Netflix က Password မျှဝေသုံးစွဲမှုကို ပိတ်ပင်လိုက်ပြီးနောက် subscribe လုပ်သူ (၆)သန်းနီးပါးတိုးလာကြောင်းပြော
ရောင်နီ (NSS) - ဇူလိုင် ၂၃
Netflix က အကောင့် password မျှဝေသုံစွဲခြင်းကို ပိတ်ပင်လိုက်ပြီးနောက် subscribe လုပ်သူ အသစ် ခြောက်သန်းနီးပါး ထပ်တိုးလာကြောင်း ဗုဒ္ဓဟူးနေ့ (ဇူလိုင်လ ၁၉ ရက်) မှာ ကြေညာခဲ့ပါတယ်။
ကုမ္ပဏီဟာ အကောင့်မျှဝေ သုံးစွဲနိုင်မှု ပိတ်ပင်လိုက်တဲ့ အချိန်ကစပြီး ဗုဒ္ဓဟူးနေ့(ဇူလိုင်လ ၁၉ ရက်) အထိ subscribe လုပ်သူ ၂၃၈ သန်းထိရှိလာခဲ့ပြီး အရင်ကထက် ၅.၉ သန်း တိုးလာကြောင်း ပြောကြားခဲ့ပါတယ်။ ဧပြီလမှ ဇွန်လထိ သုံးလပတ်အတွင်း အမြတ်ငွေ ဒေါ်လာ ၁.၅ ဘီလျံ ရရှိခဲ့ကြောင်း Netflix မှ ပြောကြားခဲ့ပြီး ယခုနှစ် ဒုတိယနှစ်ဝက်မှာ ဝင်ငွေ အရှိန်မြှင့်လာဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ စာရင်းသွင်းသူအသစ် ၁.၇၅ သန်းခန့်ကို အမြတ် ဒေါ်လာ ၁.၃၁ ဘီလျံရရှိကြောင်း ဖော်ပြခဲ့ခြင်းကြောင့် အဆိုပါ ကိန်းဂဏန်းတွေဟာ Netflix ရဲ့ ဓနဥစ္စာများ တိုးတက်မှုကို ဖော်ပြနေပါတယ်။
"ကျွန်ုပ်တို့ အနေနဲ့ အခုနှစ်အတွင်း တည်ငြိမ်တဲ့ တိုးတက်မှု တစ်ခု လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်ပေမယ့် ကျွန်ုပ်တို့ရဲ့ တိုးတက်မှုပြန်အရှိန်မြှင့်လုပ်ဆောင်ဖို့ နောက်ထပ်လုပ်ဆောင်စရာတွေ ရှိနေသေးတယ်" လို့ ကုမ္ပဏီက ရှယ်ယာရှင်တွေကို သုံးလတစ်ကြိမ် ပေးပို့တဲ့ စာတစ်စောင်မှာ ပြောကြားခဲ့ပါတယ်။
Netflix ဟာ ၂၀၂၂ ခုနှစ်၊ ပထမခြောက်လအတွင်း subscribe လုပ်သူ ၁.၂ သန်းနီးပါး ဆုံးရှုံးခဲ့ရပြီးနောက် စျေးကွက်ဝေစုပြန်လည်ရရှိဖို့ ရုန်းကန်ခဲ့ရသလို အခုလည်းပဲ Netflix ဟာ ဟောလိဝုဒ်သရုပ် ဆောင်၊ စာရေးဆရာတွေရဲ့ သပိတ်မှောက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ရင်းနှီးမြုပ်နှံသူတွေကတော့ subscribe လုပ်သူတွေ မြင့်တက်လာခဲ့ပေမယ့် Netflix ရဲ့ အလားအလာနဲ့ ပတ်သက်၍ မကျေနပ်ကြောင်း ဗုဒ္ဓဟူးနေ့(ဇူလိုင်လ ၁၉ ရက်) မှာ အချက်ပြခဲ့ပြီး ကုမ္ပဏီကြီးရဲ့ ရှယ်ယာတွေဟာလည်း ၈ ရာခိုင်နှုန်း ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံက မြန်မာနိုင်ငံရှိ မိုခါမုန်တိုင်းဒဏ်ခံရသူတွေအတွက် တန်ချိန် (၁၉၀)ရှိ လူသားချင်းဆိုင်ရာအကူအညီများထပ်မံကူညီ
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ