ရထားလမ်းကြောင်းသွားလာမှုမြင့်တက်လာခြင်းမှာ မြောက်ကိုရီးယားက ရုရှားကို လက်နက်များ ထောက်ပံ့ပေးနေခြင်း ဖြစ်နိုင်ဖွယ်ရှိနေကြောင်း အမေရိကန်တွေးခေါ်ပညာရှင်တစ်ဦး ဝေဖန်
Pika (NSS) - အောက်တိုဘာ ၈
ယခုသီတင်းပတ်တွင် မြောက်ကိုရီးယား-ရုရှားနယ်စပ်တစ်လျှောက် မီးရထားလမ်းကြောင်းသွားလာမှုသည် အမြင့်ဆုံးသို့ရောက်ရှိလာခဲ့ပြီး ပြီးခဲ့သည့်နှစ်များအတွင်း နှစ်နိုင်ငံကြား ရထားသွားလာမှု အကြိမ်ရေ အများဆုံး ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်လက မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်း နှင့် ရုရှားသမ္မတပူတင်တို့သည် ရုရှားနိုင်ငံတွင် တွေ့ဆုံ ခဲ့ကြပြီး စစ်ရေးပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြပြီးနောက် မြောက်ကိုရီးယားက ရုရှားကို လက်နက်များ ထောက်ပံ့ပေးခြင်းဖြစ်နိုင်ဖွယ်ရှိကြောင်း အမေရိကန်တွေးခေါ်ပညာရှင်တစ်ဦးက ဝေဖန်ပြောဆိုခဲ့သည်။
ဂြိုလ်တုဓါတ်ပုံများအရ မြောက်ကိုရီးယားနိုင်ငံနယ်စပ်မြို့ဖြစ်သော Rason မြို့ရှိ Tumangang ရထားဘူတာရုံတွင် ကုန်စည်ရထားတွဲ(၇၃)တွဲကို တွေ့ခဲ့ရကြောင်း အမေရိကန်အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး စင်တာ၏ Beyond Parallel Project ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြောက်ကိုရီးယား နှင့် ရုရှားကြား ပြီးခဲ့သည့်သီတင်းပတ်အတွင်း ရထားသွားလာမှုသည် ပြီးခဲ့သည့်(၅)နှစ်အတွင်း တွေ့ရှိရသော ရထားသွားလာမှုအကြိမ်ရေထက် ပိုမိုများပြားနေကြောင်းလည်း သိရသည်။
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်း နှင့် ရုရှားသမ္မတပူတင်တို့သည် ပြီးခဲ့သည့်လတွင် တွေ့ဆုံခဲ့ကြပြီး စစ်ရေးဆိုင်ရာကိစ္စရပ်များ၊ ယူကရိန်းစစ်ပွဲ၊ စစ်ရေး နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတို့ကို ဆွေးနွေးခဲ့ကြ ကြောင်းလည်း သိရသည်။
အမေရိကန်တွေးခေါ်ပညာရှင်က "ကင်ဂျုံအန်းနဲ့ ပူတင်တို့ဟာ ပြီးခဲ့တဲ့ထိပ်သီးဆွေးနွေးပွဲမှာ စစ်ရေးဖလှယ်မှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆွေးနွေးခဲ့ပြီး ရထားလမ်းသွားလာမှုတွေ သိသိသာသာတိုးမြင့်လာတာဟာ မြောက်ကိုရီးယားက ရုရှားကို လက်နက်တွေ ထောက်ပံ့ပေးနေတယ်ဆိုတဲ့ အချက်ကို ပြသနေတာမျိုးပဲဖြစ်ပါ တယ်" ဟု ပြောခဲ့သည်။
မြောက်ကိုရီးယား နှင့် ရုရှားကြား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများသည် မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂက ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို ချိုးဖောက်ခြင်းမျိုးဖြစ်ကြောင်း အမေရိကန်နှင့် တောင်ကိုရီးယားအစိုးရတို့က သတိပေးပြောဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပဲခူးမြို့၌ရေကြီးရေလျှံမှုကြောင့် လူဦးရေ(၅၆၀၀)ကျော်ကို ကယ်ဆယ်ရေးစခန်း(၂၂)ခုသို့ ပြောင်းရွှေ့ပို့ဆောင်ထားပြီး မြစ်ရေကြီးမှု စံချိန်သစ်တင်ခဲ့ဟုဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ