Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပြည်ပလုပ်သားစေလွှတ်ရေးအတွက် ထပ်မံအရေးယူခံရမည့် အေဂျင်စီ (၅၀) ထက်မနည်းရှိနေ

ယွန်း (NSS) - အောက်တိုဘာ ၂၃

ပြည်ပလုပ်သားစေလွှတ်ရေး ရပ်ဆိုင်းခံထားရသည့်အေဂျင်စီများကို သက်ဆိုင်ရာမှ ပြန်လည် ခွင့်ပြုထားသော်လည်း ထပ်မံအရေးယူခံရမည့် အေဂျင်စီ(၅၀)ထက်မနည်း ရှိနေကြောင်း ပြည်ပ အလုပ် အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်တစ်ဦးက NSS ကိုပြောသည်။


အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ထုတ်ပြန်ချက်အရ ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ (၁၅၀) နီးပါးကို အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေ အထောက်အထား မပြနိုင်သည့်အတွက် အရေးယူထားခဲ့ကြောင်း သိရသည်။

သို့သော်လက်ရှိတွင် မိသားစုလွှဲပို့ငွေကိစ္စနှင့်ပတ်သက်၍ အေဂျင်စီများ၏ တင်ပြမှုများအရ ဝန်ကြီးဌာနအနေဖြင့် ဖြေလျှော့မှုအချို့ပေးထားပြီး အရေးယူထားသည့် အေဂျင်စီ(၁၅၀)ကိုလည်း ယခင်အတိုင်း အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ခွင့်ပြုလိုက်ကြောင်း သိရသည်။

“အလုပ်သမားတွေနဲ့ ကျွန်တော်တို့ အေဂျင်စီတွေကြားမှာ မိသားစုလွှဲပို့ငွေကိစ္စက ထင်ယောင်  ထင်မှား ဖြစ်ပြီးတော့လွဲနေတာလည်းပါတယ်။ တချို့လူမှုကွန်ရက်တွေမှာရေးတာတွေ လည်းရှိတယ်လေ။ ဒီ (၂၅) ရာခိုင်နှုန်းက နစကကို ပေးရတယ်ဆိုပြီးရေးကြတယ်။ တကယ်တော့ အဲဒီလိုမဟုတ်ဘူး လေ။ တချို့တွေကျတော့လည်း ဘဏ်နဲ့လွှဲတာတွေလည်းရှိကြပါတယ်။ အပြင်ပေါက်ဈေးနဲ့ မိသားစုလွှဲ ပို့ငွေမကွာရင်တော့လည်း အကုန်လုံးက တရားဝင်ပဲလွှဲကြမှာပါ။ ပြီးခဲ့တဲ့လတုန်းက အေဂျင်စီတွေ စုပြီးတော့ အစည်းအဝေးလုပ်ပြီး ဖြေလျှော့ပေးဖို့ပြန်တင်ပြတယ်။ သူတို့ဘက်ကလည်း ဖြေလျှော့မှုလေး တွေလုပ်တယ်။ အဲဒီလိုဖြေလျှော့ လိုက်တဲ့အတွက် အေဂျင်စီတွေ အများကြီးပြန်ထွက် လာတယ်။ အရင် က ဆိုင်းငံ့ထားခံရတဲ့ အေဂျင်စီ (၁၅၀) လောက်ကိုလည်း ပြန်ပြီးတော့ခွင့်ပြုလိုက်တယ်”ဟု အထက်ပါ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်က ပြောသည်။

လက်ရှိတွင် အေဂျင်စီများအနေဖြင့် ယခု (၂၀၂၄) ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ (၄)လစာ မိသားစု လွှဲပို့ငွေအထောက်အထားများကို တင်ပြထားရပြီး ထိုသို့တင်ပြရာ၌ အထောက်အထား လုံးဝမပြနိုင်သည့် အေဂျင်စီ(၅၀)ကျော်ရှိနေကြောင်း သိရသည်။

“အေဂျင်စီတွေကို ပြန်လုပ်ကိုင်ခွင့်ပြုလိုက်ပေမယ့် အခုဆိုရင် (၄)လစာ မိသားစုလွှဲပို့ငွေကို တင်ပြထားရတယ်။ အဲဒီအထဲမှာ လုံးဝတင်ပြထားခြင်းမရှိတဲ့ အေဂျင်စီက (၅၀) ကျော်လောက်ရှိတယ်။ ကျန်တဲ့တင်ပြတဲ့အထဲမှာလည်း အရေအတွက် မပြည့်မီတဲ့အေဂျင်စီတွေကလည်း အများကြီးရှိတယ်။ အဲဒီတော့ အဲဒါတွေကလည်း စာရင်းတွေထွက်လာဦးမှာ။ အရေးယူခံရမယ့် အေဂျင်စီတွေထပ်ရှိဦးမှာ။ လောလောဆယ်(၅၀)လောက်ကတော့ သေချာနေပြီ။ အေဂျင်စီတွေအနေနဲ့လည်း အခုချိန်ကတော့ တော်တော်အခက်အခဲဖြစ်နေတာ”ဟု ၎င်းက ဆိုသည်။

ထို့ပြင် အေဂျင်စီများအနေဖြင့် မိသားစု လွှဲပို့ငွေအထောက်အထား ရာခိုင်နှုန်းမပြည့်ပါက အေဂျင်စီ ပိတ်သိမ်းခံရမည်ကို စိုးရိမ်သည့်အတွက် အမည်ခံငွေလွှဲကာ စာရင်းတင်ပြမှုများလည်း ရှိနေကြောင်း သိရသည်။ လက်ရှိတွင် ပြည်ပရောက်လုပ်သားများ၏ မိသားစုလွှဲပို့ငွေအထားကို ရာနှုန်းပြည့် တင်ပြရမည့်အစား (၄၀)ရာခိုင်နှုန်း အထက်သာတင်ပြရန် ဖြေလျှော့ထားသော်လည်း မလေးရှားနှင့် ထိုင်းနိုင်ငံတို့ရှိ အလုပ်သမားများထံမှ မိသားစုလွှဲပို့ငွေရရှိနိုင်ရန် အခက်အခဲများရှိနေကြောင်း သိရသည်။

“ မိသားစုလွှဲပို့ငွေမရရင် ကျွန်တော်တို့ကို အရေးယူမယ်ပဲတောက်လျှောက်ပြောနေတာ။ အေဂျင်စီ (၁၅၀)ကို ပြန်ပြီးတော့ခွင့်ပြုလိုက်တယ်ဆိုတာကလည်း ဂျပန်ပြနိုင်ရင် ဂျပန်ဖွင့်၊ မလေးရှား ပြနိုင်ရင် မလေးရှားဖွင့်၊ မပြနိုင်တဲ့နိုင်ငံကိုတော့ ပိတ်ပေါ့ဆိုပြီး အဲဒီလိုမျိုးတော့ရှိတယ်။ မလေးရှား တို့၊ ထိုင်းတို့ကျတော့လည်း တော်တော်လေးခက်ခဲတယ်။ အေဂျင်စီတွေတာင်းလည်း မပေးကြဘူး။ အဲဒီလို ကျတော့လည်း အေဂျင်စီတော်တော်များများက အလုပ်ရှာဖွေရေးအတွက်ကိုမလုပ်ရဘူး။ အဲဒါတွေ အတွက်ကိုပဲ စိုးရိမ်စိတ်တွေများနေရတယ် ” ဟု အထက်ပါ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်က ပြောသည်။

ပြီးခဲ့သည့် ဇွန်လ(၉)ရက်အထိ နိုင်ငံတစ်ဝန်း၌ လက်ရှိလုပ်ငန်း‌ဆောင်ရွက်နေသည့် အေဂျင်စီ (၅၆၁) ခုရှိကြောင်း အလုပ်သမားဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လက်ဘနွန်စစ်တပ်က အစ္စရေးရဲ့ကျူးကျော်မှုတွေကို ဘာကြောင့် မသိကျိုးကျွံပြုနေခဲ့ရသလဲ ....

RELATED POSTS
RECENT POSTS
သမိုင်းတစ်ခုကို ဖန်တီးနိုင်ခဲ့တယ်လို့ ဒေါ်နယ်ထရမ့်ပြော
06 Nov 2024
‘‘တောင်ခမ်း (သို့မဟုတ်) သူပုန်သင်္ချိုင်း ”
06 Nov 2024
ယွမ်ထိုက်ယွမ် (သို့မဟုတ်) မြန်မာ့မြေ၌ တရုတ်ကို ထောက်လှမ်းသည့် ထိုင်ဝမ်ထောက်လှမ်းရေး ဒုတိယဗိုလ်မှူးကြီး
06 Nov 2024
အမေရိကန်အစိုးရအသစ်နဲ့ ပြီးပြည့်စုံတဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို တည်ဆောက်သွားမယ်လို့ တောင်ကိုရီးယားအစိုးရပြော
06 Nov 2024
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ကာကွယ်ရေးဝန်ကြီးကို ရာထူးကနေထုတ်ပယ်
06 Nov 2024
ငွေလမ်းခင်းသော အမေရိကန်ရွေးကောက်ပွဲ အခင်းအကျင်းနှင့် နောက်ဆက်တွဲရလဒ်အပေါ် တိုးပွားလာသော စိုးရိမ်မှုများ
06 Nov 2024
ဖားကန့် တာမခန်၊ ဆယ်ဇင်း မီးလောင်ပြင်၌ အိမ်ပြန်ဆောက်ခွင့်မပြုဘဲ ကျောက်တူးရန် KIA စီစဉ်နေ
06 Nov 2024
Iron Man ဇာတ်ကောင်ကို AI နည်းပညာဖြင့် ပုံစံတူပြန်လည်ဖန်တီးခွင့်မပြုဟု သရုပ် ဆောင် ရောဘတ်ဒေါင်နီ ဂျူနီယာပြော
06 Nov 2024
နေပြည်တော်ကို တိုက်ခိုက်ရန် ဦးတည်လာသည့် Fixed Wing (၃)စင်းကို ကြားဖြတ်ဟန့်တားနိုင်ခဲ့
06 Nov 2024
လွိုင်လင်မြို့နယ်တွင် TOYOTA CROWN ကားပေါ်မှ ငွေကျပ်သိန်း(၈၄၀)တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
01 Nov 2024
စက်သုံးဆီထည့်ပြီး ငွေမပေးဘဲ မောင်းနှင်မည့်ကားကို တားဆီးသည့်ဝန်ထမ်း လက်နက်ငယ်ဖြင့် ပစ်ခတ်ခံရ
01 Nov 2024
မင်္ဂလာမရှိသော်လည်း လင်းတငှက်များကို သဘာဝပတ်ဝန်းကျင်အတွက် ရှင်သန်ခွင့်ပေးသင့်ကြောင်း အကြံပြု
01 Nov 2024
နိုင်ငံတည်ဆောက်ရေး နှင့် နိုင်ငံရေးပါတီများ
01 Nov 2024
၂၀၂၄-၂၀၂၅ ရာသီ ပရီးမီးယားလိဂ် ပွဲစဉ်(၁၀) ပွဲကြိုသုံးသပ်ချက်များ
01 Nov 2024
အရှည်ပေ (၂၅ဝ) ရှိတဲ့ ကမ္ဘာ့အကြီးဆုံး ဂျင်းဘောင်းဘီကို တရုတ်ကုမ္ပဏီတစ်ခု ထုတ်လုပ်
01 Nov 2024
ဆေးရုံတင်ထားစဉ် လူနာစောင့်အမျိုးသမီးကို တစ်ပတ်ရိုက်ပြီး ခိုးယူသွားသော (၉)ရက် သားအရွယ် ကလေးငယ်ကို ပြန်လည်တွေ့ရှိ
31 Oct 2024
ထိုင်ဝမ်မှာအင်အားပြင်းမုန်တိုင်းကြောင့် ကျွန်းအရှေ့ပိုင်းရှိ မြို့နဲ့ကောင်တီတွေရှိ လုပ်ငန်းတွေကို ပိတ်ထား
31 Oct 2024
အစ္စရေးက ဟစ္စဘိုလာအဖွဲ့ကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေပြီး အနည်းဆုံး (၁၉)ဦး ထပ်မံသေဆုံး
31 Oct 2024
“မိန်းမလှကျွန်း တိုးချဲ့တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော”အဖြစ် ဧက တစ်သောင်းနီးပါး တိုးချဲ့ရန် ကနဦးစီစဉ်နေ
31 Oct 2024
ခွေး(၃၈)‌ကောင်နှင့်အတူ တစ်ပြိုင်နက်လမ်းလျှောက်ခဲ့ပြီး ဂင်းနစ်စံချိန်ချိုးဖျက်ခဲ့တဲ့ ကနေဒါအမျိုးသား
31 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved