နျူကလီးယားနည်းပညာကို ငြိမ်းချမ်းစွာ အသုံးပြုမှုဆိုင်ရာ သုတေသနလုပ်ငန်းများ၌ တရုတ်နိုင်ငံက ပူးပေါင်းဆောင်ရွက်ပေးရန် နစကဒုဝန်ကြီးဖိတ်ခေါ်
ယွန်း (NSS) - စက်တင်ဘာ ၁၇
နျူကလီးယားနည်းပညာကို ငြိမ်းချမ်းစွာ အသုံးပြုမှုဆိုင်ရာ သုတေသနလုပ်ငန်းများ၌ တရုတ်နိုင်ငံက ပူးပေါင်းဆောင်ရွက်ပေးရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက စက်တင်ဘာလ (၁၆)ရက်တွင် တရုတ်နိုင်ငံ၊ နန်နင်းမြို့၌ ကျင်းပသည့် ဒုတိယအကြိမ်မြောက် တရုတ်- အာဆီယံနျူကလီးယားနည်းပညာကို ငြိမ်းချမ်းစွာအသုံးပြုခြင်းဖိုရမ်တွင် အထက်ပါကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးဌာနအနေဖြင့် နိုင်ငံ၏ရှေ့လုပ်ငန်းစဥ်များ၊ ဦးတည်ချက်များနှင့်အညီ ပြည်သူ့လူမှုစီးပွားဘဝ မြင့်မားရေးအတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် MSMEs ကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးရေးနှင့် ကျန်းမာရေးကဏ္ဍမြှင့်တင်ရေးတို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
သို့ဖြစ်၍ အဆိုပါလုပ်ငန်းများ တိုးတက်ရန်ပံ့ပိုးပေးမည့် နျူကလီးယားနည်းပညာကို ငြိမ်း ချမ်းစွာအသုံးပြုမှုဆိုင်ရာ သုတေသနများနှင့် လူ့စွမ်းအားရင်းမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ကြောင်း ဒုဝန်ကြီးက အသိပေးပြောကြားသည်။
ထို့ပြင် အာဆီယံ- တရုတ်လွတ်လပ်သော ကုန်သွယ်မှုနယ်မြေ၌ အရည်အသွေးမြင့်သည့် ဖွံ့ဖြိုးမှုကို မြှင့်တင်နိုင်ရန် မျှော်မှန်းထားကြောင်း ၎င်းက ဆက်လက်ပြောသည်။
အလားတူ မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားစွမ်းအင်ငြိမ်းချမ်းစွာအသုံးပြုရေး၊ ဘေးကင်းစေရေးအစီအမံများနှင့် ထိန်းချုပ်စောင့်ကြပ်ရေးအဆင့်မြှင့်တင်မှုများကို နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။
ထို့ပြင် အရှေ့တောင်အာရှ နျူကလီးယားလက်နက်ကင်းမဲ့ရေးဇုန်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ခိုင်မာသောကတိကဝတ်များကိုလည်း ထပ်မံအတည်ပြုထားကြောင်း သိရသည်။
ထို့ကြောင့် အဆိုပါကတိကဝတ်များအရ အာဆီယံအဏုမြူ စွမ်းအင်ကြပ်မတ်ရေးဌာနများကွန်ရက် (ASEANTOM) အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ASEANTOM-IAEA ၏ နျူကလီးယားလုံခြုံရေးနှင့် ဓာတ်ရောင်ခြည်အရေးပေါ်ကိစ္စရပ်များအတွက် ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်မှုများဆိုင် ရာစီမံကိန်းတွင်လည်း ပါဝင်ဆောင်ရွက်နေကြောင်း ဒုဝန်ကြီးက အသိပေးပြောကြားခဲ့သည်။
အလားတူ IAEA ၏ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ဖြင့် နျူကလီးယားသိပ္ပံနှင့် နည်းပညာအသုံးချရေးများအပြင် စွမ်းရည်မြှင့်တင်ရေးများ ဆောင်ရွက်နေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လစ်ဗျားနိုင်ငံမှာ ရေကြီးမှုများကြောင့် အဆောက်အဦးပေါင်း ၁ဝဝဝ နီးပါး အလုံးစုံပျက်စီး
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ