Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဇူကာဘတ်နဲ့ အီတလီမှာ ထိုးသတ်မှာဖြစ်ပြီး ရရှိတဲ့ဝင်ငွေတွေကို ဆေးရုံတွေကို ပြန်လှူဒါန်းမယ်လို့ အီလွန်မတ် ထုတ်ဖော်ပြော

ဂျန်ဇက် (NSS) - ဩဂုတ် ၁၃

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့အီလွန်မတ်က ၎င်းနဲ့ ဇူကာဘတ်တို့ ယှဉ်ပြိုင်တိုက်ခိုက်မယ့်ပွဲစဉ်ကို အီတလီနိုင်ငံမှာ ကျင်းပဖွယ်ရှိနေကြောင်း ထုတ်ဖော်ပြောလိုက်ပါတယ်။

အီလွန်မတ်ဟာ Facebook တည်ထောင်သူ ဇူကာဘတ်နဲ့တိုက်ခိုက်မယ့်သတင်းတွေ အစောပိုင်းကတည်းက ထွက်ပေါ်ခဲ့ပေမယ့် လက်ရှိအချိန်အထိ တရားဝင်သဘောတူညီမှုမျိုး မရသေးကြောင်း သိရပါတယ်။

အီလွန်မတ်ကတော့ ဇူကာဘတ်နဲ့ တိုက်ခိုက်မယ့်ပွဲစဉ်ကို တွစ်တာလို့လူသိများတဲ့  X လူမှုကွန်ရက်ပလက်ဖောင်း မှာ ပြသပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ ဇူကာဘတ် နဲ့ အီလွန်မတ်တို့ ယှဉ်ပြိုင်ထိုးသတ်မယ့်ပွဲစဉ်ကို ရန်ပုံငွေ ရှာဖွေတဲ့ပုံစံမျိုး ကျင်းပဖို့ စီစဉ်နေတာဖြစ်ပြီး ပွဲစဉ်အမှန်တကယ်ဖြစ်လာမယ်ဆိုရင် ရန်ပုံငွေရှာဖွေပွဲ သမိုင်းမှာ ဝင်ငွေအများဆုံးရတဲ့ပွဲစဉ် ဖြစ်လာဖွယ်ရှိနေပါတယ်။ 

အီလွန်မတ်က "ကျွန်တော်ဟာ ဇူကာဘတ်နဲ့ ယှဉ်ပြိုင်ထိုးသတ်ဖြစ်မယ်ဆိုရင် အီတလီနိုင်ငံမှာ ကျင်းပနိုင်ဖို့ အီတလီဝန်ကြီးချုပ်အပြင် အီတလီကျန်းမာရေးဝန်ကြီးတို့နဲ့ တွေ့ဆုံဆွေးနွေးနေပါတယ်။ အီတလီဝန်ကြီးချုပ် ကလည်း လက်ခံသဘောတူညီထားတယ်" လို့ ပြောပါတယ်။ 


ဇူကာဘတ်ကလည်း "ကျွန်တော်ဟာ တိုက်ခိုက်ရေးပွဲတွေကို ချစ်ခင်မြတ်နိုးပါတယ်။ အီလွန်မတ် က ကျွန်တော်ကို စိန်ခေါ်ပြီးနောက်ပိုင်းကတည်းက သူနဲ့ထိုးသတ်ဖို့ အဆင်သင့်ရှိနေတယ်။ သူ့ဘက်က ထိုးသတ်မယ့်ရက်ကို အတိအကျသဘောတူညီမှုရခဲ့မယ်ဆိုရင် ကျွန်တော်ဘက်ကလည်း ထိုးသတ်နိုင်မယ့်ရက်ကို ပြန်ပြောမှာပါ" လို့ ပြောပါတယ်။

အီတလီယာဉ်ကျေးမှုရေးရာဝန်ကြီးက ၎င်းအနေနဲ့ အီလွန်မတ်နဲ့ဆွေးနွေးခဲ့ကြောင်း၊ သမိုင်းတစ်လျှောက် ဝင်ငွေ အများဆုံးရတဲ့ ရန်ပုံငွေပွဲမျိုးဖြစ်အောင် စီစဉ်ဖို့ ဆွေးနွေးခဲ့တာဖြစ်ပြီး ရောမမြို့မှာ ကျင်းပမှာ မဟုတ်ကြောင်း ပြောပါတယ်။ 

အီလွန်မတ်ဟာ ဇူကာဘတ် နဲ့ တိုက်ခိုက်မယ့်ပွဲစဉ်ကို ကမ္ဘာ့ရှေးဟောင်းအမွေနှစ်စာရင်းဝင်နေရာအဖြစ် သတ်မှတ် ခံထားရတဲ့ Colosseum မှာ ကျင်းပဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ အီတလီယာဉ်ကျေးမှုဝန်ကြီး Sangiuliano က "အီလွန်မတ်နဲ့ ဇူကာဘတ်တို့ ထိုးသတ်မယ့်ပွဲစဉ်က ဝင်ငွေအများဆုံး ရရှိဖွယ်ရှိနေပါတယ်။ ယူရို သန်းချီ ရဖွယ်ရှိနေတယ်။ ရရှိတဲ့ ဝင်ငွေတွေကို အီတလီနိုင်ငံရှိ ကလေးဆေးရုံ နှစ်ခုမှာ လှူဒါန်းသွားမှာဖြစ်ပါတယ်" လို့ ပြောပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဒေါ်လာဈေး၊ရွှေဈေး အပြောင်းအလဲမြန်နေတာကြောင့် အိမ်ခြံမြေ နှင့် ကားဈေးကွက်အတွင်း အရောင်းအဝယ် ရပ်တန့်နေ

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved