T-80 အမျိုးအစား တင့်ကားများကို ပြန်လည်ထုတ်လုပ်မည်ဖြစ်ကြောင်း ရုရှားအစိုးရပြော
Pika (NSS) - စက်တင်ဘာ ၁၁
ရုရှားအစိုးရသည် T-80 အမျိုးအစား တင့်ကားများ ထုတ်လုပ်မှုကို ပြန်လည်စတင်ရန်ပြင်ဆင်နေကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်များအတွင်း ရုရှားအစိုးရသည် ထုတ်လုပ်ပြီးသော T-80 အမျိုးအစား တင့်ကားများကို ခေတ်မှီအောင် ပြုပြင်ပြောင်းလဲမှုများလည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ယူကရိန်းအပေါ်ပြုလုပ်နေသော စစ်ဆင်ရေးများအတွင်း T-80 အမျိုးအစား တင့်ကားးများ၏ အရေးပါအရာရောက်မှုနှင့် အကျိုးသက်ရောက်မှုများကြောင့် ထုတ်လုပ်မှုများကို ပြန်လည်စတင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရုရှားအစိုးရက ပြောခဲ့သည်။
T-80 အမျိုးအစား တင့်ကားများ ထုတ်လုတ်မှုပြန်လည်စတင်မည့် ဆုံးဖြတ်ချက်ကို Uralvagonzavod Concern JSC (Rostec Group of Companies) ၏ အထွေထွေဒါရိုက်တာ Alexander Potapov က ထုတ်ပြန်ပြောကြားခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းက "T-80အမျိုးအစား တင့်ကားတွေ ထုတ်လုပ်မှု ပြန်လည်စတင်ဖို့အတွက် ကျွန်တော်တို့ဟာ စက်မှုနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနနဲ့ပူးပေါင်းပြီး လုပ်ဆောင်နေပါတယ်" ဟု ပြောခဲ့သည်။
T-80 အမျိုးအစားတင့်ကားကို Kirov plant ကုမ္ပဏီက ၁၉၆၈ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၁၉၇၆ ခုနှစ် ဩဂုတ်လ(၆)ရက်တွင် T-80 တင့်ကားကို ဆိုဗီယက်ပြည်ထောင်စုတွင် စတင်အသုံးပြုခဲ့ပြီး ဓါတ်ငွေ့သုံး တာဘိုင်အာဂျင် နှင့် anti-ballistic dynamic protection ပါဝင်သော ကမ္ဘာ့ပထမဆုံး တင့်ကားဖြစ်လာခဲ့ကြောင်း သိရသည်။
T-80 တင့်ကားသည် တိုက်ခိုက်ရေးစစ်ဆင်ရေးများ လုပ်ဆောင်ရန်၊ ရိုင်ဖယ်တပ်များကို ကာကွယ်ကာ ရန်သူများ၏ အကာအကွယ်များကို ချိုးဖောက်ဝင်ရောက်ရန်၊ သံချပ်ကာယာဉ်များ၊ လေကြောင်းပစ်မှတ်များကို ဖျက်ဆီးရန်အတွက် ဒီဇိုင်းထုတ်ထားခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် T-80 တင့်ကားကို အပူချိန်နိမ့်နေသော အခြေအနေများတွင်လည်း စစ်ဆင်ရေးများ လုပ်ဆောင်နိုင်ရန်အတွက် ပြုလုပ်ထားကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
G20 အဖွဲ့၏ ထုတ်ပြန်ကြေညာချက်က ရုရှားအစိုးရအတွက် အောင်ပွဲတစ်ခုမဟုတ်ကြောင်း ပြင်သစ်သမ္မတပြော
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ