တရုတ်စစ်ဘက်က စွမ်းအားမြင့် လေဆာလက်နက်စနစ်ကို အောင်မြင်စွာ တီထွင်လုပ်ဆောင်နိုင်ခဲ့ဟုဆို
ဂျန်ဇက် (NSS) - သြဂုတ် ၁၃
တရုတ်စစ်ဖက် သိပ္ပံပညာရှင်တွေဟာ အပူချိန်လွန်ကဲမှုမရှိဘဲ ၎င်းတို့လုပ်ဆောင်လိုတဲ့အရာတွေကို ဟန့်တားနိုင်မှုတွေမရှိစေမယ့် စွမ်းအားမြင့် လေဆာကိုတည်ထွင်နိုင်ခဲ့ကြောင်း သိရပါတယ်။
တရုတ် Changsha ပြည်နယ်ရှိ ကာကွယ်ရေးတက္ကသိုလ်ရဲ့သိပ္ပံပညာရှင်တွေဟာ ဒီလအစောပိုင်းမှာ စွမ်းအားမြင့် လေဆာနဲ့ပတ်သက်တဲ့သုတေသနရလဒ်တွေကို ထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။ အပူလွန်ကဲမှုအပေါ် သက်ရောက်မှုမရှိစေမယ့် စွမ်းအင်မြင့်လေဆာများကို “အကန့်အသတ်မရှိ” လည်ပတ်နိုင်စေအောင် အအေးပေးစနစ်အသစ်ကို တီထွင်ထားတယ်လို့ တရုတ်စစ်ဘက်သိပ္ပံပညာရှင်တွေ က ပြောပါတယ်။
တရုတ်သိပ္ပံပညာရှင်တွေက "စွမ်းအားအမြင့်ဆုံး လေဆာစနစ်ရဲ့စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်စေဖို့ လုပ်ဆောင်နိုင်ခဲ့တယ်။ အအေးပေးစနစ်ဟာ လေဆာလက်နက်အတွင်းမှ အပူများကိုဖယ်ရှားဖို့ စီးဆင်းနေတဲ့ ဂတ်စ်တွေကို ထိန်းချုပ်နိုင်မှာပါ။ စွမ်းရည်မြင့် လေဆာစနစ်ရဲ့စွမ်းဆောင်ရည်ပိုင်းကို အတားအဆီးရှိစေမှာ မဟုတ် သလို တုန်ခါမှုတွေကိုလည်း တားဆီးကာကွယ်ပေးမှာပါ။ အကွာအဝေးတော်တော်များကို ရောက်ရှိနိုင်ပြီး ပစ်ခတ်မှု အားလည်းကောင်းမွန်စေတယ်" လို့ ပြောပါတယ်။
အမေရိကန်အစိုးရဟာ လေဆာလက်နက်စီမံကိန်းကို လုပ်ဆောင်ခဲ့ပေမယ့် စမ်းသပ်ရာမှာ မျှော်လင့်သလောက် ရလဒ်မကောင်းတဲ့အတွက် လေဆာလက်နက်ထုတ်လုပ်ရေးစီမံကိန်းကို ဖျက်သိမ်းခဲ့ရဖူးကြောင်း သိရပါတယ်။
ဒါပေမယ့် တရုတ်နိုင်ငံကတော့ လေဆာလက်နက်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းမှုတွေမှာ ယခင်ထက် ပိုမိုအောင်မြင် လာနေကြောင်း သိရပါတယ်။ တရုတ်နိုင်ငံဟာ ၎င်းတို့၏ နည်းပညာကို တရုတ်စစ်တပ်မှ ဖွံဖြိုးဆဲဖြစ်တဲ့ လေဆာ လက်နက်များစွာကို အသုံးပြုနေပြီး သုတေသနပြုမှုတွေကိုလည်း အရှိန်မြင့်လုပ်ဆောင်နေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဇူကာဘတ်နဲ့ အီတလီမှာ ထိုးသတ်မှာဖြစ်ပြီး ရရှိတဲ့ဝင်ငွေတွေကို ဆေးရုံတွေကို ပြန်လှူဒါန်းမယ်လို့ အီလွန်မတ် ထုတ်ဖော်ပြော
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ