂)ဂိုး-(၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
မန်ယူနည်းပြတန်ဟက် က "ဒီကစားပွဲဟာ မန်ယူအသင်းကစားသမားတွေရဲ့ စွမ်းဆောင်ရည်တွေ၊ ခံနိုင်ရည်စွမ်းတွေကို ပြသခဲ့ပါတယ်။ ကစားပွဲတစ်ပွဲလုံး ဖိအားပေးကစားခံနေခဲ့ရပေမယ့် အသင်းကစားသမားတွေဟာ ယုံကြည် ချက်အပြည့်နဲ့ ကစားနိုင်ခဲ့ပါတယ်။အစောပိုင်းမှာ ကျွန်တော်တို့ဂိုးသွင်းနိုင်မယ့်အခွင့်အရေးတွေရခဲ့ပေမယ့် ဂိုး သွင်းယူနိုင်ခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။ တော်မီနေးဟာ ပွဲချိန်(၈၇)မိနစ်လောက်မှာ လူစားလဲဝင်ရောက်ခဲ့ပြီး (၁ဝ)မိနစ် အတွင်းမှာပဲ (၂)ဂိုး ပြန်လည်သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ မန်ယူအသင်းကစားသမားတွေဟာ အကောင်းဆုံးပုံစံနဲ့ ကစားနိုင်ခဲ့ပါတယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရထားလမ်းကြောင်းသွားလာမှုမြင့်တက်လာခြင်းမှာ မြောက်ကိုရီးယားက ရုရှားကို လက်နက်များ ထောက်ပံ့ပေးနေခြင်း ဖြစ်နိုင်ဖွယ်ရှိနေကြောင်း အမေရိကန်တွေးခေါ်ပညာရှင်တစ်ဦး ဝေဖန်
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း