G20 အဖွဲ့၏ ထုတ်ပြန်ကြေညာချက်က ရုရှားအစိုးရအတွက် အောင်ပွဲတစ်ခုမဟုတ်ကြောင်း ပြင်သစ်သမ္မတပြော
Pika (NSS) - စက်တင်ဘာ ၁၁
G20 အဖွဲ့သည် နိုင်ငံရေးပြဿနာများထက် နိုင်ငံတကာစီးပွားရေးကိုဖြေရှင်းရန်အတွက် ရည်ရွယ်ကာ တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ယူကရိန်းပဋိပက္ခနှင့်ပတ်သက်ပြီး သံတမန်ရေးအရ တိုးတက်မှုများကို မျှော်လင့်ရမည့် နေရာမဟုတ် ကြောင်း ပြင်သစ်သမ္မတမက်ခရွန်က ပြောကြားခဲ့သည်။
သို့သော်လည်း ယူကရိန်းပဋိပက္ခနှင့်ပတ်သက်ပြီး G20 အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များ၏ ထုတ်ပြန်ကြေညာချက် များသည် ရုရှားအတွက် သံတမန်ရေးရာအောင်ပွဲတစ်ခု မဟုတ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။
စက်တင်ဘာလ(၉)ရက်နေ့က ထုတ်ပြန်ခဲ့သောကြေညာချက်တွင် ယူကရိန်းပဋိပက္ခနှင့်ပတ်သက်ပြီး ရုရှားကို ပြစ်တင်ရှုတ်ချခြင်းကို ရှောင်ရှားခဲ့သော်လည်း စစ်ပွဲကြောင့် ပြည်သူများ၏ ဒုက္ခရောက်မှုများကို အလေးထားပြောဆိုထားကြောင်းလည်း သိရသည်။
ထို့အပြင် အင်အားသုံးကာ နယ်မြေသိမ်းပိုက်ခြင်းမျိုးမလုပ်ဆောင်ရန် အဖွဲ့ဝင်နိုင်ငံအားလုံးကို တောင်းဆိုခဲ့ ကြောင်း ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။ မက်ခရွန်က "အဖွဲ့ဝင်နိုင်ငံတွေဟာ ဒီပဋိပက္ခနဲ့ပတ်သက်ပြီး ရုရှားကို ပြစ်တင်ရှုတ်ချတာမျိုး မလုပ်ဆောင်ခဲ့ပေမယ့်လည်း ဒီစစ်ပွဲရဲ့အကျိုုးသက်ရောက်မှုတွေကိုတော့ ပြစ်တင် ရှုတ်ချခဲ့ကြပါတယ်" ဟု ပြောခဲ့သည်။
၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက် လူသောင်းချီသေဆုံးခဲ့ပြီး သန်းနှင့်ချီသော လူများ နေအိမ်စွန့်ခွာထွက်ပြေးခဲ့ရကာ ကမ္ဘာတစ်ဝန်းတွင် စီးပွားရေးမတည်ငြိမ်မှုများကို ဖြစ်ပွား စေခဲ့ကြောင်း သိရသည်။ ယူကရိန်းအပေါ် ကျူးကျော်တိုက်ခိုက်မှုများကို အထူးစစ်ဆင်ရေးတစ်ခုလုပ်ဆောင်နေခြင်းမျိုးသာဖြစ်ကြောင်း ရုရှားအစိုးရက ပြောဆိုခဲ့သည်။
ရုရှားသမ္မတပူတင်သည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကျင်းပသည့် G20 ထိပ်သီးအစည်းအဝေးကို လူကိုယ်တိုင် တက်ရောက်ခဲ့ခြင်းမျိုးမရှိဘဲ ၎င်းအစား ရုရှားကာကွယ်ရေးဝန်ကြီးဆာဂေးလာရော့ဗ်ကို ကိုယ်စားပြုတက်ရောက် ရန် စေလွှတ်ခဲ့ကြောင်းလည်း သိရသည်။ထို့ အပြင် စက်တင်ဘာလ(၉)ရက်က ထုတ်ပြန်ကြေညာခဲ့သော G20 အဖွဲ့၏ ထုတ်ပြန်ချက်သည် ဂုဏ်ယူစရာမဟုတ်ကြောင်း ယူကရိန်းအစိုးရက ဝေဖန်ခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ စက်တင်ဘာလ ၁၁ ရက်အတွင်းဖြစ်ပွားခဲ့သော မြန်မာ့ရေးရာများနဲ့ နိုင်ငံတကာက သတင်းထူးများ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ