Apple ကုမ္ပဏီက ထုတ်လုပ်သည့် iPhone များတွင် လုံခြုံရေးဆိုင်ရာပြဿနာများရှိနေဟု တရုတ်အစိုးပြော
Pika (NSS) - စက်တင်ဘာ ၁၃
နာမည်ကြီးကုမ္ပဏီတစ်ခုဖြစ်သော Apple ၏ iPhone များတွင် လုံခြုံရေးဆိုင်ရာပြဿနာများကို တွေ့ရှိခဲ့ကြောင်း တရုတ်အစိုးရက စက်တင်ဘာလ(၁၃)ရက်တွင် ထုတ်ဖော်ပြောခဲ့သည်။
သို့သော်လည်း လုံခြုံရေးဆိုင်ရာပြဿနာများကို Apple ၏ မည်သည့် iPhone အမျိုးအစားတွင် တွေ့ရှိခဲ့သည်ဆို သည့်အချက်ကို တရုတ်ဖက်က ထုတ်ပြန်ပြောကြားခြင်းမျိုးမရှိကြောင်း သိရသည်။ တရုတ်နိုင်ငံ၏ အရေးကြီးသော အစိုးရဌာနများ နှင့် အစိုးရကျောထောက်နောက်ခံပြုအေဂျင်စီများတွင် iPhone အသုံးပြုမှုကို တားမြစ်ပိတ်ပင်ခဲ့ပြီး နောက် ယခုကဲ့သို့ပြောဆိုချက်များ ထပ်မံထွက်ပေါ်လာခြင်းဖြစ်သည်။
ပြီးခဲ့သည့်ရက်ပိုင်းတွင် တရုတ်အစိုးရသည် iPhone အသုံးပြုမှုကို ပိတ်ပင်လိုက်ပြီးနောက် Apple ကုမ္ပဏီ၏ ရှယ်ယာများ ဆက်တိုက်ကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ(၂ဝဝ) ဘီလျံနီးပါး ထိခိုက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။ ထို့အပြင် ပြင်သစ်စောင့်ကြည့်လေလာရေးအဖွဲ့ကလည်း Apple ၏ iPhone12 အမျိုးအစားသည် လျှပ်စစ်သံလိုက် လှိုင်းဓါတ်ရောင်ခြည်ထုတ်လွှတ်မှုမြင့်မားနေသောကြောင့် ပြင်သစ်နိုင်ငံအတွင်းတွင် ရောင်းချခွင့်ကို ပိတ်ပင်ခဲ့ကြောင်း သိရသည်။
ပြင်သစ်နိုင်ငံတွင်းတွင် iPhone12 အမျိုးအစားကို ရောင်းချရန် ကမ်းလှမ်းခြင်းများ ရှိ/မရှိ သိရှိရန်အတွက် စက်တင်ဘာလ(၁၃)ရက်မှ စတင်ပြီး စစ်ဆေးမှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရေဒီယိုကြိမ်နှုန်းများကို စီမံခန့်ခွဲသည့် ပြင်သစ်အေဂျင်စီ ANFR က ထုတ်ပြန်ကြေညာခဲ့သည်။
ထို့အပြင် ပြင်သစ်ဈေးကွက်အတွင်းရှိသော iPhone12 အမျိုးအစားကို စက်တင်ဘာလ(၁၃)ရက်မှ စတင်ပြီး ဖယ်ရှားရန် Apple ကုမ္ပဏီကို အမိန့်ပေးခဲ့ကြောင်း ပြင်သစ်စောင့်ကြည့်လေ့လာရေးအဖွဲ့ က ပြောကြားခဲ့သည်။ ရှယ်ယာကျဆင်းမှုများရှိနေသော်လည်း Apple ကုမ္ပဏီသည် စက်တင်ဘာလ(၁၂)ရက် ညပိုင်းတွင် iPhone15 အမျိုးအစားကို စတင်ပြသခဲ့ပြီး feature အသစ်များ နှင့် အရောင်အသစ်များကို တရားဝင်မိတ်ဆက်ပေးခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွေးကောက်ပွဲကို ပူးပေါင်းဆောင်ရွက်သွားဖို့ မြန်မာနိုင်ငံ နဲ့ ရုရှားနိုင်ငံကြား သဘောတူညီမှုရရှိခဲ့
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ