ရုရှားနိုင်ငံအနေဖြင့် အမေရိကန်ဒေါ်လာနှင့် ယူရိုငွေကြေးအသုံးပြုမှုတို့ကို အပြီးတိုင်စွန့်လွှတ်နိုင်မည်မဟုတ်ကြောင်း ရုရှားဘဏ်လုပ်ငန်းရှင်တစ်ဦးပြော
Pika (NSS) - စက်တင်ဘာ ၁၄
ရုရှားနိုင်ငံသည် အနောက်အုပ်စုနိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကြောင့် နိုင်ငံခြားကုန်သွယ်မှုများတွင် နိုင်ငံသုံး ငွေကြေးကို အသုံးပြုရန် ဦးစားပေးလုပ်ဆောင်နေသော်လည်း အနောက်အုပ်စုနိုင်ငံသုံးငွေကြေးများ အသုံးပြုမှုကို အပြီးတိုင်စွန့်လွှတ်နိုင်မည်မဟုတ်ကြောင်း ရုရှားဒုတိယအကြီးဆုံးဘဏ် VTB ၏ စီအီးအိုအန်ဒရေးကိုစတင် က ပြောကြားခဲ့သည်။
၎င်းက "အမေရိကန်ဒေါ်လာနဲ့ ယူရိုငွေကြေးတွေ အသုံးပြုမှုကို အပြီးတိုင်စွန့်လွှတ်နိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ အနောက်အုပ်စုနိုင်ငံတွေရဲ့ကုမ္ပဏီတွေနဲ့ ပို့ကုန်၊ သွင်းကုန်တွေမှာ ချိတ်ဆက်ဆောင်ရွက်မှုကို ကျွန်တော်တို့ဖက်က ဆန့်ကျင်တာမျိုးမရှိပါဘူး။ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ဖို့ သူတို့က ဆုံးဖြတ်ခဲ့တာပါ။ ကျွန်တော်တို့ဖက်ကတော့ အဲဒီလိုဆုံးဖြတ်ချက်မျိုး မချမှတ်ခဲ့ပါဘူး။ အခက်အခဲတွေရှိနေတဲ့ကြားက ကျွန်တော်တို့ ဟာ သဘာဝဓါတ်ငွေ့တွေနဲ့ အခြားကုန်စည်တွေကို ဆက်လက်ထောက်ပံ့နေတုန်းပါပဲ" ဟု ပြောခဲ့သည်။
အနောက်အုပ်စုနိုင်ငံများ၏ ဘဏ္ဍာရေးကန့်သတ်ချက်များနှင့်အတူ အမေရိကန်ဒေါ်လာ နှင့် ယူရိုတို့ဖြင့် ကုန်သွယ် မှုတွင် ပြဿနာများ စတင်ရှိလာခဲ့ပြီးနောက် ရုရှားအစိုးရသည် ကုန်သွယ်မှုများတွင် တရုတ်နိုင်ငံသုံး ယွမ်ငွေကြေး နှင့် အခြားရွေးချယ်စရာငွေကြေးများကို အသုံးပြုရန် လုပ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ လာမည့်အနာဂတ်တွင် အမေရိကန်ဒေါ်လာကို အစားထိုးနိုင်မည့် အလားအလာများ နည်းပါးသော်လည်း ရုရှားအစိုးရသည် အခြားငွေကြေးတစ်ခုဖြင့် ကုန်သွယ်အခြေချနိုင်မည့် တရားဝင်နိုင်ငံတကာအစီအစဉ်တစ်ခုကို လုပ်ဆောင်မည်ဟု ကတိပြုထားကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။
အမေရိကန်နိုင်ငံသည် ၎င်း၏ နိုင်ငံသုံးငွေကြေးကို လက်နက်တစ်ခုသဖွယ်အသုံးပြုလာခဲ့ခြင်းကြောင့် အမေရိကန်ဒေါ်လာ နှင့် ဆက်စပ်မှုမရှိသော ငွေပေးချေမှုစနစ်များကို ကမ္ဘာ့အသိုင်းအဝိုင်းက ပိုမိုစိတ်ဝင်စားလာခဲ့ကြောင်း ၎င်းက ထပ်မံပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ စက်တင်ဘာလ ၁၃ ရက်အတွင်းဖြစ်ပွားခဲ့သော မြန်မာ့နိုင်ငံရေးသတင်းများ နှင့် နိုင်ငံတကာက သတင်းများ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း