လစ်ဗျားနိုင်ငံမှာ ရေကြီးမှုများကြောင့် အဆောက်အဦးပေါင်း ၁ဝဝဝ နီးပါး အလုံးစုံပျက်စီး
ဂျန်ဇက် (NSS) - စက်တင်ဘာ ၁၇
လစ်ဗျားနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုတွေကြောင့် ဒါနာမြို့မှာ အနည်းဆုံး အဆောက်အဦးပေါင်း ၁ဝဝဝ နီးပါး အလုံးစုံပျက်စီးခဲ့ကြောင်း သိရပါတယ်။
လစ်ဗျားနိုင်ငံအရှေ့ မြောက်ပိုင်းကို Storm Daniel အမည်ရှိ မုန်တိုင်းတိုက်ခတ်မှုနဲ့အတူ မိုးသည်းထန်စွာ ရွာသွန်းမှုများဖြစ်ခဲ့ကြောင်း၊ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုနဲ့အတူ ရေကာတာ နှစ်ခု ကျိုးပေါက်ခဲ့ရာ ကမ်းရိုးတန်းမြို့ဖြစ်တဲ့ ဒါနာမြို့မှာ လူပေါင်း နှစ်သောင်းနီးပါး သေဆုံးရဖွယ်ရှိနေပြီး လူပေါင်း တစ်သောင်းကျော် ပျောက်ဆုံးလျက်ရှိနေကြောင်း ကုလသမဂ္ဂက ဆိုပါတယ်။
ရေကြီးမှုများကြောင့် ပျောက်ဆုံးလျက်ရှိနေသူများကို အခက်အခဲများကြားကနေ ရှာဖွေကယ်ဆယ်မှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရပါတယ်။ ရေကြီးမှုများကြောင့် ဒါနာမြို့မှာ လူပေါင်း ၄ဝဝဝဝ ကျော် ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရပြီး ရေကြီးမှုကြောင့် နေရပ်စွန့်ခွာသူအရေအတွက် ပိုမိုမြင့်တက်လာဖွယ် ရှိနေကြောင်း သိရပါတယ်။
ဒါ့အပြင် ရေကြီးမှုများကြောင့် အဆောက်အဦးပေါင်း ၂ဝဝ ကျော် တစ်ဝက် တစ်ပျက် ပျက်စီးခဲ့ရကြောင်း၊ အခြား အဆောက်အဦး ၄ဝဝ နီးပါးက ရွှံ့နွံ့တွေထဲ နစ်မြှုပ်ခဲ့ရကြောင်း လစ်ဗျားအာဏာပိုင်တွေက ပြောပါတယ်။
လစ်ဗျားနိုင်ငံ ဒါနာမြို့အတွင်းရှိ အဆောက်အဦးပေါင်း လေးပုံတစ်ပုံခန့် ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ရေကြီးမှုများကြောင့် ရေနစ်သေဆုံးခဲ့တဲ့ ရုပ်အလောင်းအချို့ဟာ ရေစီးနဲ့အတူ ပင်လယ်ထဲကို မျောပါသွားဖွယ်ရှိနေကြောင်း သုံးသပ်မှုတွေလည်း ထွက်ပေါ်နေသည်။
ရှာဖွေကယ်ဆယ်ရေးသမားတွေဟာ ပျောက်ဆုံးနေသူများကို အခက်အခဲများကြားမှ ရှာဖွေကယ်ဆယ်နေပေမယ့် အန္တရာယ်များလွန်းတဲ့ ကယ်တင်မှုများကိုလုပ်ဆောင်ဖို့ ရှောင်ရှားခြင်းများရှိနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ စက်တင်ဘာလ ၁၇ ရက်အတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့် ပြည်ပက သတင်းများ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ