Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရွေးကောက်ပွဲကို ပူးပေါင်းဆောင်ရွက်သွားဖို့ မြန်မာနိုင်ငံ နဲ့ ရုရှားနိုင်ငံကြား သဘောတူညီမှုရရှိခဲ့

ဂျန်ဇက် (NSS) - စက်တင်ဘာ ၁၃ 

မြန်မာနိုင်ငံ နဲ့ ရုရှားနိုင်ငံတို့ဟာ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ဖို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။

အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေဟာ မြန်မာနိုင်ငံမှာကျင်းပမယ့် ရွေးကောက်ပွဲက လွှတ်လပ်မျှတ မှု ရှိမှာ မဟုတ်ကြောင်း ဝေဖန်နေပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ စက်တင်ဘာ ၆ ရက်က ၁၂ ရက်အထိ ရုရှားနိုင်ငံကို သွားရောက်ချိန်အတွင်း ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးအတွက် နားလည်မှုစာချွန်လွှာတစ်ရပ်ကို စက်တင်ဘာ ၇ ရက်က ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ဗဟိုရွေးကောက်ပွဲကော်မရှင်ရုံးမှာ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ 


ရုရှားနိုင်ငံ နဲ့ ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်နိုင်မယ့် နည်းလမ်းများ၊ မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းများနဲ့ မီဒီယာ ကို စနစ်တကျအသုံးပြုဆောင်ရွက်နိုင်မယ့်နည်းလမ်းများ၊ ရွေးကောက်ပွဲမှာ နည်းပညာအကူအညီရယူပြီး ပွင့်လင်း မြင်သာမှုရှိစွာ ဆောင်ရွက်နိုင်မည့်နည်းလမ်းများ၊ နှစ်နိုင်ငံအကြား အသိပညာရှင်၊ အတတ်ပညာရှင်များ အပြန် အလှန် အတွေ့အကြုံဖလှယ်နိုင်မယ့်နည်းလမ်းများကို နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းမှတစ်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ 

ရုရှားရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟာ လာမယ့် ၂ဝ၂၄ ခုနှစ်မှာ ကျင်းပမယ့် ရုရှားသမ္မတရွေးကောက်ပွဲကို လာရောက်လေ့လာဖို့ မြန်မာနိုင်ငံကို ဖိတ်ကြားခဲ့ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံမှာ မဲမသမှုများရှိခဲ့တယ်လို့ စွပ်စွဲမှုများ ထွက်ပေါ်လာခဲ့ပြီးနောက် ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာရယူမှုများဖြစ်ပွားခဲ့ပြီးနောက် နစက ဟာ ရွေးကောက်ပွဲပြန်လည်ကျင်းဖို့ အစီအစဉ်များရှိနေရာ လာမယ့် ၂ဝ၂၅ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပနိုင်မယ့် အလားအလာများနေကြောင်း ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ပြည်ခိုင်ဖြိုးပါတီရဲ့အကြီးတန်းခေါင်းဆောင်တစ်ဦးက ပြောပါတယ်။ 

အမေရိကန်အစိုးရဟာ နစကအဖွဲ့က ဦးဆောင်ကျင်းပမယ့်ရွေးကောက်ပွဲကို ရှက်ဖွယ်ကောင်းတဲ့ ရွေးကောက်ပွဲ အဖြစ် ဝေဖန်ပြစ်တင်ထားပေမယ့် ရုရှားအစိုးရကတော့ မြန်မာရွေးကောက်ပွဲကို အားပေးထောက်ခံထားကြောင်း သိရပါတယ်။ မြန်မာနိုင်ငံမှာ အာဏာရယူမှုဖြစ်ပွားခဲ့တဲ့ ၂ဝ၂၁ ခုနှစ် နောက်ပိုင်းကတည်းက ရုရှားနဲ့ မြန်မာနိုင်ငံ ကြား ဆက်ဆံရေး ယခင်ထက်ပိုမိုကောင်းမွန်ခဲ့ပြီး အပြန်အလှန်ဆက်သွယ်ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရုရှားနိုင်ငံအနေဖြင့် အမေရိကန်ဒေါ်လာနှင့် ယူရိုငွေကြေးအသုံးပြုမှုတို့ကို အပြီးတိုင်စွန့်လွှတ်နိုင်မည်မဟုတ်ကြောင်း ရုရှားဘဏ်လုပ်ငန်းရှင်တစ်ဦးပြော

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved