တရုတ်နဲ့ဖြစ်လာနိုင်တဲ့ပဋိပက္ခတွေကြောင့် အနာဂတ်မှာ ဒရုန်းအစင်းရေထောင်ချီ ထုတ်လုပ်ဖြန့်ကြတ်ချနိုင်ဖို့ အမေရိကန်စစ်ဘက် ပြင်ဆင်နေ
ဂျန်ဇက် (NSS) - သြဂုတ် ၃ဝ
အမေရိကန်စစ်တပ်ဟာ အနာဂတ်မှာ တရုတ်နိုင်ငံနဲ့ အငြင်းပွားမှုတွေ၊ ပဋိပက္ခတွေဖြစ်လာနိုင်ချေနဲ့ပတ်သက်ပြီး ဒရုန်းနည်းပညာ ပိုမိုဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ပြီး ဒရုန်းအစင်းရေ ထောင်နဲ့ချီထုတ်လုပ်ဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။
အမေရိကန်ဟာ မောင်းသူမဲ့လေယာဉ်ကိုခေါ်ဆိုတဲ့ ဒရုန်းတွေကို ကုန်းမြေပေါ်မှာသာမက ရေပြင်နဲ့ ဝေဟင်တို့မှာလည်း ထိရောက်စွာအသုံးပြုဖို့ ရည်ရွယ်နေကြောင်း သိရပါတယ်။ အမေရိကန်စစ်ဌာနချုပ်ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒရုန်းတွေဟာ တရုတ်နိုင်ငံနဲ့ အနာဂတ်မှာဖြစ်လာနိုင်တဲ့ပဋိပက္ခတွေအတွက် အဓိက အခန်းကဏ္ဍကပါဝင်လာဖို့ ရည်ရွယ်နေကြောင်း ပြောပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ဒုတိယဝန်ကြီးတစ်ဦးဖြစ်တဲ့ ခါလန်ဟစ်က ဒရုန်းအစင်းရေပေါင်းထောင်ချီကို ဖြန့်ကြတ်ချထားဖို့ အစီအစဉ်တွေရှိနေကြောင်း ပြောပါတယ်။ အမေရိကန်စစ်ဘက်ဟာ လက်ရှိ ရှိနေတဲ့ ဒရုန်းတွေထက် ထိရောက်မှုအားကောင်းပြီး သေးငယ်ကာ ဈေးပေါမယ့် ဒရုန်းအမျိုးအစားအသစ်တွေ တည်ဆောက်ဖို့ လိုလားနေကြောင်း သိရပါတယ်။
အမေရိကန်ကာကွယ်ရေး ဒုတိယဝန်ကြီး ခါလန်ဟစ်က တရုတ်စစ်တပ်ဟာ အမေရိကန်စစ်တပ်ထက်တပ်ဖွဲ့ဝင်အရေအတွက် ပိုမိုများပြားပြီး စစ်သင်္ဘော၊ ဒုံးကျည်နဲ့ လူဦးရေလည်း ပိုမိုများပြားနေကြောင်း အဲဒီအချက်တွေကို ကျော်လွားနိုင်အောင် လုပ်ဆောင်ဖို့လိုအပ်ပြီး တီထွင်ဖန်တီးမှု အားကောင်းတဲ့ လက်နက်စနစ်အသစ်တွေ လိုအပ်ကြောင်းပြောပါတယ်။
တရုတ် နဲ့ အမေရိကန်တို့ဟာ ထိုင်ဝမ်အရေးအပြင် တောင်တရုတ်ပင်လယ်အရေးတို့နဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေဖြစ်ပွားလျက်ရှိနေသလို ကုန်သွယ်ရေးနဲ့ပတ်သက်ပြီး အပြန်အလှန်ဆက်ဆံရေးထိခိုက်မှုတွေရှိနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လိင်တူလက်ထပ်ပွဲကိုတက်ရောက်ခဲ့သော လိင်တူလိုလားသူလူပေါင်း(၁ဝဝ)ကျော်ကို နိုင်ဂျီးရီးယား ရဲတပ်ဖွဲ့ ဖမ်းဆီး
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ