အမေရိကန်က ထိုင်ဝမ်အတွက် အမေရိကန် ဒေါ်လာ (၃၄၅)သန်းရှိ စစ်ဘက်ဆိုင်ရာ အကူအညီပေးမည်
ရောင်နီ (NSS) - ဇူလိုင် ၂၉
အမေရိကန်က ထိုင်ဝမ်အတွက် အမေရိကန် ဒေါ်လာ ၃၄၅ သန်းတန် စစ်ရေးအကူအညီ ထောက်ပံ့ပေးသွားမယ်လို့ သောကြာနေ့ (ဇူလိုင်လ ၂၈ ရက်)မှာ ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါအကူအညီတွင် ကာကွယ်ရေးအတွက် စစ်ရေးနဲ့ လေ့ကျင့်ရေး အကူအညီတွေ ပါဝင်မယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ချက်မှာပြောကြားခဲ့ပါတယ်။ အမေရိကန်က ထောက်ပံ့မယ့် လက်နက်ကိရိယာတွေအကြောင်း အသေးစိတ် မဖော်ပြထားပေမယ့် သယ်ဆောင်ရလွယ်ကူတဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ၊ လက်နက်ခဲယမ်းအသေးစားတွေနဲ့ ထောက်လှမ်းရေးပစ္စည်းတွေ ပါဝင်မယ်လို့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး မီဒီယာတွေက ပြောပါတယ်။
အဆိုပါ ကြေညာချက်ကို ထိုင်ဝမ်နဲ့ ဒီမိုကရေစီနည်းကျ ပြန်လည်ပေါင်းစည်းမယ်လို့ ကတိပြုထားတဲ့ တရုတ်က ချက်ခြင်းပြစ်တင်ရှုတ်ချခဲ့ပါတယ်။ အမေရိကန်၊ မြို့တော် ဝါရှင်တန်ရှိ တရုတ်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူ လျူပင်ယူက အမေရိကန် အနေနဲ့ ထိုင်ဝမ်ကို လက်နက်ရောင်းချခြင်းတွေ ရပ်တန့်သင့်ပြီး ထိုင်ဝမ်ရေလက်ကြားမှာ တင်းမာမှုတွေ ဖြစ်ပေါ်လာနိုင်တဲ့ အကြောင်းရင်းအသစ်တွေ ဖန်တီးနေခြင်းကို ရပ်တန့်လိုက်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။ ဇူလိုင်လ အစောပိုင်းက တရုတ်နိုင်ငံဟာ ထိုင်ဝမ်အနီးတစ်ဝိုက်မှာ ယခုနှစ်အတွင်း ဒုတိယအကြိမ် စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ပြီး ဒါဇင်နဲ့ချီတဲ့ စစ် သင်္ဘောတွေ၊ လေယာဉ်တွေဟာ ထိုင်ဝမ်ကမ်းရိုးတန်းအနီးထိ ရောက်ရှိခဲ့ပါတယ်။
အမေရိကန်ဟာ ထိုင်ဝမ်ရဲ့ ကာကွယ်ရေးစနစ်ကို မြှင့်တင်ဖို့ ကြိုးပမ်းနေပြီး ပြီးခဲ့တဲ့ နှစ်တွေအတွင်း ထိုင်ဝမ်အတွက် ၂၀၂၆ ခုနှစ်မှာ F-16 တိုက်လေယာဉ် ၆၆ စင်း အကူအညီပေးဖို့ ရည်ရွယ်တဲ့ ဒေါ်လာ ၈ ဘီလျံတန် သဘောတူညီချက်အပါအဝင် ဒေါ်လာဘီလျံနဲ့ချီတဲ့ စစ်ရေးအကူအညီတွေကို အတည်ပြုခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘီယာဆိုင်ထိုင်နေသည့် လူငယ်(၃)ဦးကို လူ(၈)ဦးပါသောအဖွဲ့က ဓားဖြင့်ဝင်ခုတ်မှု မန္တလေး၌ဖြစ်ပွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ