ပြည်တွင်းစားသုံးမှုများသည့် ဆန်များကို သက်သာသောဈေးနှုန်းဖြင့် ရန်ကုန်မြို့ရှိ နေရာနှစ်ခု၌ ရောင်းချပေးမည်
ယွန်း (NSS) - သြဂုတ် ၄
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) နှင့် Exporter ကုမ္ပဏီများ၏ ပူးပေါင်းမှုဖြင့် ပြည်တွင်းစားသုံးမှုများသည့် ဆန်များကို သက်သာသောဈေးနှုန်းဖြင့် ရန်ကုန်မြို့ရှိ နေရာနှစ်ခု၌ ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ယနေ့ (သြဂုတ် ၄ ရက်) တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
ဆန်စပါးဈေးနှုန်း တည်ငြိမ်စေရေးအတွက် ပြည်တွင်းစားသုံးမှုများသည့် ဆန်များကို လာမည့် သြဂုတ်လ(၇)ရက်မှ စတင်၍ ဝါးတန်းလမ်းရှိ ဆန်စပါးကုန်စည်ဒိုင်၊ ဘုရင့်နောင်ရှိ ဆန်စပါးကုန်စည်ဒိုင်များတွင် ရောင်းချပေးသွားမည် ဖြစ်ကြောင်း MRF မှ ထုတ်ပြန် ထားသည်။
ထိုသို့ ရောင်းချပေးရာ၌ ရွှေဘိုပေါ်ဆန်းမွှေးဆန်တစ်အိတ်လျှင် ငွေကျပ်(၁၁ဝဝဝဝ)ကျပ်နှင့် (၁၂ဝဝဝဝ)ကျပ်၊ ဧရာဝတီပေါ်ဆန်းမွှေးတစ် အိတ်လျှင် ငွေကျပ်(၉၄ဝဝဝ)ကျပ်နှင့် (၉၇ဝဝဝ)ကျပ်၊ ဧည့်မထ (၁ဝ ရာခိုင်နှုန်း) စားဆန်များတစ်အိတ်လျှင် (၆၅ဝဝဝ)ကျပ် နှင့် ဧည့်မထ(၂၅ ရာခိုင်နှုန်း) စားဆန်တစ်အိတ်လျှင် (၆ဝဝဝဝ) ကျပ် ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအစီအစဥ်အရ ဝယ်ယူလိုသူများသည် နိုင်ငံသားစိစစ်ရေးကတ်ပြားတင်ပြရမည်ဖြစ်ပြီး ကတ်ပြားတစ်ခုလျှင် တစ်လအတွက် ပေါ်ဆန်းအမျိုးအစား ဆန်အိတ်(၁)အိတ် နှင့် ဧည့်မထ အမျိုးအစား ဆန်အိတ်(၁)အိတ်တို့ကို လွတ်လပ်စွာဝယ်ယူနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စက်ရုံအလုပ်ရုံ ကုမ္ပဏီဝန်ထမ်းများအနေဖြင့် သက်ဆိုင်ရာ ဌာန/စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီမှ တင်ပြစာများဖြင့် Email: admin@mrf.com.mm သို့ ပေးပို့ဆက်သွယ်ဝယ်ယူနိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် အရန်ဆန်အိတ် (၅ဝဝဝဝ)ကိုလည်း တစ်အိတ်လျှင် (၆ဝဝဝဝ) ကျပ်နှုန်း ထက်မပိုသော ဈေးနှုန်းများဖြင့် ရောင်းချပေးနိုင်ရေးကို စီစဥ်နေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ သြဂုတ်လ ၄ ရက်အတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့် ပြည်ပက ထူးခြားသတင်းများ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း