မိုဘိုင်းစနစ်သုံးအင်တာနက်ကို မြန်မာနိုင်ငံလူဦးရေ၏ (၉၀)ရာခိုင်နှုန်းတွင် လွှမ်းခြုံအသုံးပြုနိုင်ပြီဟု ဒုဝန်ကြီးချုပ်ဆို
မျိုးကြီး (NSS) - ဇူလိုင် ၂၉
မိုဘိုင်းစနစ်သုံးအင်တာနက်ကို မြန်မာနိုင်ငံလူဦးရေ၏ (၉၀)ရာခိုင်နှုန်းတွင် လွှမ်းခြုံအသုံးပြုနိုင်ပြီဖြစ် ကြောင်း ဒုဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောသည်။
၎င်းက ယမန်နေ့(ဇူလိုင်လ ၂၈ ရက်)တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ပြုလုပ်သော ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီအစည်းအဝေးတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့နိုင်ငံအသီးသီး၌ Digital Transformation ဟုခေါ်သည့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းလုပ်ငန်းစဉ်များကို ဦးစားပေးကာ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိနေကြသည်။
မြန်မာနိုင်ငံတွင် မိုဘိုင်းစနစ်သုံး မြန်နှုန်းမြင့် အင်တာနက်အနေဖြင့် နိုင်ငံ့လူဦးရေ၏ (၉၀)ရာခိုင်နှုန်းကို လွှမ်းခြုံနိုင်ပြီဖြစ်သော်လည်း Fixed Broad Band အား သုံးစွဲသူသည် ၁ ဒသမ ၆ သန်းခန့်သာရှိကြောင်း ဒုတိယဝန်ကြီးဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောသည်။
ထို့ကြောင့် မြန်နှုန်းမြင့်ဖိုင်ဘာအင်တာနက်ကို မြို့ကြီးများသာမက ကျေးလက်ဒေသအထိပါ လက်လှမ်းမီအသုံးပြုသွားနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရမည်ဟု ၎င်းက ထပ်မံပြောသည်။
ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကမှ ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်လျက်ရှိသည်။
ထို့ပြင် MSME လုပ်ငန်းများအနေဖြင့် အင်တာနက်ကို အကျိုးရှိစွာ အသုံးပြုကာ ဝန်ဆောင်မှု၊ ထုတ်ကုန်များကို ဝက်ဘ်ဆိုဒ်များမှတစ်ဆင့် ကြော်ငြာကာ ဈေးကွက်ရှာဖွေခြင်း၊ ငွေပေးချေခြင်းများကို ဆောင်ရွက်သင့်ကြောင်းလည်း ဗိုလ်ချုပ်ကြီးတင်အောင်စန်းက အကြံပြုထားသည်။
ဒီဂျစ်တယ်စီးပွားရေး၏ အဓိကဖြစ်သည့် Digital Trade နှင့် e-Commerce ကို အကောင်အထည်ဖော်ရာတွင်လည်း မလိုလားအပ်သည့် ဖြစ်ရပ်များကို တားဆီးနိုင်ရေး ဥပဒေဖြင့် ထိန်းကျောင်းရန် e-Commerce Law ကို ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်က ထိုင်ဝမ်အတွက် အမေရိကန် ဒေါ်လာ (၃၄၅)သန်းရှိ စစ်ဘက်ဆိုင်ရာ အကူအညီပေးမည်
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ