ဂျပန်တွင် ကျင်းပခဲ့သည့် (၂၄)ကြိမ်မြောက် International High School Art Festival Awards တွင် မြန်မာနိုင်ငံမှ ကျောင်းသူ ဆုရရှိ
စော(NSS) - ဩဂုတ် ၄
ဂျပန်နိုင်ငံတွင် ကျင်းပခဲ့သည့် (၂၄)ကြိမ်မြောက် International High School Art Festival Awards တွင် မြန်မာနိုင်ငံမှ Grade 10 ကျောင်းသူတစ်ဦးဆုရရှိခဲ့ကြောင်း သိရသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယနေ့(ဩဂုတ်လ ၄ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထားခြင်းဖြစ် သည်။
အဆိုပါ ပြိုင်ပွဲ၏ ဆုပေးပွဲအခမ်းအနားကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ The Ritz-Carlton Hotel ၌ ပြီးခဲ့သည့် ဩဂုတ်လ (၂)ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို ဂျပန်နိုင်ငံနှင့် နိုင်ငံပေါင်း(၁၇)နိုင်ငံမှ ဆုရရှိခဲ့သော ကျောင်းသား၊ကျောင်းသူများအပါအဝင် တိုကျိုမြို့ရှိ သံရုံးအသီးသီးမှ သံရုံးအကြီးအကဲများ၊ သံတမန်များနှင့် မြန်မာသံအမတ်ကြီး ဦးစိုးဟန်လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
International High School Arts Festival Awards သည် နှစ်စဉ်ကျင်းပလျက်ရှိသည့် အစီအစဉ် တစ်ခုဖြစ်ပြီး ယခုကျင်းပသည့် အခမ်းအနားသည် (၂၄)ကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် ပန်းချီကဏ္ဍ၌ ပဲခူးတိုင်း၊ ဝေါမြို့မှ အခြေခံပညာအထက်တန်းကျောင်း (Grade -10)မှ ကျောင်းသူ မအိသက်ဇော်က ဆုရရှိခဲ့ကြောင်း သိရသည်။
သံအမတ်ကြီး ဦးစိုးဟန်မှ အဆိုပါကျောင်းသူအား Special Prize to the International Artists ဆုကို (IFAC) ကိုယ်စားပေးအပ်ခဲ့ပါကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းစားသုံးမှုများသည့် ဆန်များကို သက်သာသောဈေးနှုန်းဖြင့် ရန်ကုန်မြို့ရှိ နေရာနှစ်ခု၌ ရောင်းချပေးမည်
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း