နောင်ချိုမြို့၌ အိမ်စီးကားမှ တစ်ဖက်ယာဉ်ကြောရှိ ခရီးသည်တင်ကားအား တိုက်မိရာ (၈)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိ
စော(NSS) - ဩဂုတ်၄
ရှမ်းပြည်နယ်၊ နောင်ချိုမြို့တွင် အိမ်စီးကားတစ်စီးမှ တစ်ဖက်ယာဉ်ကြောရှိ ကားအားတိုက်မိရာ (၈)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဩဂုတ်လ ၄ ရက်)၊ နေ့လည်(၂)နာရီခွဲဝန်းကျင်အချိန်တွင် နောင်ချိုမြို့၊ မန္တလေး-လားရှိုးကားလမ်း၊ ကျောက်ကြမ်းကျေးရွာနှင့် အုမ္မခါးကျေးရွာကြား၊ မိုင်တိုင်အမှတ်(၇၀/၂)နှင့် (၇၀/၃)ကြား၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
နောင်ချိုဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသော အနက်ရောင် Wish ကားသည် မန္တလေးဘက်မှ နောင်ချိုဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ကားအား မျက်နှာချင်းဆိုင် ဝင်တိုက်မိခြင်းဖြစ် ကြောင်း သိရသည်။
အဆိုပါ Wish ကားသည် ၎င်းရှေ့ရှိ(၁၂)ဘီး ကုန်တင်ကားအား ကျော်တက်ပြီး တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ ခရီးသည်ယာဉ်အား တိုက်မိခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် Wish ကားပေါ်တွင် လိုက်ပါလာသည့် အမျိုးသား (၂)ဦး၊ အမျိုးသမီး (၂)ဦးနှင့် ခရီးသည်တင်ယာဉ်ပေါ်လိုက်ပါလာသည့် အမျိုးသား (၃)ဦး၊ အမျိုးသမီး(၁)ဦး စုစုပေါင်း(၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြကြောင်း သိရသည်။
အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများကို နောင်ချိုပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားပြီး စိုးရိမ်ရအခြေအနေတွင် မရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျပန်တွင် ကျင်းပခဲ့သည့် (၂၄)ကြိမ်မြောက် International High School Art Festival Awards တွင် မြန်မာနိုင်ငံမှ ကျောင်းသူ ဆုရရှိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း