အမြင့်ပေ(၂)သောင်းကျော် ပျံသန်းနိုင်သည့်ဒရုန်းအသစ်ကို အီရန်အစိုးရထုတ်ဖော်ပြသ
Pika (NSS) - သြဂုတ် ၂၃
အီရန်ကာကွယ်ရေးစက်မှုလုပ်ငန်းသည် ပြည်တွင်းတွင်ထုတ်လုပ်သည့် နောက်ဆုံးပေါ်ခေတ်မှီ ဒရုန်း Mojaher-10 ကို ထုတ်ဖော်ပြသခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့သည်။
အီရန်သမ္မတ Ebrahim Raisi တက်ရောက်ခဲ့သော တီဟီရန် မြို့တွင်ကျင်းပသည့်အခမ်းအနားတစ်ခုတွင် အဆိုပါ ဒရုန်းကို ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Mohajer-10 ဒရုန်းသည် လေထဲတွင် (၂၄)နာရီကြာနေနိုင် ပြီး အမြင့်ပေ(၂)သောင်းကျော်တွင် ပျံသန်းနိုင်ကြောင်း မီဒီယာများ၏ဖော်ပြချက်အရ သိရသည်။
အဆိုပါဒရုန်းသည် အလေးချိန်(၃ဝဝ)ကီလိုဂရမ်ရှိပြီး အီရန်၏ ယခင်ပုံစံတူ ဒရုန်း Mohajer-6 ထက် သုံးဆ ပိုလေးကြောင်း သိရသည်။ Mohajer-10 ဒရုန်းသည် အကွာအဝေး ကီလိုမီတာ (၂ဝဝဝ)ခန့်ထိ သွားလာနိုင်ကြောင်းလည်း သိရသည်။
အီရန်နိုင်ငံပိုင်မီဒီယာမှ ထုတ်ပြန်သည့်ဗီဒီယိုတစ်ခုတွင် အမေရိကန်ထုတ် MQ-9 Reaper ဒရုန်းများနှင့် ဆင်တူ သည့်ဒရုန်းကို ပြသထားကြောင်း သိရသည်။ ထို့အပြင် ဒရုန်းသည် လေပေါ်သို့လွှတ်တင်ပြီးနောက် ပြေးလမ်းပေါ်သို့ အောင်မြင်စွာပြန်လည်ဆင်းသက်နိုင်သည်ကိုလည်း မြင်တွေ့ခဲ့ရသည်။
အဆိုပါဒရုန်းသည် ဒုံးကျည်အမျိုးအစားများစွာ နှင့် ကိရိယာများကို သယ်ဆောာင်နိုင်ပြီး တောင်ပံတစ်ခုစီအောက် တွင် ဒုံးကျည်သုံးစင်းအထိ သယ်ဆောင်နိုင်ကြောင်း သိရသည်။ Mohajer-10 ဒရုန်းတွင် အီလက်ထရွန်းနစ် စစ်ဆင်ရေး နှင့် ထောက်လှမ်းရေးစနစ်များ တပ်ဆင်ထားပြီး တစ်နာရီလျှင်(၂၁ဝ)ကီလိုမီတာနှုန်းဖြင့် ပျံသန်းနိုင် ကြောင်း အီရန်မီဒီယာများ က ဖော်ပြခဲ့သည်။
အီရန်အစိုးရသည် ပဥ္စမမြောက်မျိုးဆက် ဒရုန်းများဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်လုပ်ဆောင်နေကြောင်း အီရန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ အဆိုပါပရောဂျက်တွင် ဒရုန်းများအတွက် သက်ဆိုင်ရာ ဆော့ဖ်ဝဲလ် နှင့် AI နည်းပညာများ တီထွင်ခြင်းတို့လည်း ပါဝင်ကြောင်း သိရသည်။
Hormuz ရေလက်ကြားတွင် အီရန် နှင့် အမေရိကန်နိုင်ငံကြား တင်းမာမှုများ မြင့်တက်နေချိန်တွင် အီရန်ဖက်က ယခုကဲ့သို့ ထုတ်ဖော်ပြောခဲ့ခြင်းဖြစ်သည်။ Hormuz ရေလက်ကြားကို ဖြတ်သန်းသွားလာသည့် ကုန်သွယ်ရေး လမ်းကြောင်းများတွင် လက်နက်ကိုင်တပ်ဖွဲ့ဝင်များချထားရန် အမေရိကန်စစ်တပ်က စဉ်းစားနေသည်ဟု သတင်းများထွက်ပေါ်နေချိန်တွင် အီရန်ဖက်က ယခုကဲ့သို့ နောက်ဆုံးပေါ်ဒရုန်းကို ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့စီးပွားရေးတိုးတက်မှုများအတွက် အဓိကအင်ဂျင်တစ်ခုဖြစ်ကြောင်း ဝန်ကြီးချုပ်မိုဒီ ချီးကျူးပြောဆို
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ