AI နည်းပညာကြောင့် အလုပ်သမားများ၏ အနာဂတ် ပိုမိုမရေမရာဖြစ်လာနေ
Pika (NSS) - သြဂုတ် ၄
အသက်မွေးဝမ်းကြောင်းလုပ်ငန်းများကို ထိခိုက်စေနိုင်သည့် (AI)နည်းပညာကြောင့် အလုပ်သမားများကြားတွင် အလုပ်မရှိတော့မည်ကို စိုးရိမ်မှုများမြင့်တက်နေပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများလည်း ပိုမိုဖြစ်ပွားလာကြောင်း သိရသည်။
၂ဝ၂၂ ခုနှစ် နိုဝင်ဘာလတွင် စတင်မိတ်ဆက်ခဲ့သော ChatGPT ၏ (AI)နည်းပညာကို လုပ်ငန်းခွင်များတွင် စတင် အသုံးပြုလာခဲ့ပြီးနောက် ယခုကဲ့သို့ဖြစ်ရပ်များဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ နယူးယောက်မြို့ရှိ စိတ်ကုထုံးပညာရှင် Clare Gustavsson က "ဒီလိုနည်းပညာအသစ်မျိုးက စိုးရိမ်ပူပန်မှုတွေကို ဖြစ်စေပါတယ်။ ကျွန်တော့်လူနာတွေက AI နဲ့ပတ်သက်တဲ့ စိုးရိမ်ပူပန်မှုတွေကို ဖွင့်ဟပြောကြားခဲ့ကြပါတယ်။
AI နည်းပညာကြီးထွားလာမှုက ပိုမိုလျင်မြန်လာပါတယ်။ ဥပဒေလက်ထောက်တွေ၊ ပရိုဂရမ်မာတွေ၊ စာရင်းကိုင် တွေ နဲ့ ဘဏ္ဍာရေးအကြံပေးတွေဟာ AI နည်းပညာတိုးတက်လာမှုရဲ့ခြိမ်းခြောက်မှုတွေကို ခံနေရတဲ့ အသက်မွေး ဝမ်းကြောင်းလုပ်ငန်းတွေပဲဖြစ်ပါတယ်။ AI နည်းပညာဟာ ကွန်ပြူတာကုဒ်တွေ၊ သတင်းထုတ်ပြန်တာတွေ (သို့မဟုတ်) လူသားတွေလုပ်နိုင်တဲ့ဟာမျိုးတွေကို လျင်မြန်စွာဖန်တီးပေးနိုင်တဲ့ နည်းပညာတစ်ခုပါပဲ" ဟု ပြောခဲ့ သည်။
အဆိုပါ AIနည်းပညာကို အသုံးပြုခွင့်ပိတ်ပင်ခြင်းများ မလုပ်ဆောင်ပါက အလုပ်အကိုင် သန်း(၃ဝဝ)ကျော် ပျက်စီး သွားမည့်အကျိုးသက်ရောက်မှုများကို တွေ့မြင်ရမည်ဖြစ်ကြောင်း Goldman Sachs ကုမ္ပဏီ မှ ခွဲခြမ်းစိတ်ဖြာသူ များ က ပြောကြားခဲ့သည်။
ဘဏ်တစ်ခုတွင် အလုပ်လုပ်ကိုင်နေသူတစ်ဦးက "လာမယ့်(၁ဝ)နှစ်အတွင်းမှာ ကျွန်တော့်ရဲ့ အလုပ်က ရှိမှာ မဟုတ်တော့ပါဘူး။ ကျွန်တော် အသက်မွေးဝမ်းကြောင်းအလုပ်ကို ပြောင်းဖို့ စီစဉ်နေပါတယ်။ ကျွန်တော် အလုပ် လုပ်တဲ့ဘဏ်က AI နည်းပညာအသုံးပြုမှုကို ပိုမိုတိုးချဲ့လုပ်ဆောင်နေပါတယ်" ဟု ပြောခဲ့သည်။
နယူးယောက်မြို့ရှိ စိတ်ကုထုံးပညာရှင် Clare Gustavsson က "ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားထုတ်လုပ်ရေးတွေမှာ AI နည်းပညာတွေကို အသုံးပြုလာတာနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်နေတာကို ဖျော်ဖြေရေးပညာရှင်တစ်ဦးက ဖွင့်ဟ ပြောခဲ့ပါတယ်။ ဒါဟာ ရုပ်ရှင်သရုပ်ဆောင်တွေ နဲ့ ဇာတ်ညွှန်းရေးသူတွေရဲ့အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေကို ခြိမ်းခြောက်မှုတစ်ခုဖြစ်လာခဲ့ပါတယ်"ဟု ပြောခဲ့သည်။
ထို့အပြင် အဆိုပါ AI နည်းပညာအား ၎င်း၏ လူနာများအတွက် အကျိုးရှိအောင် အသုံးပြုမည့်နည်းလမ်းများကို ပြောပြပေးနိုင်ရန် ကြိုးပမ်းနေကြောင်း Clare Gustavsson က ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နောင်ချိုမြို့၌ အိမ်စီးကားမှ တစ်ဖက်ယာဉ်ကြောရှိ ခရီးသည်တင်ကားအား တိုက်မိရာ (၈)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိ
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ